ဝင်စလေစနိုက်ဒါနှင့် ပြင်သစ်နိုက်စ်အသင်း စာချုပ်ချုပ်ဆို

ဂါလာတာစာရေးအသင်းမှ နယ်သာလန်လက်ရွေးစင် ဝင်စ လေစနိုက်ဒါ (၃၃)နှစ်သည် သြ ဂုတ် ၇ ရက်က ဆေးစစ်မှုအောင် မြင်ပြီးနောက် ပြင်သစ်ကလပ် နိုက်စ်သို့ အလွတ်ပြောင်းရွှေ့ ကြေးဖြင့် ပြောင်းရွှေ့ခဲ့သည်။

စနိုက်ဒါကဲ့သို့ ထိပ်တန်းအ ဆင့်ခြေစွမ်းရှိသည့် ကစားသမား တစ်ဦးကို ခေါ်ယူအားဖြည့်နိုင်ခဲ့ ခြင်းက အသင်းအတွက် ကောင်း မွန်ကြောင်း နိုက်စ်အသင်းက ပြောသည်။

နယ်သာလန်အတွက် ၁၃၁ ပွဲဖြင့် ပွဲထွက်အများဆုံးစံချိန်ရှင် စနိုက်ဒါသည် ၂၀၁၀ က နည်းပြ မော်ရင်ဟိုလက်ထက် အင်တာ မီလန်နှင့်အတူ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးခဲ့ပြီး ရီးရဲလ်မက် ဒရစ်တွင်လည်း ကစားခဲ့သည်။

ကစားသမားဘဝကို အေ ဂျက်ဇ်အသင်း၌ စတင်ခဲ့ပြီး မတူညီသော လိဂ်ပြိုင်ပွဲ လေးခုတွင် ဆုဖလားရရှိထားသည့် စနိုက်ဒါ သည် နိုက်စ်အသင်းက ယခုဘောလုံးရာသီအတွက် ခေါ်ယူသော ပဉ္စမမြောက် ကစားသ မားဖြစ်လာသည်။

ထိုအတောအတွင်း နိုက်စ် သည် ပြိုင်ဘက်မိုနာကိုမှ ပြင်သစ် လူငယ်လက်ရွေးစင် အယ်လန် စိန့်မက်စီမန်ကို ပြောင်းရွှေ့ကြေး ပမာဏဖော်ပြခြင်း မရှိသော ကြေးဖြင့် ခေါ်ယူစာချုပ်ခဲ့သည်။

နိုက်စ်အသင်းမှ ဗင်လင် တိုင်းအိုဆာရစ်နှင့် ဒယ်လ်ဘာ့တ် တို့သည် အီတလီကလပ်များဖြစ် သည့် အင်တာမီလန်နှင့် ဖီအိုရင် တီးနားသို့ ပြောင်းရွှေ့တော့မည် ဟု မျှော်လင့်ရသည်။

ပြီးခဲ့သည့်ဘောလုံးရာသီက ပြင်သစ်လီဂူးဝမ်းတွင် အဆင့် (၃)ချိတ်ခဲ့သည့် နိုက်စ်အသင်းသည် ချန်ပီယံလိဂ်အုပ်စုအဆင့် ဝင် ရောက်ခွင့်အတွက် အီတလီ ကလပ်နာပိုလီနှင့် ခြေစစ်ပွဲနှစ် ကျော့ကို ယခုလနှောင်းပိုင်းတွင် ကစားရန်ရှိနေသည်။  AFP/Goal