NCA လက်မှတ်ထိုးနိုင်ရေးအစိုးရနှင့် UNFC ကိုယ်စားလှယ်အဖွဲ့တို့ ယနေ့တွေ့ဆုံညှိနှိုင်းမည်

အစိုးရနှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ(UNFC) တို့သည် ယနေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံ၍ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်(NCA)လက်မှတ်ထိုးနိုင်ရေးညှိနှိုင်းမည်ဖြစ်ရာ တပ်ပိုင်းနှင့် နိုင်ငံရေးပိုင်းဆိုင်ရာ အချက်နှစ်ချက်ကို အဓိကဆွေးနွေးရမည်ဟု UNFC ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော်က ပြောသည်။

ယခုတွေ့ဆုံမှုသည် အစိုးရ ၏ငြိမ်းချမ်းရေး ကော်မရှင်နှင့် UNFC ၏နိုင်ငံရေးဆိုင်ရာဆွေး နွေးညှိနှိုင်းရေး  ကိုယ်စားလှယ်အဖွဲ့ (DPN)တို့၏ ခြောက်ကြိမ် မြောက် တရားဝင်ဆွေးနွေးပွဲဖြစ် ပြီး နှစ်ဖက်အကြား NCA လက် မှတ်ထိုးနိုင်ရေးညှိနှိုင်းလာသည် မှာ ၁၄ လကျော်ရှိပြီဖြစ်သည်။

တွေ့ဆုံပွဲကို သြဂုတ် ၁၀ ရက်နှင့် ၁၁ ရက် နှစ်ရက်ကြာ ပြုလုပ်မည်ဖြစ်သည်။

‘‘နောက်ဆုံးလုပ်ခဲ့တဲ့ အကြို ညှိနှိုင်းအစည်းအဝေးထိ ကျွန် တော်တို့ဘက်က သိပ်တော့အား မရသေးဘူး။ ဒါပေမဲ့ နည်းလမ်း ရှာဖို့ လိုတယ်ဆိုတဲ့ ဆန္ဒလေး တွေ့တာကတော့ ကျွန်တော်တို့ အတွက် မျှော်လင့်ချက်လို့ ပြောလို့ရတာပေါ့’’ဟု ဦးထွန်းဇော်က ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့သည် သြဂုတ် ၄ ရက်က ထိုင်းနိုင်ငံချင်းမိုင်၌ အလွတ်သ ဘောတွေ့ဆုံခဲ့သေးသည်။

‘‘နည်းလမ်းရှာတဲ့အခါမှာ အဖြေရရှိနိုင်ရေး နီးစပ်မလား၊ မနီးစပ်ဘူးလား မနက်ဖြန်၊ သန်ဘက်ခါဆွေးနွေးပွဲအပေါ်မှာ အဓိ ကမူတည်ပါလိမ့်မယ်’’ဟု ဦးထွန်း ဇော်က ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင် အ ကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေက ‘‘ကျွန်တော်တို့ကတော့ အကောင်းပဲမြင်တယ်။ မနက်ဖြန်မှာ ပြီးပြတ်နိုင်ဖို့ မျှော်လင့်ပြီးတော့ ငြိမ်းချမ်းရေးကော်မရှင်ကတော့ ပြီးပြတ်အောင် ဆွေးနွေးနိုင်ဖို့ ပြင်

ဆင်နေတယ်။ ကျန်တာတော့ ဆွေးနွေးပြီးမှပဲ သိမှာပေါ့’’ ဟု သြဂုတ် ၉ ရက်တွင် ပြောသည်။

NCA တွင် လက်မှတ်ရေးထိုး နိုင်ရေး UNFC က အဆိုပြုထား သည့် အချက်များအနက် အဓိက ညှိနှိုင်းရန် ကျန်သည့် နိုင်ငံပိုင်း ဆိုင်ရာအချက်မှာ တိုင်းပြည်၏ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းရာတွင် ပါဝင်ရ မည့် အစုအဖွဲ့ပုံစံဖြစ်ပြီး UNFC က အစိုးရ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါ တီဟူသည့် သုံးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးမှုပုံစံကို တောင်းဆိုထား သည်။

တပ်ပိုင်းဆိုင်ရာ အချက်များ သည် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ကြေညာရန် ကိစ္စနှင့် NCA ထိုးပြီးနောက် ဖွဲ့စည်းရသည့် အပစ်ရပ်စောင့်ကြည့်ပူးတွဲအဖွဲ့ များတွင် နိုင်ငံတကာမှ ပုဂ္ဂိုလ်များ ပါဝင်ရေးဖြစ်သည်။

‘‘အစိုးရ တပ်မတော်ဘက် က ကြေညာရင် ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေကလည်း ကြေညာ မယ်။ တစ်ပြိုင်တည်း ကြေညာလို့ လည်းရတယ်’’ ဟု ဦးထွန်းဇော်က အပစ်ရပ်စဲရေး ကြေညာရန် တောင်းဆိုထားမှုနှင့်ပတ်သက်ပြီး ပြောသည်။  အဆိုပါအချက်များပြေလည်ပါက UNFC အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်သော မွန်ပြည် သစ်ပါတီ(NMSP)၊ ကရင်နီအမျိုး သားတိုးတက်ရေးပါတီ(KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SS PP)၊ ရခိုင်ပြည်အမျိုးသားကောင် စီ(ANC)နှင့် လားဟူဒီမိုကရက် တစ်အစည်းအရုံး(LDU)တို့ NCA အရ ဆောင်ရွက်သည့်ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် ပါဝင်လာ မည်ဖြစ်သည်။

‘‘ကျွန်တော်တို့ တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ အားလုံးက တော့ နည်းလမ်းရှာနေတုန်းပဲ ဖြစ်တယ်။ ဒီ NCA လမ်းကြောင်းပေါ် ကို ရောက်ဖို့အတွက်က အစိုးရ၊ တပ်မတော်ဘက်က ဖြေလျှော့မှု တွေ လုပ်ဖို့လိုတယ်’’ဟု ဦးထွန်း ဇော်က ပြောသည်။

More in News Section

Top News