ဒဂုံတောင် နှစ်လောင်းပြိုင်လူသတ်မှုသည် စကားများရာမှ ဖြစ်ပွားပြီး ဘာသာရေးနှင့်သက်ဆိုင်ခြင်းမရှိဟုဆို

ဒဂုံတောင်မြို့နယ် (၇၁)ရပ်ကွက် သမိန်ဗရမ်းလမ်း တွင် လူငယ်အချင်းချင်း စက်ဘီး ချင်းတိုက်မိ၍ စကားများရန်ဖြစ် ရာမှ နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ပြီး လူမှုကွန်ရက်စာမျက် နှာ၌ ဖော်ပြသကဲ့သို့ ဘာသာရေး နှင့်သက်ဆိုင်ခြင်းမရှိကြောင်း ဒဂုံ တောင်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မောင်မောင်ဦးက ပြောသည်။

လူသတ်မှုကျူးလွန်သူ မာမူ လေးသည် သြဂုတ် ၇ ရက် ည ၉ နာရီခန့်တွင် တစ်လမ်းတည်းနေ အသက် (၁၄)နှစ်အရွယ် လူငယ် တစ်ဦးနှင့် စက်ဘီးချင်းတိုက်မိ ရာမှ ၎င်းလူငယ်၏နေအိမ်သို့သွား ရောက်တိုင်ကြားခဲ့သည်။ ထို့ နောက် မိသားစုဝင်များနှင့် စကား များခဲ့ရာမှ သေဆုံးသူ လူငယ်၏ ဖခင်၊ ဦးလေးတို့နှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး လူသတ်မှုဖြစ်ပွားခဲ့ ကြောင်း ၎င်းကဆိုသည်။

‘‘စက်ဘီးချင်းတိုက်မိတော့ လူသတ်မှုကျူးလွန်တဲ့သူ (မာမူ လေး)က အိမ်သွားပြီးတိုင်တယ်။ အဲဒီအိမ်ကသူတွေ (သေဆုံးသူ နှစ်ဦး)ထွက်လာပြီး စကားများ ကြတယ်။ ပြီးတော့ အိမ်ထဲက အမျိုးသားနှစ်ယောက်က လူ သတ်မှုကျူးလွန်သူကို ဓားနဲ့လိုက် တယ်။ ဟိုတစ်ယောက် (မာမူ လေး) ကလည်း သူ့မှာပါလာတဲ့ ဓားနဲ့ပြန်ထိုးရာကနေ လူသတ်မှု ဖြစ်တာပါ’’ဟုဒုရဲမှူးမောင်မောင် ဦးက ပြောသည်။

သေဆုံးသူ အမျိုးသားနှစ်ဦး သည် လူသတ်မှုကျူးလွန်သူ မာမူ လေးကို နောက်မှဓားဖြင့် လိုက် ခုတ်စဉ် သမိန်ဗရမ်းလမ်းထဲရှိ နေအိမ်တစ်လုံးအတွင်း မာမူလေး က ဝင်ရောက်ခဲ့ပြီးနောက်မှ လိုက် လာသော လူငယ်၏ ဖခင်နှင့် ဦးလေးတို့ကို ၎င်းတွင်ပါလာ သည့်ဓားဖြင့် ပြန်လည်ခုတ်သတ် ခဲ့ကြောင်း ရဲစစ်ဆေးချက်များ အရသိရသည်။

‘‘နောက်ကလိုက်လာတာက ဦးလေးနဲ့ အဖေနှစ်ယောက်လိုက် ကြတယ်။ ဦးလေးဖြစ်သူကို အရင် ဓားနဲ့ထိုးလိုက်တယ်။ နောက် အဖေဖြစ်သူ ကပ်ပါလာ တော့ သူ့ကိုပါ ဓားနဲ့ထပ်ခုတ် တယ်။ နှစ်ယောက်စလုံး စံပြဆေး ရုံရောက်ပြီးမှ ဆေးရုံမှာသေတာ ပါ’’ဟု ဒုရဲမှူးမောင်မောင်ဦးက ပြောသည်။

လူမှုကွန်ရက်စာမျက်နှာ တွင် ဖော်ပြနေသကဲ့သို့ ဘာသာ ရေးနှင့် သက်ဆိုင်ခြင်းမရှိဘဲ စကားများရန်ဖြစ်ရာမှ လူသတ်မှု ကျူးလွန်ပြီး လူသတ်မှုကျူးလွန် သူ အမျိုးသားလက်တွင်လည်း ဓားဒဏ်ရာရရှိခဲ့ကြောင်း ၎င်း ရဲအရာရှိက ပြောသည်။

ကျူးလွန်သူ မာမူလေးကို လူသတ်မှု ဖြစ်ပွားပြီးနောက် သြဂုတ် ၇ ရက် ည ၁၁ နာရီကျော် တွင် ဖမ်းဆီးရမိပြီး ရာဇသတ် ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ် ဆေးနေကြောင်း သိရသည်။