H1N1 ကူးစက်ခံရတဲ့ ဘောလိဝုဒ် မင်းသား အာမီခန်းတို့ ဇနီးမောင်နှံ

 ဘောလိဝုဒ်မင်းသား အာမီခန်းနှင့် ဇနီးကီရန်တို့သည် H1N1 တုပ်ကွေးရောဂါ ကူးစက် ခံထားရသဖြင့် ကုသမှုခံယူနေရ သည်။

‘‘ကီရန်နဲ့ကျွန်တော်တို့ လာ မယ့် သီတင်းတစ်ပတ်လုံး အိမ် မှာပဲ ရောဂါခြေချုပ်နဲ့ နေရပါ မယ်။ ကျွန်တော်တို့မှာ ဝက်တုပ် ကွေး ဖြစ်နေတယ်။ အရမ်းကူး စက်လွယ်တဲ့ ရောဂါပါ။ ဒါ ကြောင့် သူများတွေ မကူးစက်ဖို့ ကျွန်တော်တို့ အိမ်မှာပဲနေတာ ဖြစ်ပါတယ်’’ဟု အာမီခန်းက ၎င်း ၏ မွမ်ဘိုင်းမြို့နေအိမ်ကနေ၍ ဗီဒီယိုမှတစ်ဆင့် ပြောကြားသည်။

အာမီခန်းနှင့် ဇနီးသည် နေအိမ်တွင် ဆရာဝန်ညွှန်ကြား သော ဆေးဝါးများ သောက်နေပြီး ပြန်လည်ကျန်းမာလာနေကြောင်း မင်းသား၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။               —Ref:TOI