ကွင်းလယ်လူ ဂန်ဒိုဂန် ပြန်လည်ကစားနိုင်မည်ဟု ဂွါဒီယိုလာမျှော်လင့်

မန်စီးတီးကွင်း လယ်လူ အီကေးဂန်ဒိုဂန်သည် ကာလရှည်ဒဏ်ရာမှ ပြန်လည် သက်သာလာပြီး ကြံ့ခိုင်မှု ပြည့်ဝလုနီးပါးဖြစ်ကာ လာမည့် သီတင်းပတ်တွင် ကစားမည့် ဂျီရိုနာနှင့် ခြေစမ်းပွဲ၌ ထည့်သွင်းကစားနိုင်မည်ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ က မျှော်လင့်နေသည်။

ဂန်ဒိုဂန်သည် ပြီးခဲ့သည့်ရာ သီက မန်စီးတီးအတွက် ၁၆ ပွဲ ကစားခဲ့ကာ ဒီဇင်ဘာအတွင်း က ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ သည်။

‘‘သူပြန်ကစားနိုင်ဖို့ နီးပြီထင်ပါတယ်။ ဂျီရိုနာနဲ့ပွဲမှာ သူနည်း နည်းတော့ ကစားနိုင်မယ်ထင် တယ်။ ဒါပေမဲ့ သူကအကြာကြီးဒဏ်ရာရနေခဲ့တာဆိုတော့ ဆရာ ဝန်ကိုတော့ မေးရပါမယ်’’ဟု ဂွါဒီယိုလာက ကလပ်အသင်း ဝက်ဘ် ဆိုက်အား ပြောကြားသည်။

‘‘စွန့်စားမှုတော့ မလုပ်ချင် ပါဘူး။ သူကြံ့ခိုင်မှု ပြည့်ဖို့ လိုပါ တယ်။ ကျွန်တော်တို့ ကစားချင် တဲ့ပုံစံနဲ့တော့ သူ့အရည်အချင်းက ကွက်တိပါပဲ’’ဟု ဂွါဒီယိုလာက ဆိုသည်။

ဂန်ဒိုဂန်သည် ကွင်းလယ် တွင် တိုက်စစ်နေရာမှ ဖြစ်စေ၊ ခံစစ်နေရာတွင်ဖြစ်စေ ကောင်း စွာ ကစားနိုင်သူဖြစ်သည်ဟု ဂွါဒီယိုလာက ပြောသည်။

မန်စီးတီးအသင်းသည် ဘရိုက်တန်နှင့် ပရီးမီးယားလိဂ် ဖွင့်ပွဲကစားပြီး သုံးရက်အကြာ တွင် စပိန်နိုင်ငံသို့ သွားရောက်လေ့ကျင့်မည်ဖြစ်ကာ ဂျီရိုနာအသင်း နှင့် ခြေစမ်းပွဲကစားမည်ဖြစ် သည်။               —Ref:Reuters

Top News