ကွတ်ခိုင်တွင် ရဲတပ်ဖွဲ့ဝင်က သေနတ်ဖြင့် ပစ်ခတ်၍ အရပ်သားသုံးဦး သေဆုံး

ကွတ်ခိုင်မြို့တွင် ရဲတပ် ဖွဲ့ဝင်တစ်ဦးက မူးယစ်ဆေးသုံးစွဲ သူများရှိနေသည်ဆိုသော နေအိမ် အတွင်း သေနတ်ဖြင့် ဝင်ပစ်ရာမှ အရပ်သားသုံးဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။ 


အဆိုပါဖြစ်စဉ်သည် ကွတ်ခိုင်မြို့ အမှတ်(၃)ရပ်ကွက်တွင် သြဂုတ် ၆ ရက်၌ ဖြစ်ပွားခြင်းဖြစ် ပြီး ၎င်းရဲတပ်သားကို လူသတ်မှု ဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။ အရပ်သား များကို သေနတ်ဖြင့် ပစ်သည့်ရဲ တပ်ဖွဲ့ဝင်သည် ကွတ်ခိုင်မြို့မရဲစ ခန်းမှ ဖြစ်ကြောင်း အထက်ပါရဲ တပ်ဖွဲ့မှ သိရသည်။ 

‘‘မူးယစ်ဆေးနဲ့ ဆက်စပ်နေ တယ်။ အဲဒီရဲကိုလည်း ဖမ်းထား တယ်’’ဟု ၎င်းကပြောသည်။ 

အခင်းဖြစ်ရာနေရာတွင် အ သက်(၂၀)ခန့် အမျိုးသားနှစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကာ နောက်တစ်ဦးသည် လားရှိုးပြည် သူ့ဆေးရုံ၌ သြဂုတ် ၇ ရက်တွင် ထပ်မံသေဆုံးခဲ့ကြောင်း ကွတ် ခိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထန် က ပြောသည်။ 

သေနတ်ဖြင့် ပစ်ခတ်သူရဲ တပ်သားသည် မူးယစ်ဆေးသုံးစွဲ သည်ဟု သတင်းထွက်နေပြီး ယင်း ဖြစ်စဉ်ကိုပါ စစ်ဆေးနေကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ဆို သည်။ ကွတ်ခိုင်မြို့နယ်ဒေသခံ များက သေနတ်ပစ်မှုဖြစ်ပွားသော အိမ်တွင် မူးယစ်ဆေးသုံးစွဲသူအ ချို့ရှိနေပြီး ရဲတပ်သားသည် သေ နတ်ကိုင်၍ ဝင်ရောက်ကာ တစ်စုံ တစ်ရာပြောကြားခြင်းမရှိဘဲ ပစ် ခတ်ခြင်းဖြစ်ကြောင်း ပြောသည်။ 

အသက်ရှင်ကျန်ရစ် သူနှစ်ဦး သည် လားရှိုးပြည်သူ့ဆေးရုံတွင် သြဂုတ် ၉ ရက်အထိ ကုသနေဆဲ ဖြစ်သည်။ စိတ်ကြွဆေး၊ ဘိန်း သုံးစွဲမှုနှင့် ထုတ်လုပ်မှုများပြား သော ရှမ်းနှင့် ကချင်ပြည်နယ်တွင် မူးယစ်ဆေးသုံးသော ရဲတပ်ဖွဲ့ဝင် အချို့ကို အရေးယူခဲ့ရသော ဖြစ် စဉ်များရှိကြောင်း ရဲတပ်ဖွဲ့မှတ် တမ်းများအရ သိရသည်။ 

Top News