လာဘ်စားခဲ့သည့် ဝန်ထမ်းနှစ်ဦး ထွက်ပြေးတိမ်းရှောင်နေဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြော

တရားမဝင်သစ်လုပ်ငန်း ရှင်သုံးဦးထံမှ လာဘ်စားခဲ့သည့် ဝန်ထမ်းနှစ်ဦး အမှုရင်ဆိုင်ခြင်း မရှိဘဲ ထွက်ပြေးတိမ်းရှောင်နေ ကြောင်း အဂတိလိုက်စားမှု တိုက် ဖျက်ရေး ကော်မရှင်မှ ပြောရေး ဆိုခွင့်ရှိသူ ဦးသင်းမောင်က ပြော သည်။


‘‘သက်ဆိုင်ရာဝန်ကြီးဌာန ရဲ့ ခွင့်ပြုချက်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ ဥပဒေအကြံပေး ချက်တွေ စောင့်နေစဉ်မှာ ထွက် ပြေးသွားတာပါ။ ပြေးလို့ရှိရင် တော့ နောက်ထပ်ပုဒ်မတစ်ခု ထပ်တက်တာပေါ့’’ဟု ဦးသင်း မောင်က ပြောသည်။

လာဘ်စားခဲ့သူ နှစ်ဦးအနက်တစ်ဦးဖြစ်သူ ရဲအရာရှိသည် ကျွန်းလှမြို့နယ် ပေပင်ချောင် ရဲကင်းမှ ကျန်တစ်ဦးသည် မော်ကယ်ဘိနယ်တွင် တာဝန်ကျနေသော သစ်တောဝန်ထမ်းဖြစ် သည်။ ၎င်းတို့ကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ သိရသည်။

ရဲအရာရှိသည် တရားမဝင် သစ်လုပ်ငန်းရှင် နှစ်ဦးထံမှ လစဉ် ကျပ်တစ်သိန်းခွဲနှင့် သစ်တော ဝန်ထမ်းသည် တရားမဝင် သစ်လုပ်ငန်းရှင်နှစ်ဦးထံမှ လစဉ်ကျပ်နှစ်သိန်းခွဲ လာဘ်စားခဲ့သည်ဟု ကျွန်းလှမြို့နယ် ရဲစခန်းက သတင်းထုတ်ပြန်ထားသည်။

‘‘အဲဒီအမှုဖြစ်တာနဲ့ ကျွန် တော်တို့ဝန်ကြီးဌာနကတော့ ဝန် ထမ်းအဖြစ်က ထုတ်ပယ်လိုက်ပါ ပြီ။ ကျန်တာတွေတော့ မသိရ သေးပါဘူး’’ဟု စစ်ကိုင်းတိုင်း ဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း က ပြောသည်။

၎င်းတို့နှစ်ဦး ထွက်ပြေးတိမ်း ရှောင်နေသည်မှာ နှစ်ပတ်ကျော် ပြီဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအပြင် ဝရမ်းပြေးအဖြစ်ပါ အမှုဖွင့်ရန် ပြင်ဆင်နေ ကြောင်း ဦးသင်းမောင်ကပြော သည်။

‘‘ကျွန်တော်တို့ သူတို့ရှိတဲ့ နေရာတွေ၊ ဆွေမျိုးသားချင်းတွေ နေတဲ့ နေရာတွေပါ မကျန် လိုက် လံစုံစမ်းနေပါတယ်။ အခုချိန်ထိ တော့ မမိသေးပါဘူး။ သစ်ခိုးရင်း မိတာတော့ မဟုတ်ပါဘူး။ တိုင် ကြားစာကြောင့် လိုက်လံစုံစမ်း ရင်းက အမှုဖြစ်တာပါ’’ဟု စစ် ကိုင်းတိုင်းဒေသကြီး ရဲမှူးကြီး လူလူသန်းက ပြောသည်။

ပြစ်မှုထင်ရှားကြောင်းတွေ့ ရှိရသဖြင့် လာဘ်ပေးသူ တရား မဝင်သစ်လုပ်ငန်းရှင်သုံးဦးအပါ အဝင် ၎င်းတို့နှစ်ဦးကို ပုဒ်မ ၅၆/၆၃ ဖြင့် ဇူလိုင် ၁၆ ရက်က တရားစွဲဆိုခဲ့သည်။ လုပ်ငန်းရှင်နှစ်ဦးက တိမ်းရှောင်နေသော်လည်း တစ် ဦးကို ဖမ်းမိထားသည်။

Top News