မူဆယ်-လားရှိုးလမ်း၌ ဖောက်ခွဲရေးပစ္စည်းအချို့ သယ်ဆောင်လာသော ကားတစ်စီးကို ဖမ်းမိ

 ပြည်ထောင်စုလမ်းမကြီး မူဆယ်-လားရှိုးလမ်းပိုင်းတွင် ဖောက်ခွဲရေးပစ္စည်းအချို့ သယ် ဆောင်လာသော  အိမ်စီးကားတစ် စီးကို   ဖမ်းမိကာစစ်ဆေးနေ ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မူဆယ်-လားရှိုးလမ်းအ တိုင်း မောင်းနှင်လာသော အိမ်စီး ကားတစ်စီးကို ရေပူစစ်ဆေးရေး ဂိတ်တွင် ဩဂုတ် ၈ ရက် နံနက် က တားဆီးစစ်ဆေးစဉ် ဖောက်ခွဲ ရေးလုပ်ငန်းများ၌ သုံးသော ယမ်း တုံးများ ဖမ်းမိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ (လားရှိုး) ဒုတိယ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။

‘‘ကွင်းဆက်တွေ လိုက် တုန်း။  အခုတော့ လူတစ်ယောက် နဲ့ ယမ်းတုံး ၂၅ တုံး မိထားတယ်’’ ဟု ၎င်းက ပြောသည်။

အဆိုပါကားပေါ်တွင် ဓာတ် မြေဩဇာနှင့်  ယမ်းပေါင်းစပ် ထည့်ထားသည့် ယမ်းတုံး ၂၅ တုံး ကို အချိုရည်ဘူး၊ ဘီယာဘူးများ နှင့်အတူ ရောနှောသယ်ဆောင်လာကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ယာဉ်မောင်းအမျိုးသားကို လားရှိုးမြို့မရဲစခန်းတွင် ထိန်းသိမ်းစစ် ဆေးနေပြီး တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးကလည်း အဆိုပါ သတင်းကို ထုတ်ပြန်ထားသည်။

Top News