မှော်ဘီ ငါးမွေးကန်ပေါင်ပေါ်၌ အသတ်ခံထားရသည့် အမျိုးသားအလောင်းတွေ့ရှိ

ကျူးလွန်သူဟု ယူဆရသူကို ဖမ်းမိထား

မှော်ဘီမြို့နယ် ပေါက် ကုန်းကျေးရွာ မြောက်ဘက်ရှိ ငါး မွေးမြူရေးကန်ပေါင်ပေါ်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးသည့် အမျိုးသားတစ်ဦးအလောင်း တွေ့ရှိခဲ့ပြီး ကျူးလွန်သူ အမျိုးသားကို ဩဂုတ် ၉ ရက် နံနက် ၄ နာရီခန့်က ဖမ်းမိခဲ့ကြောင်း ရဲအရာရှိတစ် ဦးက ပြောသည်။


ငါးမွေးမြူရေးကန်ပေါင်ပေါ် တွင် အသက် (၂၈)နှစ်အရွယ် အမျိုးသားတစ်ဦး ဓားဒဏ်ရာများ ဖြင့် သေဆုံးနေသည်ကို ဩဂုတ် ၈ ရက် နံနက် ၉ နာရီခန့်က သိရှိခဲ့ ပြီး သေဆုံးသူသည် လက်ပံတန်း မြို့နယ်နေ ဝင်းလွင်ဦးဖြစ် ကြောင်း မြောက်ပိုင်းခရိုင်ရဲတပ် ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

သေဆုံးသူနှင့် နောက်ဆုံး အရက်အတူသောက်ခဲ့သည့် အသက် (၃၅)နှစ်အရွယ် ဇော်မိုးသည် လူသတ်မှုကျူးလွန်ခဲ့ပြီး ဇာတိရွာ လက်ပံတန်းမြို့နယ် တော်ကလပ်ကျေးရွာသို့ တိမ်းရှောင်သွားသဖြင့် ဖမ်းဆီးစစ် ဆေးခဲ့သည်။ သေဆုံးသူ ဝင်း လွင်ဦး၏ဇနီးသည် ၎င်း၏တူမဖြစ်ပြီး ဝင်းလွင်ဦးက အိမ်ထောင် တာဝန် မကျေပွန်သည့်အပြင် အနိုင်ကျင့်နှိပ်စက်နေသည်ကို မကျေနပ်၍ ဓားဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

လူသတ်မှုနှင့်ပတ်သက်၍ ဇော်မိုးကို မှော်ဘီမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။

More in Crime Section