-->

မော်ဒယ်ရှိုးလျှောက်ရတာကြောက်တဲ့ ပိုင်ဖြိုးသု

မော်ဒယ်မဟုတ်သည့်အတွက် ရှိုးလျှောက်ရခြင်းကို ကြောက်ရွံ့ ကြောင်း သရုပ်ဆောင်ပိုင်ဖြိုးသုက ပြောသည်။


သြဂုတ် ၅ရက်နှင့် ၆ရက်တွင် Melia ဟိုတယ်၌ ပြုလုပ်သော  Melia Love Story Wedding Fair တွင် ရှိုးလျှောက်ခဲ့ရသော ပိုင်ဖြိုးသုက ၎င်း၏အခက်အခဲကို ပြောပြခြင်းဖြစ်သည်။

‘‘အမှန်အတိုင်း ပြောရရင် ညီမ ကင်မရာမကြောက်ဘူး။ စတိတ်ကြောက်တယ်။ ဘာလို့လဲ တော့မသိဘူး။ ညီမထင်တာက တော့ ကိုယ်ကျွမ်းကျင်တဲ့အလုပ် မဟုတ်တာကြောင့်လည်း ပါ မယ်။ ပြီးတော့ ကိုယ်ကမော်ဒယ် လည်း မဟုတ်တဲ့အခါကျတော့ ယုံကြည်မှု သိပ်မရှိဘူး။ နောက် ပြီးတော့ အရပ်ကလည်း ပုတယ်’’ ဟု ၎င်းက ပြောသည်။

အချစ်ရေးနှင့်ပတ်သက်၍ သိုသိပ်စွာ နေထိုင်တတ်သူဟု ထင်မြင်ယူဆခံရသော ပိုင်ဖြိုးသု က ပျော်ရွှင်စရာကောင်းသည့် အချစ်ရေးကို ပိုင်ဆိုင်ထားပြီး ချစ်သူသက်တမ်း သုံးနှစ်ကျော်ပြီ ဟု ပြောသည်။

‘‘ Wedding ရှိုးတွေသာ လျှောက်နေတာပါ။ မင်္ဂလာ သတင်းကတော့ လိုပါသေးတယ်။ မင်္ဂလာဆောင်ဖို့ကို အသက် (၃၀) လောက်မှ စဉ်းစားပါမယ်’’ ဟု ပိုင်ဖြိုးသုက ပြောသည်။

လက်ရှိတွင် အောင်ခေတ် မင်း ရုပ်ရှင်ထုတ်လုပ်ရေးကစီစဉ် ပြီး ဒါရိုက်တာ အောင်ဇော်လင်း ရိုက်ကူးသော ‘ဂန္ထဝင်အငြိုး’ရုပ်ရှင်ဇာတ်ကားကို မင်းဦး၊ ကျော်ထက်အောင်၊ မင်းပိုင်၊ မြတ်ကေသီအောင်၊ မယ်လိုဒီတို့နှင့်အတူပါဝင်သရုပ်ဆောင်နေပြီး အဆိုပါဇာတ်ကားထဲတွင် သူနာပြုဆရာမဇာတ်ရုပ်အဖြစ် ပါဝင်ထားကြောင်း ၎င်းက ပြောသည်။

လတ်တလောတွင် ‘သရဲ ဂေဟာ’၊ ‘ချစ်တီးမကြီးများ’ စသည့် ရုပ်ရှင်ကားကြီးများ ရိုက် ကူးပြီးစီးထားပြီး ‘ဂန္ထဝင်အငြိုး’ ဇာတ်ကားအပြီးတွင် ဗီဒီယိုကား များ ဆက်လက်ရိုက်ကူးရန်ရှိ ကြောင်း ပိုင်ဖြိုးသုက ပြောသည်။

Top News