ပြည်သူများ ဒီမိုကရေစီ အပြည့်အဝ မရရှိသေးကြောင်း ရှစ်လေးလုံး အခမ်းအနား၌ မင်းကင်း လွှတ်တော်အမတ်ပြော

 ပြည်သူများ ဒီမိုကရေစီ အပြည့်အဝမရရှိသေးကြောင်း မင်းကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောကြားသည်။

မုံရွာမြို့ မြို့သစ်ရပ်ကွက် ချင်းတွင်းအင်စတီကျူ့ဒ်ရုံးတွင် သြဂုတ် ၈ ရက် နံနက်ကကျင်းပ သော (၂၉) နှစ်မြောက် ရှစ်လေး လုံးအရေးတော်ပုံ အခမ်းအနား၌ ၎င်းက ပြောကြားသည်။

‘‘ဒီမိုကရေစီကတော့ အပြည့်အဝ ဘယ်လိုနည်းနဲ့မှ မရ နိုင်သေးဘူး။ မရနိုင်သေးဘူးဆို တာ ကျွန်တော်တို့လည်း ရနိုင် သလောက်ကို တောင်းနေတာပဲ။ အစိုးရကလည်း ဒီမိုကရေစီအစိုးရ အနေနဲ့ ပေးနိုင်သလောက် ပေး နေတာပဲ။ ပေးနေသော်လည်း အဲဒီကြားထဲမှာ ဒီမိုကရေစီကို အနှောင့်အယှက် ပြုနေသော အဖွဲ့အစည်းများက ရှိနေတယ်။ ဒါကြောင့်မို့လို့ ဒီမိုကရေစီက ပြည်သူတွေဆီမှာ အပြည့်အဝ မရနိုင်သေးဘူး’’ဟု ၎င်းက ပြော သည်။ ပြည်သူအတွက် လုပ်ငန်း များ လုပ်ဆောင်ပေးရာတွင် ပွင့် လင်းမြင်သာစွာ ဆောင်ရွက်ပေး ရမည်ဆိုသော်လည်း ရုံးဌာနများ ၏ ညွှန်ကြားချက်များ၊ လုပ်ထုံး လုပ်နည်းအဟောင်းများကို ပြန် လှန်အသုံးချနေခြင်းကြောင့် ဒီမို ကရေစီအခွင့်အရေး တိတိကျကျ ရနိုင်ခြင်းမရှိကြောင်း ဦးကျော် ဆန်းက သုံးသပ်ပြောကြားသည်။

မုံရွာမြို့ ရှစ်လေးလုံးအရေး တော်ပုံ အောက်မေ့ဖွယ်အခမ်း အနားသို့ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်များ၊ နိုင်ငံ ရေးလှုပ်ရှားသူများ၊ ကျောင်းသား ကျောင်းသူများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် ရှစ်လေးလုံး အရေးတော်ပုံတွင် ပါဝင်ခဲ့သူများ တက်ရောက်ခဲ့ပြီး အရေးတော်ပုံ နှင့်ပတ်သက်သော အမှတ်တရ စကားများ ပြောကြားခြင်း၊ ကဗျာ များရွတ် ဖတ်ခြင်း၊ သဝဏ်လွှာ များ ဖတ်ကြားခြင်းများ ဆောင် ရွက်ခဲ့ကြသည်။

ရှစ်လေးလုံးအရေးတော်ပုံ အတွင်း ကျဆုံးခဲ့ကြသူများအား ရည်စူး၍ သံဃာတော်များကို ပင့်ဖိတ်ကာ ဆွမ်းနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကာ အမျှအတန်းများ ပေးဝေခဲ့ ကြသည်။