လူမှုစီးပွားနိမ့်မြင့်တက်ကျနှင့် ဆုံမှတ် အဖြေ(၇)

လက်တင်(တောင်)အမေရိကနှင့် အာရှတို့မှ ဒီမိုကရေစီအကူးအ ပြောင်း ၁၀ နိုင်ငံကို နိုင်ငံရေးရာ စီးပွားရေးဖြင့် အဓိကထားလေ့ လာခဲ့ကြရာ၌ ကျပ်တည်းသော အကူးအပြောင်း ခြောက်နိုင်ငံရှိ၍ အကျပ်အတည်းသိပ်မရှိလှသော အကူးအပြောင်း လေးနိုင်ငံရှိ ကြောင်း ပြီးခဲ့သည့်အပိုင်း (၆)၌ ‘စီးပွားရေးအကျပ်အတည်းများ သို့ နိုင်ငံရေးတန်ပြန်တုံ့ပြန်ချက် များ’ ရှုထောင့်အဖြစ် ခြုံငုံဆွေးနွေးတင်ပြခဲ့ပါသည်။ ပရိုဂရက်ဆစ်ရီရယ်လိုက်ဇေးရှင်း (Progre-ssive Realization) ကို ယူတတ်၊ လုပ်တတ်ကြပါမှဟူသော အရေးကြီးချက်တစ်ရပ်ကို မြန်မာအတွက် တွေ့ရှိလိုက်ကြရ၏။ စီးပွားရေးအရဖြစ်စေ၊ နိုင်ငံရေးနှင့် လူမှုရေးအရဖြစ်စေ နိုင်ငံရေးရာ စီးပွားရေးအမြင်အရ ‘တစ်ဆင့်ချင်းတိုးတက်လာမှုများ၊ မျှခြေများကို မှန်မှန်တည်ဆောက်သွားနိုင်စေမှု၊ ဖြစ်စဉ်’ ဟု အဓိပ္ပာယ်ယူကြရမည့်အနက်ဖွင့်မတည်ငြိမ်သေးသော အရေးကြီးဝေါဟာရတစ်ရပ်ဖြစ်၏။ မြန်မာအတွက် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်မှာလည်းဤ PR (Progressive Realiza-tion) ဖြစ်စဉ်တွေ ‘စိပ်’ လာဖို့လို၏။ လူမှုစီးပွားအရာမှာလည်း PR တွေက အရေးပါလှ၏။ လူမှုစီးပွားခင်းကျင်းတည်ရှိချက်များ (Soc−io Economic Factors) တို့၌လည်းတိုက်ရိုက်သက်ဆိုင်နေသော စီမံဆောင်ရွက်ချက်တွေအရ PR ဖြစ်လာစေ ဖို့လိုအပ်လှသည်။


‘အကျပ်အတည်း၏ အကျိုး သွားများ၊ သုံးသပ်ယူဆချက်များ ’ ကို စတီဖင် ဟက်ဂါ့ဒ် (Stephan Haggard) နှင့် ရောဘတ်ကော့ဖ် မန်း(Robert R.Kaufman) တို့က အပိုင်းကြီးသုံးပိုင်းဖြင့် ခွဲခြားပြ ထားသည်။ ပထမအပိုင်းကြီးတွင် ကဏ္ဍခွဲသုံးခုပါဝင်၏။ အဓိက အားဖြင့် ‘အကူးအပြောင်းကို အ နက်ပြန်ဖွင့်ပြခြင်းဟု ဆိုနိုင်ငြား အကျပ်ရိုက်ခြင်း လေ့လာချက်အ ဖုံဖုံကြောင်းကျိုးကောင်းဆိုးတွေ ထောင့်စေ့အောင် ဖော်ထုတ်ဆွေး နွေးတင်ပြသည်။ ပဓာနဆိုလို ချက်၊ ဆိုလိုရင်းကတော့ အကူးအပြောင်းတစ်ရပ် အောင်မြင်ခြင်း၊ တွန့်နေ၊ တန့်နေခြင်း၊ ဆုတ်လျော့ ခြင်း၊ မအောင်မြင်ခြင်းတို့ကို အ ကျပ်အတည်းအကျိုးသွားများအ ရ ‘ယူ’သော် ‘ရ’နိုင်၏ဆိုသည်ကို ထုတ်နုတ်ဆွဲယူပြချက်တွေဟု ဆိုလို၍ရပါမည်။  ဟက်ဂါ့ဒ်နှင့် ကော့ဖ်မန်းတို့၏ ‘ဒီမိုကရေစီအ ကူးအပြောင်းများ၏ နိုင်ငံရေးရာ စီးပွားရေး’ (The Political Economy of Democratic Transitions -1995) စာအုပ်ကို အဓိကကျောရိုးအဖြစ် ယူထား သော်လည်း ၁၉၉၇၊ အမေရိကန် နှိုင်းယှဉ်နိုင်ငံရေး ဂျာနယ်ပါစာ တမ်း၊ ၂၀၁၃ တွင် နိုင်ငံခြားဆက် ဆံရေးကောင်စီ(CFR) မှ ထုတ် ဝေခဲ့သော ပညာရှင် ၁၁ ဦးစု ပေါင်းပြုစုထားသည့် ‘Pathways to Freedom: Political and Economic Lessons From Democratic Transitions ’ စသည်တို့ကိုပါ လိုအပ်သလို ညှိ နှိုင်းထုတ်ယူ၍ ဤဆောင်းပါးစာ စုကို အပိုင်းလိုက်ရေးသား တင် ပြနေခြင်းဖြစ်ရာ မြန်မာအတွက် သင်ခန်းစာနှင့် နမူနာများစွာထင် ဟပ်နေသည်။ ယူ၍လုပ်နိုင်ကြ ရန် ရည်ရွယ်သောကြောင့် အနီး စပ်ဆုံး၊ အသင့်လျော်ဆုံး အနှစ် အသားတို့ကို စိစစ်ရွေးထုတ်ထား ခြင်း ဖြစ်သည်။

အကူးအပြောင်း..။ မြန်မာသည် ဤလမ်းမပေါ်မေးတင်ရုံတင်စ ကာလတစ်ရပ်မှာပဲ ရှိနေပါသေး သည်။ အကူးအပြောင်းဆိုရာ၌ အခြေခံနိယာမနှစ်ချက်ကို ရည် ညွှန်းပြောဆိုကြရပါသည်။ (၁) ထုံးတမ်းစဉ်လာတကျ တရားဝင် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အုပ် ချုပ်ခြင်း(များ)။ (၂)အင်ဖော်မယ် (Informal) နားလည်ထားကြရ မည်က ထိုထိုအုပ်ချုပ်ရေးများ သည် ဒီမိုကရက်တစ်စနစ်အတွင်း နိုင်ငံရေးဆိုင်ရာ ယှဉ်ပြိုင်ပွဲတစ် ရပ်လို ပုံစံရှိအုပ်ချုပ်ရခြင်း...။ ထို နှစ်ချက်လုံးကို ရည်ညွှန်းကြရပါ ၏။ ဒွန်တွဲသလို လွန်ဆွဲနေပါ၏။ ထိုအထဲတွင် စစ်ဘက်သီးခြားအ ခွင့်အရေး(အခွင့်ထူး)များ၊ နိုင်ငံ ရေးလောကအတွင်း ပူးပေါင်းပါ ၀င်ခြင်းဆိုင်ရာ အခွင့်အရေး (Rights) များ၊ ကိုယ်စားပြုမှုဆိုင် ရာနှင့် ဆုံးဖြတ်ချက်ချမှတ်သည့် အင်စတီကျူးရှင်းများ၏ ဒီဇိုင်း (ဘယ်လိုပုံစံရေးဆွဲလုပ်ကိုင်ကြ သည်လဲ) ဆိုခြင်းတွေပါဝင်သည်။ ဤအရာတွေက ဤကာလမျိုးမှာ ဘယ်လိုမျှ အခြေတကျရှိရှိ တည် ငြိမ်နေကြဦးမည်မဟုတ်။ သို့ငြား ထရန်စစ်ရှင်းဆိုသည်ကပင် နိုင်ငံ ရေးဖွံ့ဖြိုးမှုအပေါ် အတော်သြ ဇာကြီးမား လွှမ်းမိုးနေစေပါ၏။ Political Development သည် လည်း ပရိုဂရက်ဆစ်ရီရယ်လိုက်ဇေးရှင်းသဘောများနှင့် ဆက်စပ် နေပြန်သည်။

 ကျပ်တည်းသောနှင့် အ ကျပ်အတည်း သိပ်မရှိလှသော အကူးအပြောင်းနှစ်မျိုးအကြားမှ ခြားနားချက်တို့မှာ ‘ဖွဲ့စည်းပုံအ ခြေခံဥပဒေ’ လိုအပ်ချက်နိယာမ များတစ်ဆင့်ချင်း သွားရပုံနှင့် ယင်းတို့ ဘယ်လိုအမှန်တည်ရှိနေ သည်လဲဆိုသည့် အချက်ကိုအဓိ ကသာဓကတစ်ရပ်အဖြစ် အရင် ဆုံးတွေ့ကြရပါသည်။ အကျပ်အ တည်းသိပ်မရှိလှသော ချီလီ၊ တူရကီ၊ ထိုင်းတို့၌ ထွက်ခွာသွား သော အသော်ရစ်တေးရစ်တေး ရီးယန်း အစိုးရရေးဆွဲခဲ့သည့် ဖွဲ့ စည်းပုံအောက်မှာပင် အကူးအ ပြောင်းပေါ်ထွန်းဖြစ်ထွန်းခဲ့သည်။ တက်လာသော အစိုးရသစ်က ခပ်မြန်မြန် ပြုပြင်ယူနိုင်လိုက် သည်။ အခွင့်သာသည်။ သိပ်မ ကျပ်။ ညှိယူ၍ရကြသည်။ တက် လာသူကအဆင်သင့် မောင်းနှင် လည်ပတ်သွားရုံဆိုတာမျိုး ဖြစ် သည်။ ချန်ဒူးဝမ်၏ ကိုရီးယားမှာ တော့ ၁၉၈၇ အတွင်း လူထုအုံ ကြွမှု ကြီးကြီးမားမားတွေဖြင့် ကြုံ ရ၏။ ထိုဖွဲ့စည်းပုံသည် စစ်ဘက် ထွက်ပေါက် (Military's Exit)  အတွက် ဦးစားပေးရေးဆွဲထား ခြင်းမျိုး ဖြစ်သည်။ စစ်ဘက်အ စိုးရ၏ အခွင့်ထူးများကို အရေး ကြီးနည်းလမ်းသွယ်များအတွင်း ထင်ဟပ်ပြထားသည်။ နောက် တော့ ပြင်ဆင်နိုင်သွားခဲ့ကြပါ သည်။ ဖိလစ်ပိုင်နှင့် အာဂျင်တီး နားတို့မှာတော့ အတိုက်အခံနိုင်ငံ ရေးသမားတွေက လူထုအုံကြွမှု ဖြင့် ပြုတ်ကျသွားသည့် အုပ်ချုပ် ရေးကဏ္ဍတွင် အင်စတီကျူးရှင်း ဆိုင်ရာများ ချက်ချင်းဆိုသလို မွမ်းမံတည်ဆောက်ယူလိုက်နိုင်ကြ ၏။ နှစ်တချို့တော့ ချီ၍ကြာသော် ငြား အသော်ရစ်တေးရီးယန်း အုပ်ချုပ်ရေးပုံစံကို ပြောင်းလဲပစ် လိုက်နိုင်ခဲ့ကြသည်။ ဘိုလီးဗီး ယားမှာတော့ သမ္မတနှင့် လွှတ် တော်ကို ဒီမိုကရက်တစ်တွေ နေ ရာဝင်ယူနိုင်ခဲ့ကြပြီးချိန်အထိ စစ် သွေးကြွအကဲဆတ်အတိုက်အခံ အုပ်စုတွေဖြင့် ကသောင်းကနင်း ရှိခဲ့လှသည်။ ဥရုဂွေးမှာ ကွန်စတီ ကျူးရှင်းကို စစ်ဘက်ကလိုသလို ကိုင်ထားချိန်အတော်ကြာမြင်ခဲ့ သည်။ နောက်တော့သမားရိုးကျ ပါတီတွေ၊ ၎င်းတို့ကို ထောက်ခံ သူတွေ စုပေါင်း၍ ဈေးဆစ်ညှိနှိုင်း (Bargain) လုပ်ယူခဲ့ကြရသည်။

ပီရူးနှင့် ဘရာဇီးကတော့ နည်းနည်းထူးခြားသလို ရှိပါ၏။ အသော်ရစ်တေးရီးယန်းခေါင်း ဆောင်များ၊ ၎င်းတို့၏မဟာမိတ် များက အကူးအပြောင်းအပေါ် အကြီးအကျယ်သြဇာလွှမ်းမိုး သည်။ သို့ငြားအတိုက်အခံနိုင်ငံ ရေးသမားတို့ကလည်း အကျပ် အတည်းနည်းပါးသော ဖြစ်စဉ် များ အတွင်းမှာထက် ပိုကြီးမား သော အခန်းကဏ္ဍမှာပါဝင်နေ ကြပြန်၏။  ပီရူးဖွဲ့စည်းပုံသစ်ထဲ မှာ စစ်ဘက်ပါဝါထည့်သွင်းချန် ရစ်ရေးဆွဲခဲ့ငြား အတိုက်အခံအ များစုကြီးစိုးသော လွှတ်တော်က မူကြမ်း ရေးဆွဲခဲ့ခြင်းဖြစ်သည်။ နောက်တဖြည်းဖြည်း ပြင်ယူလာ ခဲ့ကြသည်။ ဘရာဇီး၏ ၁၉၈၈ ဖွဲ့ စည်းပုံ၌လည်း စစ်ဘက်ကသီး ခြားအခွင့်ထူးများစွာ ထည့်သွင်း ရေးဆွဲထားငြား ရွေးကောက်ခံ အစိုးရတစ်ရပ်လက်သို့ အာဏာ လွှဲပြီး တစ်နှစ်အကြာ၌ ကွန်ဂရက် က ဤဖွဲ့စည်းပုံမူကြမ်းအတည် ပြုခဲ့၏။

အင်စတီကျူးရှင်းဆိုင်ရာ ဒီ ဇိုင်း( Institutional Design) အ တွက် ညှိနှိုင်းအဖြေရှာကြရခြင်း သြဇာသက်ရောက်မှုတွင် အ သော်ရစ်တေးရီးယန်းရော အ တိုက်အခံဘက်က အင်အားစုများ ပါ ‘အား’(Strength) တို့ ဆက်စပ် နေကြောင်း အသေအချာတွေ့ရှိ လိုက်ကြရပါ၏။ ထွက်ခွာဆဲ (Outgoing) အုပ်ချုပ်သူများအ နေဖြင့် ဗဟိုကျရည်မှန်းချက်နှစ် ရပ် ရှိကြမြဲ ဖြစ်သည်။

(၁)စစ်ဘက်၏အဖွဲ့အစည်း ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရေရှည်ခံနိုင်သမျှ ကြာရှည်ဖြစ် ရေးနှင့် ပေါ်လစီအာဂျင်ဒါတို့၌ ၎င်းတို့ပါဝင်တည်ရှိနေစေမှု ကြို တင်ပြင်ဆင်ထားရေး။ ဆုံးဖြတ် ချက်တွေ ချမှတ်ရာ၌ နယ်ပယ်ပိုင်း ခြားသတ်မှတ်ထားစေဖို့ ဖန်တီး ထားရန် ရည်မှန်းချက်ဖြစ်သည်။ စစ်ဘက်တည်ရှိဖွဲ့စည်းပါဝင်နေ ခြင်းသည် ဒီမိုကရက်တစ်ချက် ချင်းဖြစ်၊ မဖြစ်နှင့် သိပ်မသက် ဆိုင်လှ။ စစ်ဘက်က သီးခြားသီး သန့်ချည်းသက်သက်ဆိုသည်က လည်း မဖြစ်နိုင်။ ရှမစ်တာ (Schmitter) တို့၏ လေးစောင်တွဲ ကျမ်း‘အသော်ရစ်တေးရီးယန်း အုပ်ချုပ်ရေးမှ အကူးအပြောင်း များ’ (Transitions from Auth-oritarian Rule) တွင် အသေး စိတ်လေ့လာဆွေးနွေးထုတ်နုတ် ပြထား၏။ ရုတ်ခြည်းထိန်းချုပ်၍ အရပ်ဘက် ကွပ်ကဲမှုအောက် ရောက်မသွားနိုင်ဟု မှတ်ချက်ရရှိ သည်။ တစ်နိုင်ငံချင်းထပ်တူမကျ။

(၂) အရပ်ဘက်ဒီမိုကရက်တစ် (၀ါ) အတိုက်အခံတို့အပေါ် ကန့် သတ်ချက်များ သေချာနေရာချ ထားနိုင်ရေး။ အသေးစိတ်အချက် အလက်တွေကတော့ ရှုပ်ထွေးပွေ လီမြားမြောင်လှ၏။ ရလဒ်တွေ လည်း ထိုနည်းတူပင်။ ကျပ်တည်း သောနှင့် အကျပ်အတည်းနည်း ပါးသော အကူးအပြောင်းပုံစံနှစ် ရပ်အကြား ညီညွတ်မှုအရာ၌ ကွဲ ပြားခြားနားချက်တွေ ရှိသည်။

အကျပ်အတည်း (Crisis) ၏ အကျိုးသက်၊ အကျိုးသွား သည် ထရန်စစ်ရှင်းဟူသော ဝေါ ဟာရအနက်ဖွင့်ချက်နှင့် ပုံစံများ၊ ဖြစ်ရပ်များကို ယူဆခြင်း၊ ကောက်ချက်ချကြရခြင်းဖြစ်ရာ ဖော်ပြပါ အချက်နှစ်ချက်သည် လက်တွေ့ လေ့လာမှုများမှ တွေ့ရှိခြင်း ဖြစ် ၏။ (PE of Democratic Transitions by Haggard and Kaufman. Chapter-4, Part-1) ထွက်ခွာဆဲ အီလစ်များကပဲ ညှိနှိုင်းမှုတို့ကို ကြီးကြီးမားမား ထိန်းချုပ်လေ့ရှိကြ၏။ ဖွဲ့စည်းပုံ သစ်(သို့မဟုတ်) ဒီမိုကရက်တစ် ဖြစ်ရန် ပြင်ဆင်ချက်များဆောင် ရွက်ရေးလုပ်ငန်းစဉ်သည်လည်း ထိုထိုသော ညှိနှိုင်းမှုများကြားထဲ မှသာ ဖြစ်ထွန်းထွက်ပေါ်တတ်မြဲ ဟု တွေ့ရှိကြရသည်။ စမ်းသပ် ရင်းယှဉ်ပြိုင်ကြရခြင်းဟု ခေါ်ဆို သုံးနှုန်းကြပါ၏။

စစ်ဘက်သီးသန့်အခွင့်ထူး များနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း နယ်ပယ်သတ်မှတ်ပိုင်းခြားမှုများ .... ကို ကျပ်တည်းသော၊ အကျပ်အ တည်းသိပ်မရှိလှသော ဘယ်အ ကူးအပြောင်းမှာမဆို အနည်းနှင့် အများတွေ့ကြကြုံကြဖြတ်သန်း ကြရသည်ဆိုခြင်းမှာ နိယာမတစ် ရပ်လို ပုံစံကျဖြစ်တည်နေခဲ့တာ ကြာပဲကြာလှပြီဖြစ်၏။ ဆန်း တော့လည်း သိပ်မဆန်းလှပါ။ ကိုယ့်‘တာ’ ကိုယ် ‘လုံ’ အောင် ‘ကာ’ကို ကာပြီးမှ အသော်ရစ်တေးရီး ယန်းပုံစံစနစ်တို့ ဆုတ်ခွာမြဲဖြစ် သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စီးပွားပိုင်ဆိုင်မှု၊ သီးခြားဥပဒေ၊နည်းဥပဒေများ၊ ဈေးကွက်တွင်း လည်ပတ်ဆဲလုပ်ငန်းများ...စ သော များပြားလှသည့် နယ်ပယ် တစ်ခုချင်းဆီမှာကို ရှိနေတတ်မြဲ ဖြစ်သည်။ ဘယ်သို့သော အာဏာရှင်ပုံစံအောက်မှ ကူးပြောင်းကြ သည်ဖြစ်စေ၊ နောက်ထပ်တူညီ ချက်တစ်ရပ်က ပေါ်ပေါက်လာ သော  အကျပ်အတည်း၊ အထူး သဖြင့် လူမှုစီးပွားအကျပ်နှင့် အထွေထွေအကျပ်များကို မကျော် လွှားနိုင်ပါက အသော်ရစ်တေးရီးယန်းစနစ်ဆုတ်ခွာ (Withdr-awal)သွားမည်မဟုတ်ကြောင်း ပင် ဖြစ်သည်။ ထိုထိုထွက်ခွာလု ဆဲဆဲ အုပ်ချုပ်သူ(ဟောင်းသစ် ဘာပဲဖြစ်စေ)အသော်ရစ်တေး ရီးယန်းတို့သည် ‘အသော်ရစ်တေးရီးယန်း နယ်ပယ်ပိုင်းခြားသတ်မှတ်ခြင်း’ (Authoritarian Enclaves) ကို သေချာကျနဖန် တီးယူကြမြဲ ဖြစ်၏။ ၁၉၇၈ ကတည်းက စတင်ကူးပြောင်းရေး ရုန်းကြွခဲ့သော ထိုင်းတွင်အကြိမ် ကြိမ် အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့၏။ နိမ့်မြင့်တက်ကျရေချိန် ပေါင်းစုံဖြတ်သန်းပြီး လူမှုစီးပွား ရေချိန်တည်ငြိမ်မှု တစ်ရပ်ရောက် ခဲ့သော ၁၉၉၀ ပြည့်လွန်နှစ်များ မှာမှ ဒီမိုကရေစီအုပ်စုတွင်း စတင်ဝင်ရောက်နိုင်လာခဲ့သည်။ အာရှကျားတစ်ကောင်အဖြစ် အဆင့်တိုးသတ်မှတ်ခံလာခဲ့ရ သည်။ (ရည်ညွှန်း -Thailand: Liberalization without Democracy,  In James Morley,Ed., Driven by Growth: Political Change in the Asia - Pacific Region. Armonk: M.E.Sharpe, 1993., PP-128-134)

လက်တင်အမေရိကန်၏ ချီ လီ၊ ဘရာဇီးနှင့် ဥရောပ-အာရှ စပ်ကြားတူရကီအကူးအပြောင်း များကို နှိုင်းယှဉ်ကြည့်ကြပါက ကွဲပြားချက်တို့များစွာ ရှိသည်မှန် ငြား တူညီချက်တစ်ချက်က ယနေ့ မြန်မာအတွက် အရေးကြီးလှ၏။ ‘အင်စတီကျူးရှင်းများ မှန်မှန် တည်ငြိမ်အားကောင်းထက်မြက် လာခြင်း’ ဖြစ်ပါသည်။ ချီလီဆို လျှင် ကမ္ဘာကျော်အာဏာရှင် ပီနို ချေး(Pinochet) လက်အောက်မှ ပရိုဂရက်ဆစ်ရီရက်လိုက်ဇေး ရှင်းပုံစံများစွာဖြင့် နှစ် ၂၀ ကျော်အကြာတွင် ကမ္ဘာ့ထိပ်သီးလစ်ဘ ရယ်ဒီမိုကရေစီအဆင့်တွင် ၀င်ရောက်လာနိုင်ခဲ့သည်။ ရွေး ကောက်ပွဲများ၊ လူမှုစီးပွားဖက်တာများ၊ အင်စတီကျူရှင်နယ် လိုက်ဇေးရှင်း၊ ခေါင်းဆောင်မှု အခန်းကဏ္ဍ၊ လစ်ဘရယ်လိုက် ဇေးရှင်းနှင့် မှန်မှန်ဖြစ်ထွန်းတိုး တက်မှု... စသဖြင့်တို့တွင် ‘နိုင်ငံ ရေးရာစီးပွားရေး’ မူဝါဒနှင့် လက်တွေ့က လွှမ်းခြုံထားနိုင်ကြောင်း တွေ့ရှိရပါ၏။ နိုင်ငံရေး၊ စီးပွား ရေးနှစ်ရပ် နယ်ပယ်ကြီးနှစ်ခုကို ပေါင်းစပ်ရင်း၊ ယှဉ်တွဲရင်း၊ ခွဲခြား ရင်း၊ အတူတကွရှိစေရင်း လက် တွေ့ကျဖြစ်ထွန်းအောင်မြင်စေ ရေး သော့ချက်ကိုပြပါ၏။

တောင်ကိုရီးယားနမူနာ သည် ရိုတေဝူး(Roh Tae-Woo) လက်ထက်မှာ ပိုပုံပေါ်ခဲ့သည်။ ရိုသည် စစ်ဘက်အကြီးအကဲ ဟောင်းတစ်ဦးပဲ ဖြစ်၏။ သို့ငြား နိုင်ငံကို မြှင့်တင်ကူးပြောင်းပေး ခဲ့ပါသည်။ အာဂျင်တီးနားမှာ လူ မျိုးစုပဋိပက္ခတချို့ကို တည်တည် ငြိမ်ငြိမ် ထိန်းကျောင်းဖြေရှင်းပေး နိုင်ခဲ့၍ အကျပ်အတည်းသိပ်မရှိ  စာရင်းဝင်သွားသည်။ ကျပ်တည်း သော စာရင်းဝင်ဘရာဇီးနှင့် ဖိ လစ်ပိုင်ကတော့ မတည်ငြိမ်မှု တွေ၊ ဆူပူမှုတွေ ထိန်းကျောင်း ရင်း နိမ့်ချည်မြင့်ချည်ကြိမ်ဖန်များ စွာ။ ဖိလစ်ပိုင်ကို အကူးအပြောင်း အောင်မြင်စာရင်းဝင်စေခဲ့သည် မှာ ရာမို့စ်အစိုးရဖြစ်၏။ စစ်ဘက် မှ အရပ်ဘက်ပြောင်းလာသော နိုင်ငံချစ်၊ နိုင်ငံရေးသမားတစ်ဦး။

နောက်တစ်ချက်ထပ်ကြည့် ကြပါမည်။ ပူးပေါင်းပါဝင်မှုအ ပေါ် စိစစ်တင်းကျပ်မှုများဟု ပညာရပ်က ဖွင့်ဆို၏။ အသော် ရစ်တေးရီးယန်းအုပ်ချုပ်ရေးအ ကူးအပြောင်းဒီမိုကရစ်တစ် မဖြစ် ခင်အပြောင်းအလဲ စတင်ချိန်၌ ၎င်းတို့လိုအပ်ချက်အရ သမဂ္ဂများ၊ လက်ဝဲပါတီများအနေဖြင့် သီးခြားရပ်တည်ရသလို သီးသန့် ဆန်နေစေတတ်မြဲ ဖြစ်၏။ ဖယ် ထုတ်ခံထားရသည့် ပုံစံမျိုး။ ရပ် တည်ခွင့်ပေးသော်ငြား နိုင်ငံရေး၌ ၀င်ရောက်ပူးပေါင်းခွင့်ရရေးတွင် တင်းကျပ်ချက် (Restriction) တွေ ရှိမြဲဖြစ်သည်။ နိုင်ငံရေးနယ် ပယ်အတွင်း တရားဝင်လာသော် လည်း အခွင့်အလမ်းကတော့ ဒီ မိုကရက်တစ်အတိုက်အခံတွေ နှင့်စာလျှင် ကွဲပြားနေတတ်၊ ခွဲ ခြားခံနေရတတ်မြဲ ဖြစ်သည်။ ရွေး ကောက်ပွဲဥပဒေများအရ ပါတီမှတ်ပုံတင်ခွင့်ရသည်။ ပါတီလှုပ် ရှားမှုတို့၌ သိပ်မရေရာတတ်လှ ပေ။ လူကြိုက်နည်းများဆိုခြင်းကို လည်း ထည့်သွင်းတွက်ချက်၍ ရ၊ မရ အတပ်မပြောနိုင်ပြန်ပါ။ တူရ ကီဖြစ်ရပ်များက ထင်ရှားသည်။ ကိုရီးယား၌တော့ လေဘာနှင့် လက်ဝဲစစ်ရေးအုပ်စုများ အကြီး အကျယ်ထကြွလှုပ်ရှားမှုကြောင့် ၁၉၈၇-၈၈ တွင် ဆူပူသူအမည် တင်ခံခဲ့ရသည်။ သမဂ္ဂတွေကို တော့ ဆက်ခွင့်ပြုခဲ့သည်။ မြောက် ပိုင်းရန်ကြောင့်ဟုဆိုနိုင်သော သီးခြားကိစ္စဟု မြင်ပါသည်။

သိပ်မကျပ်တည်းလှသော ဖြစ်စဉ်များ၌တော့ အကျိုးတူအုပ် စုများ စုပေါင်းဖွဲ့စည်းခွင့်ပေး၍ စနစ်တကျမှတ်ပုံတင်စေပြီး နိုင်ငံ ရေးပါတီထူထောင်စေနိုင်ခဲ့စေ ခြင်းဖြင့် အဆင့်နည်းနည်းချော သွားခဲ့သည်။ သို့ငြားဒီမိုကရက် တစ်မဟုတ်သော လက်ဝဲစွန်းခြိမ်း ခြောက်မှု၊ နယ်ပယ်ပိုင်းခြားမှုတို့ ကိုတော့ လက်မခံခဲ့ပေ။ ဘိုလီး ဗီးယား၌ သမဂ္ဂများ ကွန်ဒရေး ရှင်းကို ပူးတွဲအစိုးရထဲအထိ ဆွဲ သွင်းခဲ့သေးသည်။ ၁၉၈၅ ငွေ ကြေးဖောင်းပွမှု အလွန်မြင့်မား ချိန်၌ ပြိုကျသွား၏။ လက်ဝဲစီး ပွားရေးစနစ်က ဘယ်လိုမှ မကယ်တင်နိုင်ခဲ့ပေ။

မဲဆန္ဒရှင်များနှင့် ပါတီမှတ်ပုံတင်ရေးဥပဒေများ ဒီဇိုင်းအတွင်းပုံစံနှစ်မျိုး ကွဲထွက်နေကြောင်းတွေ့ရှိရချက်တချို့ ဖြစ်ပါသည်။ ယေဘုယျခြုံပြောရလျှင် အသော်ရစ် တေးရီးယန်းအီလစ်တို့သည် သဘာဝကျကျပင် အိုင်ဒီယော် လော်ဂျီကွဲပြားမှုကို သိပ်လက်ခံ လိုစိတ် မရှိတတ်ကြပေ။ ပမာဏ သေးငယ်သော ပါတီများကိုလည်း လမ်းခရီးအတွက် အဟန့်အတား ဟု မြင်လျှင် မြင်တတ်ကြပါ၏။ စီးပွားရေးအပါအ၀င်များပြားလှ သော အကျပ်အတည်းများကို ရင်ဆိုင်ကြရရာ၌ အားကိုး၍မရ။ အသော်ရစ်တေးရီးယန်းတွေက မဆုတ်ခွာ၊ စောင့်နေကြောင်း မှတ်ချက်များကြောင့်လည်း ဖြစ် နိုင်ခြေများပါ၏။ မဲဆန္ဒနယ်မြေ တိုင်းမှာ ပေါ်ပြူလာဗုတ်(Vote) ပို လိုအပ်ချက်ရေးတွေရှိသည်။ နှိုင်းယှဉ်ကြည့်နိုင်သော အချက် များစွာကို ကျပ်တည်းသောအကူး အပြောင်းတို့၌ ထင်ရှားတွေ့မြင် ကြရမြဲဖြစ်ပါ၏။

 အကူးအပြောင်းများ၏ နိုင်ငံရေးရာ စီးပွားရေးနယ်ပယ် ကဏ္ဍသည် နိုင်ငံရေးရော စီးပွား ရေးနှင့် လူမှုစီးပွားထိပါကျယ်ပြန့် နက်ရှိုင်းယှဉ်တွယ်ဆက်စပ်နေ ပါ၏။ အကျပ်ရိုက်ခြင်းများအ ပေါ်၊ အဆုံးအဖြတ်ကာလနှင့် ဖြစ်ရပ်များအပေါ် အကျိုးဆက်များ၊ ယူဆချက်များ ဒုတိယအပိုင်းကို ဆက်လက်ဆွေးနွေးပါဦးမည်။   ။

(ဖော်ပြပါဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News