ရသေ့တောင်မြို့နယ် စေတီပြင်နှင့် တိုင်းရင်းသားရွာများ လုံခြုံရေးအခြေအနေကို ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောလာရောက်စီမံ

ရသေ့တောင်မြို့ နယ် စေတီပြင်နှင့် အနီးရှိ တိုင်းရင်းသားကျေးရွာများ၏လုံခြုံရေးအ ခြေအနေကိုကာကွယ်ရေးဝန်ကြီး ဌာန အမှတ်(၃)စစ်ဆင်ရေးအထူး အဖွဲ့မှူး(ကစထမှူး)ဒုတိယဗိုလ် ချုပ်ကြီးအောင်ကျော်ဇောလာ ရောက်စီမံပေးကြောင်း စေတီ ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦး မောင်အေးတင်က ပြောသည်။ 

လက်ရှိ မောင်တောခရိုင် ရသေ့တောင်မြို့နယ်အတွင်း ဖြစ် ပွားခဲ့သည့်အကြမ်းဖက်မှုဖြစ်စဉ် များနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လုံခြုံရေးအစည်းအဝေးကျင်းပခဲ့ သည့် သြဂုတ် ၇ ရက်က ရသေ့ တောင်မြို့နယ်စေတီပြင်ကျေးရွာ သို့ ဒုတိယဗိုလ်ချုပ်ကြီး အောင် ကျော်ဇောလာရောက်ခဲ့ခြင်းဖြစ် သည်။ 

‘‘အဓိက ကတော့ လုံခြုံရေး အဖွဲ့တွေနဲ့တွေ့တယ်။ ကျေးရွာ တွေမှာ လုံခြုံရေးစီမံထားတာတွေ ကို စစ်ဆေးခဲ့တယ်’’ဟု စေတီပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင် အေးတင်က ဆိုသည်။ 

 ရသေ့တောင် မြို့နယ် အောက်နန်းရာ(ဘင်္ဂါလီ)ကျေး ရွာ၌ အကြမ်းဖက်သမားများအား ငွေကြေးထောက်ပံ့နေသူအချို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သြ ဂုတ် ၄ ရက်တွင် သွားရောက် ဖမ်းဆီးစဉ် ဘင်္ဂါလီခြောက်ရာခန့် က ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည်။ 

အဆိုပါ ဖြစ်စဉ်ကြောင့် အောက်နန်းရာကျေးရွာအနီးရှိ တိုင်းရင်းသားကျေးရွာအချို့မှ ရခိုင်အပါအဝင် ရာချီသောလူ နည်းစုတိုင်းရင်းသားများသည် စေတီပြင်ကျေးရွာသို့ ဝင်ရောက် ခိုလှုံခဲ့သည်။ 

ယင်းသို့ စေတီပြင်ကျေးရွာ သို့ ဝင်ရောက်ခိုလှုံသူမိသားစု ဝင်များကို ၎င်းတို့ကျေးရွာတွင် လုံခြုံရေးအစီအမံများ ဆောင် ရွက်ပေးမည်ဟု အမှတ်(၁)နယ် ခြားစောင့်ရဲ ကွပ်ကဲရေးမှူး ရဲမှူး ချုပ် သူရစန်းလွင်က ပြောကြား သဖြင့် မိသားစုဝင်အချို့ မူရင်းကျေးရွာများသို့ ပြန်နေကြပြီဖြစ် ကြောင်း သတင်းရရှိသည်။

Top News