ရုပ်ရှင်အကြိုခံစားခြင်း

Kidnap

- ဒီနေ့မှာတော့ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ် အမေရိကန်ဇာတ်ကားတစ်ကားအကြောင်းကို ဖော်ပြလိုက်ပါတယ်။ အဓိက အမျိုးသမီးဇာတ် ကောင်ဖြစ်တဲ့ ကာလဒေဆန်က စားပွဲထိုးတစ်ယောက်အဖြစ် အ လုပ်လုပ်ကိုင်ပြီးတော့ (၆)နှစ်အ ရွယ် သားကလေး ဖရန်ကီကို စောင့်ရှောက်ရင်း တစ်ကိုယ် တည်းမိခင်အဖြစ်နဲ့ ရပ်တည်နေ ခဲ့ပါတယ်။ ဒါပေမဲ့လည်း တစ် ဖက်မှာတော့ ခင်ပွန်းသည်နဲ့ ကွာ ရှင်းဖို့အတွက် ကာလဒေဆန် တစ်ယောက် တရားရင်ဆိုင်နေရ ပါသေးတယ်။

တစ်နေ့မှာတော့ ဒေဆန်က သားလေး ဖရန်ကီအား ပွဲတော် တစ်ခုကို ခေါ်လာခဲ့ပါတယ်။ အဲဒီ အချိန်မှာပဲ ခင်ပွန်းနဲ့ ကွာရှင်းဖို့ ကိစ္စအတွက် ရှေ့နေတစ်ဦးက အ ရေးတကြီးဖုန်းဆက်လာတဲ့အခါ မှာ ဒေဆန်က သားငယ်ဖရန်ကီ ကို ခဏထားခဲ့ပြီး ဖုန်းသွားပြော ခဲ့ပါတယ်။ ဒါပေမဲ့ ဖုန်းပြောပြီး ပြန်လာတော့ ဖရန်ကီကို မတွေ့ ရတော့ဘဲ ကလေးရဲ့ အရုပ်ပဲ ကျန်ရစ်နေတာကို တွေ့ရပါ တယ်။ ဒေဆန်တစ်ယောက်စိတ် ပူသွားပြီး ဖရန်ကီကို အနီးအနား မှာ လိုက်ရှာပါတော့တယ်။ အဲဒီ အချိန်မှာ အမျိုးသမီးတစ်ဦးက သားငယ်ဖရန်ကီကို ကားတစ်စီး ပေါ် ဆွဲတင်လိုက်ပြီး မောင်းထွက် သွားတာ ဒေဆန်တွေ့လိုက်ပါ တယ်။ ဒေဆန်လည်း သူရဲ့ ကားနဲ့သားငယ်ကို ပြန်ပေးဆွဲသွားတဲ့ အမျိုးသမီးရဲ့ ကားနောက်ကို ထက်ကြပ်မကွာလိုက်ပြီး သားငယ်ကို ကယ်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒီကားမှာ ဒေဆန်တစ် ယောက် သားငယ် ဖရန်ကီကို ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးစား ပြီး ကယ်မလဲ။ ဘယ်လိုအခက်အ ခဲတွေ တွေ့ရဦးမလဲ။ အဲဒီအမျိုး သမီးကရော ဖရန်ကီကို ဘာ ကြောင့် ပြန်ပေးဆွဲခဲ့တယ်ဆိုတာ ရုပ်ရှင်ချစ်ပရိသတ်များ ရင်တ ထိတ်ထိတ်နဲ့ ကြည့်ရှုနိုင်ဖို့ သတင်းကောင်းပါးအပ်ပါတယ်။

ဒီကားကို စပိန်ဒါရိုက်တာ လူစီပရီတိုက ရိုက်ထားပြီး ကာ လဒေဆန်အဖြစ် အမေရိကန်မင်း သမီးကြီး ဟယ်လီဘယ်ရီက အဓိ က ပါဝင်သရုပ်ဆောင်ထားပါ တယ်။

Top News