နိစ်နောက်တန်းလူ ဒဲလ်ဘတ်ကို အင်တာမီလန် ခေါ်ယူ

အင်တာမီလန်က နိစ်အ သင်းနောက်တန်းလူ ဒဲလ်ဘတ်ကို ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့သည်။ ယင်းကစားသမားသည် ယမန်နေ့က ဆေးစစ်မှု ခံယူခဲ့ပြီး ယူရိုသန်း၂၀ ဖြင့် အင်တာသို့ ပြောင်းရွှေ့ လာခဲ့သည်။

ဘရာဇီးနောက်တန်းလူ သည် ယခုနွေရာသီတွင် အင်တာ က ခြောက်ဦးမြောက် ခေါ်ယူ သော ကစားသမားဖြစ်ကာ ၎င်း မတိုင်မီက မာတစ်ပီစီနို၊ မီလန် စကရီနီယာ၊ ဖာကွန်ဒိုကိုလီဒီယို၊ ဘော်ဂျာဗာလီရိုနှင့် ဒယ်နီရယ်ပါ ဒယ်လီတို့ အင်တာသို့ ရောက်ရှိ လာပြီဖြစ်သည်။

‘‘ဒဲလ်ဘတ်ဟင်းနရစ်က အခုဆိုရင် အင်တာကစားသမား ဖြစ်သွားပါပြီ။ ဘရာဇီးနောက် တန်းလူဟာ ၂၀၂၂ ဇွန်လ ၃၀ ရက်အထိ အသင်းနဲ့ စာချုပ်လိုက် ပါတယ်’’ဟု အင်တာက ထုတ်ပြန်ချက်တွင် အတည်ပြုပြောကြား သည်။ ဒဲလ်ဘတ်သည် ပြီးခဲ့သည့် ရာသီက နိစ်နှင့် ၃၈ ပွဲကစားခဲ့သည်။ ဗစ်တိုးရီးယားဂူမာရေးစ် အသင်းမှ နိစ်သို့ ရောက်လာ ခြင်းဖြစ်သည်။

ဆန်စီရိုကွင်း၌ စနေနေ့တွင် ကစားမည့်အင်တာနှင့် ရီးရဲလ် ဘက်တစ်တို့၏ ခြေစမ်းပွဲ၌ ပါဝင် လာနိုင်ဖွယ်ရှိသည်။ —Ref:Goal

Top News