အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ်ဓားဖြင့် အချက်ပေါင်းများစွာထိုးပြီး သေကြောင်းကြံ

တောင်ဥက္ကလာပမြို့ နယ် Amari Coffeebar ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးသည် အရက်ကြောင် ကြောင်ကာ မိမိကိုယ်ကိုယ် အူများ ထွက်သည်အထိ ဓားဖြင့်ထိုးကာ သေကြောင်းကြံစည်မှုဖြစ်ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါ အသက် (၃၃)နှစ် အရွယ် အမျိုးသားသည် ဩဂုတ် ၈ ရက် ည ၁၁ နာရီခန့်က ဆိုင်၏ နောက်ဖေးမီးဖိုချောင်အတွင်း အ ရက်ကြောင်ကြောင်ကာ မိမိကိုယ်ကိုယ် ဓားဖြင့်ထိုးခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ သေကြောင်းကြံ စည်သည့် ထွန်းထွန်းမြင့်သည် နတ်မောက်မြို့နယ် ဆံမကျည်း ပင်ရွာမှ လာရောက်အလုပ်လုပ် သူဖြစ်ပြီး အရက်စွဲနေကာ အရက်မသောက်ရန်ဆိုင်က တားမြစ်ထားသဖြင့် အရက်ကြောင်ကြောင်ကာ ပြုလုပ်ခြင်းဖြစ်ကြောင်း အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဆိုသည်။

မီးဖိုချောင်သုံး စတီးဓားဖြင့်မိမိကိုယ်ကိုယ်ထိုးခဲ့သဖြင့် ထွန်းထွန်းမြင့်၏ ဝမ်းဗိုက်တွင် အူများထွက်နေသည့် ဒဏ်ရာတစ်ချက်၊ လည်ပင်းနှစ်ဖက်စလုံးနှင့် ရင်အုံနှစ်ဖက်စလုံးတွင် ဒဏ်ရာများရရှိခဲ့သဖြင့် မြောက်ဥက္ကလာပဆေးရုံ သို့ တင်ပို့ကုသထားသော်လည်း စိုးရိမ်ရသည့် အခြေအနေရှိ ကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍ တောင် ဥက္ကလာပမြို့မရဲစခန်းက ရာဇ သတ်ကြီးပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ သိရသည်။