အဆိုတော် ခိုင်ထူး၏ ကျန်းမာရေးအခြေအနေ

 ဩဂုတ် ၅ ရက်တွင် မိသားစုဝင်များ၏ ဆန္ဒအရ ထိုင်း နိုင်ငံ ဘန်ကောက်မြို့သို့ သွား ရောက်ဆေးကုသမှု ခံယူခဲ့သော အဆိုတော်ခိုင်ထူး၏ ကျန်းမာရေး အခြေအနေကို ဆရာဝန်များက လက်လျှော့လိုက်ပြီဖြစ်သော ကြောင့် ဩဂုတ် ၈ ရက် နေ့လယ်ကရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ လာပြီး ရန်ကုန်ပါရမီဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူများက ပြော သည်။

‘‘ဘန်ကောက်ဆေးရုံက တော့ သူ့ကို ပြန်ခွင့်မပြုဘူး။ ဒါ ပေမဲ့ သူက အရမ်းကို အိမ်ပဲပြန် ချင်နေလို့ အောက်ဆီဂျင်ဘူးတွေ နဲ့ သယ်လာခဲ့ရတာပေါ့။ နောက် ပြီး ဟိုမှာ ဆေးထပ်သွင်းဖို့က လည်း သူက အဲဒီဒဏ်ကို မခံနိုင် တော့ဘူး။ အဲဒါကြောင့် သူ့ကို ဒီပဲပြန်ခေါ်လာလိုက်တယ်’’ဟု ၎င်းနှင့် ရင်းနှီးသည့် အဆိုတော် မေခလာက ပြောသည်။

ယခု သတင်းရေးနေချိန် ဩဂုတ် ၈ ရက် ည ၇ နာရီခန့်အထိမေးမြန်းချက်များအရ အဆိုတော်ခိုင်ထူးသည် နောက်ဆုံးအခြေအနေသို့ ရောက်နေပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘အခု စက်နဲ့ အသက်ရှူနေတယ်။ ဒါပေမဲ့ မျှော်လင့်ချက်တော့ မရှိတော့ဘူး’’ဟု မေခလာက ဝမ်းနည်းစွာ ပြောသည်။

အဆိုတော်ခိုင်ထူးသည် ၁၉၈၀ ပြည့်နှစ်များနောက်ပိုင်း အဝေးဆုံး၊ စစ်ကိုင်းလမ်း၊ သို့ တစ်ရံတစ်ခါဆီ၊အဉ္ဇလီ၊ ဆို၊ ရွှေလည်တိုင်၊ မိုးရဲရင်ဆောင်းရဲရမယ်၊ဘယ်သူမှမကောင်းဘူး၊ အားလုံးကို ဖြတ်ကျော်ရမယ် အပါအဝင် အောင်မြင်သော တေးသီချင်းများစွာကို သီဆိုခဲ့သည်။