လိုင်လာခန်းနှင့်တွေ့ဆုံခြင်း

‘‘အန်ဂျလာဇာတ်ရုပ်ကို အမုန်းတွေများစွာနဲ့ မေတ္တာတွေပေးခဲ့သလို စင်သီယာဇာတ်ရုပ်ကိုလည်း သနားကြင်နာမှုများစွာနဲ့ မေတ္တာတွေပေးပါလို့ ပရိသတ်ကြီးကို တောင်းဆိုချင်ပါတယ်’’

အိမ်ထောင်ရှိအမျိုးသားတစ်ဦးနှင့် ဖောက်ပြန်သည့်ဇာတ်ရုပ်ဖြင့် မြန်မာရုပ်ရှင်ပရိသတ်များ သတိထားမိခဲ့သူ လိုင်လာခန်းက ၎င်း၏ ဒုတိယရုပ်ရှင် ‘ရာဇဝင်ရိုင်းသူများ’ ဇာတ်ကားတွင် ခင်ပွန်းဖြစ်သူကို အသက်ထက်
ချစ်မြတ်နိုးသော အချစ်ကြီးသူအဖြစ် ပါဝင်သရုပ် ဆောင်ထားသည်။ ပထမရုပ်ရှင်နှင့်မတူသော ဇာတ်ရုပ်နောက် တစ်မျိုးဖြင့်တွေ့ရမည့် လိုင်လာခန်းကို ‘ရာဇဝင်ရိုင်းသူများ’ရုပ်ရှင် အကြောင်းအပါအဝင် ၎င်း၏အနုပညာ
ဖြတ်သန်းမှုများအကြောင်း တွေ့ဆုံ မေးမြန်းခဲ့ပါသည်။


မြန်မာနိုင်ငံမှာ ဘာကြောင့်သရုပ် ဆောင် လုပ်ဖြစ်ခဲ့တာလဲ။

မြန်မာနိုင်ငံမှာ အလုပ်လုပ် ဖို့လည်း မစဉ်းစားမိခဲ့ဘူး။ ဘော လိဝုဒ်မှာပဲ ရေရှည်ဖြစ်သွားမယ် ထင်ခဲ့တာ ကံကြမ္မာပေါ့။ ၂၀၀၉ လောက်က ကျွန်မ ဘောလိဝုဒ်မှာ မင်းသမီးဖြစ်နေပြီဆိုတာ နာမည် တွေ နည်းနည်းထွက်တော့ MRTV-4 က ကိုဇင်အောင်တို့က သတင်းစာရှင်းလင်းပွဲလေးလုပ်ပါ။ ကိုယ့်နိုင်ငံကလူကို ပြချင်တယ်ဆို တော့ သတင်းစာရှင်းလင်းပွဲကို စင်ထရယ်ဟိုတယ်မှာ လုပ်ခဲ့ တယ်။ အဲဒီိအချိန်က ရုပ်ရှင် ကောင်စီက ဥက္ကဋ္ဌတွေလည်း လာ ခဲ့တယ်။ အဲဒီ ရုပ်ရှင်ကောင်စီက လူတွေက ဦးမျိုး (ဒါရိုက်တာ မောင်မျိုးမင်း-ရင်တွင်းဖြစ်)ကို ဖိတ်လိုက်တယ်။ အဲဒီသတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားမှာ ရိုက် ထားတဲ့ကားကို ပရိုဂျက်တာနဲ့ ပြ ခဲ့တယ်။ ကျွန်မအမြင်တော့ ဦးမျိုး က သူ့ရဲ့အန်ဂျလာ ကာရိုက်တာ ကို မြင်သွားတာဖြစ်မယ်။ သတင်း စာရှင်းလင်းပွဲပြီးတော့ ဦးမျိုးက ‘တိုက်ဆိုင်မှုရှိလျှင်’ဇာတ်ကား လေးကို ပြောပြတယ်။ ကျွန်မ လည်း သဘောကျတယ်။ ဒါပေမဲ့ ဦးမျိုးရယ် သမီး မြန်မာနိုင်ငံမှာ လာလုပ်ရင် ဖြစ်နိုင်ပါ့မလား၊ ပရိ သတ်ကလည်း လက်ခံပါ့မလားဆို တော့ ဦးမျိုးက သမီးက မြန်မာပဲ လက်ခံပါတယ်။ ကိုယ့်နိုင်ငံမှာ လုပ်တယ်၊ ဟိုဘက်နိုင်ငံက ပညာ တွေကို ဒီမှာလာသုံးတယ်ဆိုတာ ပိုပြီးတန်ဖိုးရှိပါတယ်။ အဲဒီအချိန် မှာတော့ လုပ်ရင်ကောင်းနိုးနိုးနဲ့၊ ကျွန်မ အချိန်မပေးနိုင်ခဲ့တာနဲ့၊ ဦးမျိုးက အလုပ်တွေရှုပ်နေတာနဲ့ ၂ နှစ်လောက် ကြာသွားတယ်။ ၂၀၁၁ မှာ ‘တိုက်ဆိုင်မှုရှိလျှင်’ကို စခဲ့တယ်။

ပထမရိုက်တဲ့ဇာတ်လမ်းက ပရိ သတ်အချစ်ခံရမယ့် ဇာတ်ရုပ် မဟုတ်တော့ စိုးရိမ်ခဲ့တာရှိလား။

အရမ်းကို အတင့်ရဲရတာ ပေါ့။ ဦးမျိုးက လုပ်ရဲလားဆိုတော့ လုပ်ရဲတယ်။ ဒါပေမဲ့ ပရိသတ် အမုန်းကိုတော့ မလိုချင်ဘူးဆို တော့ ပညာရှိပရိသတ်တွေများနေ ပါပြီတဲ့။ မပူပါနဲ့တဲ့။ သမီးကို အရမ်းလက်ခံကြမှာပါ ဆိုတော့ ပြောတဲ့အတိုင်းပါပဲ။ မုန်းတော့ မုန်းတယ်။ ဒါပေမဲ့ အရမ်းလက်ခံ သွားတယ်။

‘ရာဇဝင်ရိုင်းသူများ’ ရုပ်ရှင်ကို အခုရက်ပိုင်းအတွင်း ရုံတင်တော့မှာဆိုတော့ အဲဒီရုပ်ရှင်အပေါ်မှာကော ဘယ်လိုရင်ခုန်မှုရှိပါလဲ။

‘ရာဇဝင်ရိုင်းသူများ’အတွက် က ရင်ပိုခုန်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အန်ဂျလာ ကာရိုက်တာ နဲ့ ကိုယ့်ကို အများကြီးလက်ခံပြီး သွားပြီ။ ဗီလိန်အနေနဲ့ လက်ခံပြီး သွားပြီ။ ဒီ ‘ရာဇဝင်ရိုင်းသူများ’က အရမ်းကို Positive ကာရိုက်တာ ဖြစ်တယ်။ ကိုယ့်အမျိုးသား အတွက် အသက်ပါရင်းရဲတယ်။ စင်သီယာဇာတ်ရုပ်ကိုကော အန်ဂျလာလောက် လက်ခံနိုင်ပါ့မလားဆိုတာကို နည်းနည်းစိတ်ပူတယ်။

ဒီကား ရိုက်ဖြစ်ခဲ့တာကကော ‘တိုက်ဆိုင်မှုရှိလျှင်’မှာ အတွဲညီခဲ့ လို့ ဦးမျိုးနဲ့ပဲ ဆက်ရိုက်ဖြစ်ခဲ့တာ လား။

အဲဒီလိုလည်း မဟုတ်ပါဘူး။ ‘တိုက်ဆိုင်မှုရှိလျှင်’ရိုက်နေတဲ့ အချိန်မှာပဲ ‘မိုးတစ္ဆေ’(ရာဇဝင်ရိုင်း သူများ)ကို ပြတယ်။ ကျွန်မတို့က တော့ မကြည့်ဖူးဘူး။ ဦးမျိုးက ပြောတယ်။ ဟိုးအရင်တုန်းကကား ပေါ့။ အဲဒီမှာတော့ သမီးကို ဦးမျိုး က လုံးဝ Positive ကာရိုက်တာ ပြချင်တယ်။ အဲဒါမှ ကိုယ်သရုပ် ဆောင်တဲ့အခါကျရင် အကောင်း လည်းလုပ်နိုင်တယ်၊ အဆိုးလည်း လုပ်နိုင်တယ်ဆိုတာ ပြချင်တယ်။ အဲဒီကာရိုက်တာမှာကလည်း ကိုပြေတီဦးပဲ ကိုက်တယ်ဆိုတော့ ကိုပြေတီဦးနဲ့ ပြန်တွဲဖြစ်တာပါ။

မြန်မာသရုပ်ဆောင်တွေနဲ့ တွဲဖက် သရုပ်ဆောင်ရတာနဲ့ ဘောလိဝုဒ် မှာ သရုပ်ဆောင်ရတာ ဘယ်လို ကွာခြားမှုတွေရှိပါလဲ။

ဒီမှာတော့ ကိုယ့်မိဘဆွေမျိုး သားချင်းနားမှာဆိုတော့ စိတ် သက်သာရာတော့ ရတာပေါ့။ ဒါပေမဲ့ Professionally ကျတော့ မြန်မာနိုင်ငံက ပိုကောင်းတယ်ဆို ရင် လိမ်ရာကျမယ်လေ။ အမှန် အတိုင်းပဲ ပြောသင့်ပါတယ်။ Professionally ကျတော့ ဟိုဘက် ကအများကြီး Professional ဖြစ် တယ်။ အနုပညာရှင်တွေပိုပြီး သက်သောင့်သက်သာဖြစ်တယ်။ ငွေရေးကြေးရေး ပိုရတယ်။ ဒါပေ မဲ့ ဒီမှာကျတော့ စိတ်ချမ်းသာတာ၊ နောက်ဆံမတင်းရတာ၊ ကိုယ့်မိဘ နားမှာနေပြီး အလုပ်လုပ်ရတာဆို တော့ ပိုကောင်းပါတယ်။ အနု ပညာသမားတွေကတော့ ဒီကလူ တွေလည်း တော်ကြတယ်။ အဓိ က ကွာတာကတော့ ငွေသုံးနိုင်မှု အင်အားပေါ့။ သုံးတဲ့စက်ပစ္စည်း တွေကွာတယ်။ Location တွေ ကွာတယ်။ Production Value တွေအပေါ်မှာတော့ ကွာခြားမှု တွေရှိပါတယ်။ ဘောလိဝုဒ်မှာ မင်းသမီးလုပ်ခဲ့ တယ်ဆိုတာနဲ့ပတ်သက်ပြီး အငြင်းပွားမှုတချို့ ရှိနေတဲ့အပေါ်မှာ အစ်မ ခံစားချက်ကို သိပါရစေ။

ဘောလိဝုဒ်မှာ စကြိုးစားတာ က ၂၀၀၅ အကုန် ၂၀၀၆ အစ လောက်မှာ စကြိုးစားတာပါ။ ၂၀၀၇ မှာ ပထမဆုံးကားလေး ရိုက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကိုယ့်မြန်မာနိုင်ငံမှာ အင်တာနက် ဆိုရင် မူးလို့ ရှူစရာမရှိပါဘူး။ အိန္ဒိယလိုနေရာမှာတောင် Social Networking က သိပ်ခေတ်မစား သေးဘူး။ ဖေ့စ်ဘွတ်ခ်အကောင့် ကတော့ ၁၀ နှစ်ကျော်ပြီ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက (ပို့စ်)တင်တာ တွေ မရှိသေးဘူး။ ကိုယ်လည်း မလုပ်ဖြစ်ဘူး။ အရေးကြီးတဲ့ပွဲ တွေသွားရင်တော့ ဓာတ်ပုံလေး ရိုက်ပြီးတင်လိုက်တယ်။ ကိုယ့်ရဲ့ Memories အနေနဲ့ပဲ ဖေ့စ်ဘွတ်ခ် မှာ အခုထက်ထိလည်းရှိပါတယ်။ ဒါပေမဲ့ အခုခေတ်လိုဆိုရင်တော့ Live တွေပဲ တင်နေမှာပေါ့။ အဲဒီ အပေါ်မှာ တော်တော်အငြင်းအခုံ ဖြစ်သွားကြတယ်။ အဲဒါကိုလည်း ကိုယ့်ရဲ့ ချွတ်ယွင်းချက်လို့ပဲယူဆ လိုက်ပါတယ်။ ကိုယ်လည်း အဲဒီ လောက်အထိ မစဉ်းစားမိခဲ့ဘူး။ အခုမှ ဖေ့စ်ဘွတ်ခ်သုံးတဲ့သူတွေ၊ ဆယ်ကျော်သက်လေးတွေ အ တွက် ပြန်တင်ပေးရမယ်ဆိုတဲ့ စိတ်လည်း မရှိခဲ့ဘူး။ ကိုယ်ဟာ ကိုယ့်ဟာကိုယ် အမှန်တရားလမ်း နဲ့ပဲ ရဲရဲဝံ့ဝံ့ ခေါင်းမော့ပြီးနေခဲ့ တယ်။ ပြောခဲ့တယ်။ တချို့တွေက ကျွန်မကို အရမ်းအမြင်စောင်း တယ်။ အားရင် ဘောလိဝုဒ်က မဆင်းဘူးပေါ့။ ကျွန်မကိုတွေ့ရင် မီဒီယာက ဘောလိဝုဒ်အကြောင်း ပဲမေးတော့ ဘောလိဝုဒ်အကြောင်း ပဲ ဖြေရတာပါ။ အဲဒါတွေကို အရမ်း Negative ဖြစ်ကြတယ်။ အခုမှ ဟိုပြောဒီပြောတွေရှိလာ တော့ ကျွန်မဖြတ်သန်းခဲ့ရတဲ့ ဘောလိဝုဒ်ခရီးစဉ်ဆိုပြီး ကိုယ့်ရဲ့ Profile LaiLaKhan မှာတင်ပေး ထားတယ်။ Laila-s-Khan ဆိုတဲ့ အင်စတာဂရမ်မှာ ပုံတွေလည်းရှိ ပါတယ်။ အခုကြိုးစားပြီး အ ဟောင်းတွေလည်း ပြန်တင်ပေး ဖြစ်တယ်။

အိန္ဒိယမှာက ရုပ်ရှင်ဘယ်နှကား လောက် ရိုက်ဖြစ်ခဲ့လဲ။

အိန္ဒိယမှာက ၁၁ နှစ်ကြာ တယ်။ ရုပ်ရှင်အလုပ် လုပ်တာက တော့ ရှစ်နှစ်လောက်ကြာတယ်။ ဟိုမှာက တစ်ကား တစ်ကားကို တစ်နှစ်လောက်ကြာတယ်။ နောက်ပြီး ကျွန်မက မြန်မာမိန်း ကလေးဖြစ်တယ်။ ကျွန်မတို့က ဘယ်လိုဘာသာကိုပဲ ကိုးကွယ် ကိုး ကွယ် ကျွန်မတို့ယဉ်ကျေးမှုက မြန် မာ့ယဉ်ကျေးမှုပဲ။ နောက်ပြီး မိဘ တွေကလည်း တအား တင်းကျပ် တဲ့အခါကျတော့ ကားတိုင်းလက် ခံလို့မရဘူး။ တချို့ကားတွေက တော်တော်ကြမ်းတယ်။ တအား ကြမ်းတော့ မိဘနဲ့ထိုင်ကြည့်လို့ မရတဲ့ကားမျိုးဆို လက်မခံရဲဘူး။ ဟိုမှာ ခဏသာအလုပ်လုပ်တဲ့လူ။ ဒီကိုပြန်လာရမယ်။ လူတွေရဲ့ အပြောကို ကိုယ့်မိဘက ခံရမှာဆို တော့ ငဲ့ညှာပြီး မလုပ်နိုင်ခဲ့တာ။ လုပ်ချင်တာကတော့ စိတ်ထဲက လုပ်ချင်ခဲ့တယ်။ မလုပ်နိုင်တာ တွေအများကြီးရှိခဲ့တယ်။ ဒါပေမဲ့ ကိုယ်လုပ်နိုင်တာတွေက တွေးပြီး ခုနစ်ကားရိုက်ခဲ့ပါတယ်။ ခုနစ် ကားမှာ ငါးကားကတော့ ထွက်ပြီး သွားပြီ။ နှစ်ကားကတော့ မထွက် သေးပါဘူး။

‘တိုက်ဆိုင်မှုရှိလျှင်’နဲ့ အောင်မြင် ခဲ့ပေမယ့် ပြည်တွင်းမှာ ဇာတ်ကား တွေ ဆက်တိုက် ရိုက်တာမတွေ့ရ တာက ဘာကြောင့်ပါလဲ။

‘တိုက်ဆိုင်မှုရှိလျှင်’ပြီးသွား တော့ ဇာတ်လမ်းကောင်းကောင်း လေးတွေကို မျှော်ပါတယ်။ ဒါပေ မဲ့ တစ်ခုနားလည်လိုက်တာက ဦးမျိုးကပဲ ယုံကြည်မှုတွေထား ထားတယ်။ တခြား ဒါရိုက်တာ တွေက ယုံကြည်မှုမရှိတာပဲလား၊ ပရိသတ်ကို မယုံကြည်တာလား၊ ကျွန်မကို မယုံကြည်တာလား သိပ်မပြောတတ်ဘူး။ ကမ်းလှမ်း တာ အရမ်းမများပါဘူး။ တချို့ တလေရှိတယ်။ နှစ်ခါ သုံးခါလာ တယ်။ အဲဒါတွေကျတော့ ဇာတ် ညွှန်းက အရမ်းအားနည်းတော့ စိတ်မဝင်စားခဲ့ဘူး။ ဇာတ်လမ်း ကောင်းကောင်းလေးတွေပဲ ရိုက် ချင်တယ်။ ပရိသတ်တွေအတွက် ရုပ်ရှင်ကြည့်ပြီးလို့ ထွက်လာရင် သင်ခန်းစာလေးတစ်ခု ရစေချင် တယ်။

နောက်ထပ် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ လက်ခံထားတာကော ရှိဦးမလား။

ဦးမျိုးနဲ့တစ်ကားပြောထားပါ တယ်။ အဲဒီကားလေးကလည်း ပညာပေးဇာတ်လမ်းလေးပါ။ အရမ်းကောင်းပါတယ်။ အခု ကျွန်မတို့နိုင်ငံမှာ ကြုံတွေ့နေရတဲ့ ယဉ်ကျေးမှု၊  ဘာသာမတူပေမယ့် တစ်ယောက်အပေါ်တစ်ယောက် မေတ္တထားမှု၊ ဘယ်လောက်အထိ စည်းစည်းလုံးလုံး နေသင့်တယ်၊ အဲဒါမှ ကိုယ့်တိုင်းပြည် တိုးတက် မယ်ဆိုတာလေးတွေကို ရုပ်လုံး ဖော်ပြဖို့ အစီအစဉ်ရှိပါတယ်။ အမြန်ဆုံး ရိုက်နိုင်အောင်တော့ ကြိုးစားနေပါတယ်။ တခြားဒါရိုက်တာတွေလည်း ကျွန်မဆီကို ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ ကျွန်မဘက်က Ready (အဆင်သင့်)ပါပဲ။

‘တိုက်ဆိုင်မှုရှိလျှင်’တုန်းက ဇာတ် ပို့ဆုအတွက် အကယ်ဒမီထင် ကြေး ပေးခဲ့ကြပေမယ့် နိုင်ငံခြား သား ဖြစ်နေလို့မပေးဘူးဆိုတဲ့ အပေါ်မှာကော ဘယ်လိုခံစားခဲ့ရ လဲ။

အကယ်ဒမီက ကျွန်မ ရသင့် မရသင့်တော့မသိပါဘူး။ ဒါပေမဲ့ ကျွန်မက နိုင်ငံခြားသားမှမဟုတ် တာ။ မိအေးနှစ်ခါနာပါ။ ကျွန်မ ရသင့်တာကို မရတာက တချို့ ပြောနေကြတဲ့ ပုဒ်မ ၅၆(က)တွေ၊ (ခ) တွေ ဘာနဲ့မှမငြိဘူးလို့။ စမွေး ကတည်းက မြန်မာနိုင်ငံသားပဲ။ သေလည်း မြန်မာနိုင်ငံသားအနေ နဲ့ပဲ သေမှာ။ အဲဒီလိုသတင်းတွေ လွှင့်ပြီး ကျွန်မကို ထုထည့်လိုက် တာပေါ့။

အခုလက်ရှိ ဖြတ်သန်းနေတဲ့ဘဝ အကြောင်းလေးလည်း ပြောပြ ပေးပါဦး။

ရိုးရိုးရှင်းရှင်းပါပဲ။ ကျွန်မ မိဘနဲ့၊ ကျွန်မမိသားစုနဲ့ အေးအေး ဆေးဆေးပါ။ ကျွန်မဆီမှာ အလုပ် ကောင်းကောင်းလာရင် ကိုယ် ရောစိတ်ရော ဖိပြီးလုပ်ပါတယ်။ တခြားအချိန်တွေမှာ ဒီကျောင်း (Rhythm & Style International Academy) အကသင်တန်း ကျောင်းလေးနဲ့ Busy ဖြစ်ပါ တယ်။ များသောအားဖြင့် ကျွန်မ အားလပ်ချိန်တွေဆိုရင် အိန္ဒိယ သွားပါတယ်။

‘တိုက်ဆိုင်မှုရှိလျှင်’နဲ့ အားပေးခဲ့ တဲ့ ပရိသတ်တွေအပါအဝင် ‘ရာဇ ဝင်ရိုင်းသူများ’နဲ့ ထပ်တိုးလာမယ့် ပရိသတ်တွေအတွက် စကား လက်ဆောင်လေး ပြောပေးပါဦး။

ထပ်တိုးလာတဲ့ ပရိသတ်တွေ ရော၊ အရင်ပရိသတ်တွေရော၊ ဟိုးအိန္ဒိယမှာရှိကတည်းက ကိုယ့် ရုပ်ရှင်တွေကြည့်ပြီး ကိုယ့်ကို Follow လုပ်ထားတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ လိုင်လာ့ကိုလည်း အမြင်မစောင်းကြပါနဲ့။ မီဒီယာ မောင်နှမတွေမေးတဲ့ မေးခွန်းတွေ ကိုပဲ အဓိကထားပြီးဖြေရတာပါ။ ကြွားဝါခြင်းလည်းမရှိပါဘူး။ ပြီး တော့ အန်ဂျလာဆိုတဲ့ ကာရိုက် တာနဲ့ ကိုယ့်ရဲ့ လုပ်ရမယ့်တာဝန် တစ်ခုလို လုပ်ခဲ့ရပါတယ်။ အခု စင်သီယာဆိုတဲ့ အရမ်းချစ်ဖို့ ကောင်းတဲ့ အမျိုးသမီးတစ် ယောက်လို သရုပ်ဆောင်ထားပါ တယ်။ အန်ဂျလာဇာတ်ရုပ်ကို အမုန်းတွေများစွာနဲ့ မေတ္တာတွေ ပေးခဲ့သလို စင်သီယာဇာတ်ရုပ် ကိုလည်း သနားကြင်နာမှုများစွာ နဲ့ မေတ္တာတွေပေးပါလို့ ပရိသတ် ကြီးကို တောင်းဆိုချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။