ကလေးအခွင့်အရေးဆိုင်ရာ ပညာပေးခြင်းလုပ်ငန်း အခြေခံပညာကျောင်းများတွင် စတင်

အခြေခံပညာကျောင်းများမှ ကလေးငယ်များအား ပညာပေးလုပ်ငန်းဆောင်ရွက်မည်ဖြစ်သည်။ (ဓာတ်ပုံ-စိုင်းဇော်)

အခြေခံပညာအလယ်တန်းအဆင့် နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကလေးအခွင့်အရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ရန်ကုန် တိုင်းဒေသကြီးရှိ အခြေခံပညာ ကျောင်း ၂၀ တွင် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန်းဦးကပြောကြားသည်။

ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံကလေး သူငယ်အခွင့်အရေးများဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်တို့ ပူးပေါင်းပြီး အခြေခံပညာဗဟိုပြု ကလေးသူ ငယ်အခွင့်အရေးများဆိုင်ရာနှင့် ကလေးတို့၏ တာဝန်အသိပေး ခြင်း စီမံချက်အနေဖြင့် အခြေခံပညာကျောင်းများတွင် သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

‘‘ကျောင်းချိန်မှာ ဟောပြောပွဲလိုပုံစံမျိုး လုပ်ပေးတာပေါ့။ ကလေးတွေ ကလေးအခွင့်အရေးကိုသိပြီး ကာကွယ်တတ်ဖို့နဲ့ သူများကို ကိုယ်ချင်းစာတရားထားတတ်တဲ့ စိတ်ရှိလာအောင် ပြောပြပေးတာမျိုးပါ’’ဟု ၎င်းကပြောသည်။

ကလေးများ လူ့အခွင့်အရေး ဗဟိုပြုအသက်ရှင်သန်တတ်စေ ရန်နှင့် လူသားအချင်းချင်း စာနာ ထောက်ထားပြီး မိမိအနာဂတ်ကို တည်ဆောက်တတ်သော ကလေး များဖြစ်လာစေရန် ရည်ရွယ်ကာ စီ မံချက်အနေဖြင့် ဆောင်ရွက်နေ ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အပြင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဆက် လက်ဆောင်ရွက်ရန် လျာထား သည်။

‘‘စာသင်သလို သင်တာမ ဟုတ်ဘဲ သူတို့နဲ့ ဆွေးနွေးတယ်။ ကလေးတို့အတွက် အခွင့်အရေး တွေက ဒီလို၊ ကလေးတို့ လူ့ပတ် ဝန်းကျင်အတွက် ပြန်လုပ်ပေးနိုင် တာက ဒါတွေရှိတယ်စသဖြင့် ဆွေးနွေးပြောပြတယ်။ စီမံချက်စ တဲ့ ၂၀၁၄ ကနေ အခုထိဆို သူတို့ ဘက်က တုံ့ပြန်တာ တော်တော် ကောင်းတယ်။ ဥပမာရေဘေးကာ လမှာ ကျွန်တော်တို့ မပြောရဘဲသူ တို့မုန့်ဖိုးလေးတွေ လာလှူတာ မျိုးပေါ့’’ ဟု မြန်မာနိုင်ငံကလေး သူငယ်အခွင့်အရေးများ ဖွံ့ဖြိုးတိုး တက်ရေးကွန်ရက် ဥက္ကဋ္ဌဦးအာ ကာစိုးနောင်က ပြောသည်။

လာမည့် ၂၀၁၈ ဒီဇင်ဘာ တွင် ဖွင့်လှစ်မည့် ပညာရေးတက္က သိုလ်နှင့် ပညာရေးကောလိပ်သင် တန်းများ၌ ကလေးအခွင့်အရေး ဆိုင်ရာ အသိပညာပေးခြင်းသင် ခန်းစာများ ထည့်သွင်းသင်ကြား မည်ဖြစ်သည်။

ယင်းဆရာ၊ ဆရာမများ သင်တန်းဆင်းချိန်တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်း အားလုံး၌ ကလေးအခွင့်အရေးဆိုင်ရာ သင် ခန်းစာများ သင်ကြားရန်ဆောင် ရွက်မည်ဟု သိရသည်။

Top News