ရခိုင်အရေး အမျိုးသားလွှတ်တော် ဆွေးနွေးမည်

အကြမ်းဖက်ခံရမှုကြောင့် ဒေသခံများ၏ စားဝတ်နေရေး အခက်တွေ့ဟုဆို
အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ် မီဒီယာများအား ဖြေကြားစဉ် (ဓာတ်ပုံ − ၀ဏ္ဏအောင်)

ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များတွင် လှုပ်ရှားနေသော အကြမ်းဖက် သမားများအား ဖော်ထုတ်အရေး ယူရန် အစိုးရကို တိုက်တွန်းသည့် အဆို လက်ခံဆွေးနွေးရန်သြဂုတ် ၉ ရက်တွင် ကျင်းပသည့် အမျိုး သား လွှတ်တော်အစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။


ယင်းအဆိုကို ရခိုင်ပါတီများ ဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ် က တင်သွင်းပြီး ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(ALD)မှ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ထောက်ခံခဲ့သည်။

‘‘တိုင်းရင်းသားတွေဟာ မီတာ ၂၀၀၊ ၃၀၀ မျှလောက်ထွက်မိတာနဲ့ နေ့ခင်းကြောင်တောင် အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေနဲ့ ကြုံရပါတယ်။ တောင်ယာ၊ တောထဲတောင်ထဲကို လူလေးငါးယောက်အုပ်နဲ့ ဟင်းစားရှာထွက်ရင် အသက်နဲ့ရင်းပြီး စွန့်စားရတဲ့အလုပ်ဖြစ်လာပါတယ်’’ဟု ဦးခင်မောင်လတ်က ရခိုင်ဒေသခံများ၏ အခြေအနေအား လွှတ်တော်သို့ အဆိုတင်သွင်းစဉ် ပြောသည်။

အကြမ်းသမားတို့၏ ရည် ရွယ်ချက်သည် ဒေသအတွင်းမှ တိုင်းရင်းသား ကျေးရွာများကို ဖယ်ထုတ်ရေးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘အစိုးရပိုင်းက တိုင်းရင်း သားကျေးရွာများရဲ့ လုံခြုံရေးနဲ့ စီးပွားရေးဝန်းကျင် တိုးတက်မှုရှိ ရန် အကောင်အထည်ဖော်ခြင်း နှောင့်နှေးနေတယ်လို့ ယူဆပါ တယ်။ ဒါကြောင့် ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ မလုပ်နိုင်ခြင်းအပေါ်မှာဒေသခံများရဲ့ ယုံကြည်အားကိုးမှု ကျဆင်းနေပါတယ်’’ဟု ၎င်းကပြောသည်။

၂၀၁၆ အောက်တိုဘာ ၉ ရက်က အကြမ်းဖက်ခံရပြီးနောက် ရခိုင်ပြည်နယ်လွှတ်တော်၏ စုံ စမ်းရေးကော်မတီ အစီရင်ခံစာ နှစ်စောင် ထုတ်ပြန်၍ တောင်းဆို ခဲ့သော်လည်း အကောင်အထည် ဖော် ဆောင်ရွက်မှုမရှိသဖြင့် သိ သာသော တိုးတက်မှုများ ရှိမလာ ကြောင်း ဦးခင်မောင်လတ်က ထောက်ပြသည်။

‘‘အခုနှစ်ပိုင်းမှာ သတ်ဖြတ် ခံရမှုတွေဟာ ခပ်စိပ်စိပ်ဖြစ်လာ တာကြောင့် ဒေသခံတိုင်းရင်းသား တွေဟာ လုပ်ကိုင်စားသောက် ရေး၊ သွားလာရေးတွေမှာ အခက် အခဲများစွာ တွေ့နေပါတယ်’’ဟု ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ထောက်ခံ ဆွေးနွေးစဉ် ပြောကြားသည်။

မြန်မာနိုင်ငံသည် အချုပ် အခြာအာဏာပိုင် နိုင်ငံဖြစ်သော ကြောင့် တာဝန်ရှိသူများက ပြည် သူပြည်သားများ၏ လုံခြုံရေးကို အတိအကျကာကွယ်ပေးရမည် ဖြစ်သဖြင့် ရခိုင်တိုင်းရင်းသားများ နေထိုင်သည့်နေရာများကို လုံခြုံ ရေးအင်အား တိုးမြှင့်ဆောင်ရွက် ပေးရန်နှင့် အကြမ်းဖက်ဖြစ်ရပ် များ နောက်ထပ်မဖြစ်စေရန် အ ပြစ်မဲ့ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နေသည့် အကြမ်းဖက်အဖွဲ့များအား အမြန်ဆုံးအရေး ယူဆောင်ရွက်ပေးရန် လိုအပ် ကြောင်း ဒေါ်ထုမေကပြောသည်။

‘‘ဒီရခိုင်ကိစ္စတွေနဲ့ပတ်သက် တဲ့အဆိုကို ရခိုင်အမျိုးသားပါတီ က ခဏခဏတင်တယ်။ ခဏ ခဏ ပယ်ချခံရတယ်။ ဒီတစ်ခါ တင်တာက စာလုံးတွေကအစ အများကြီးလျှော့ထားရတာ။ လုံ ခြုံရေးတပ်ဖွဲ့တွေက သဘောကျ အောင်၊ အစိုးရပေါ်လစီနဲ့ကိုက်ညီ အောင်၊ အင်န်အယ်လ်ဒီပေါ်လစီ နဲ့ ကိုက်ညီအောင် အဲဒါမျိုးတွေ ပေါ့။ ဝေါဟာရတွေကို အများကြီး လျှော့ထားရတယ်။ တကယ်တင် ပြချင်တာကို ချုပ်တည်းပြီးတော့ အများကြီးကြိုးစားရတယ်’’ဟု အဆိုရှင် ဦးခင်မောင်လတ်က သတင်းထောက်များအား ပြော သည်။

အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးခင်မောင်လတ် တင် သွင်းသည့်အဆိုကို ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက ယနေ့အစည်းအဝေး အပြီးတွင် အမျိုးသားလွှတ်တော် ရုံးသို့ အမည်စာရင်းတင်သွင်းကြ ရန် လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင် သန်းက ပြောသည်။

ယခု ဒုတိယလွှတ်တော် သက်တမ်းအတွင်း ANP ပါတီ သည် ရခိုင်အရေးနှင့်ပတ်သက်၍ ကိုဖီအာနန်နှင့်ကော်မရှင်အား ကန့်ကွက်ကြောင်း အဆိုနှင့် ရခိုင် ပြည်နယ်အတွင်းက စစ်ဘေး ရှောင် ဒုက္ခသည်များအား ကူညီ ထောက်ပံ့ရေးအဆိုတို့ကို တင် သွင်းသော်လည်း လွှတ်တော်က ပယ်ချခဲ့သည်။

ယင်းမတိုင်မီက ရခိုင်ပြည် နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများရပ်စဲပြီး ရခိုင်လက် နက်ကိုင်အဖွဲ့ (AA)နှင့် နိုင်ငံရေး အရ ဆွေးနွေးပွဲ ဖိတ်ခေါ်သင့် ကြောင်းအဆိုကို ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁)  အမျိုးသား လွှတ်တော်အမှတ် ဦးဝေစိန် အောင်က တင်သွင်းသော်လည်း အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိပြီး ယခုတစ်ကြိမ်တွင် လွှတ်တော်က လက်ခံဆွေးနွေး ရန် ဆုံးဖြတ်ခဲ့သည်။

ယင်းအဆိုကို ဦးခင်မောင် လတ်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံသို့ တင်ပို့ပြီးနောက် မိနစ်အနည်းငယ်အတွင်း ဒေါ်ထု မေကလည်း ဦးခင်မောင်လတ် တင်သွင်းသည့် အကြောင်းအရာ နှင့် သဘောထားတူသည့် အဆို တစ်ရပ်ကို တင်သွင်းကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကိုယ်စား လှယ်များအား ပြောသည်။

ထို့ကြောင့် အဆိုတင်သွင်း သူနှစ်ဦး၏ ဆန္ဒပြည့်ဝရန်နှင့် တူ ညီသောအခွင့်အရေးများရရှိစေ ရန် ဥက္ကဋ္ဌထံသို့ ပထမဦးစွာအဆို ကို လာရောက်တင်သွင်းသူ ဦးခင် မောင်လတ်က အမျိုးသားလွှတ် တော်ဆိုင်ရာ နည်းဥပဒေ ၁၆၉ (ခ)၊ နည်းဥပဒေခွဲငယ်(၁) အရ အဆိုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင် သွင်းရမည်ဖြစ်ပြီး ဒေါ်ထုမေအ နေဖြင့် ထောက်ခံရန် လွှတ်တော် ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းက ဆုံး ဖြတ်ခဲ့သည်။

Top News