လေးရက်အတွင်း ကျောက်စိမ်းရောင်းရငွေ ယူရို သန်း ၂၅၀ ကျော်ရရှိ

ကျောက်မျက်ပြပွဲတွင် ပြသထားသော ကျောက်စိမ်းတုံးများကို စစ်ဆေးကြည့်ရှုနေစဉ် (ဓာတ်ပုံ − ပိုင်စိုးသူ)

 (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တွင် လေးရက်အတွင်း ကျောက် စိမ်းရောင်းရငွေ ယူရို သန်း ၂၅၀ ကျော် ရရှိထားကြောင်း ပြပွဲကျင်းပရေး ကော်မတီမှ သတင်းရရှိသည်။

ဩဂုတ် ၆ ရက်မှ ၉ ရက်အ ထိ ကျောက်စိမ်းတွဲပေါင်း သုံး ထောင်ကျော် (၃,၄၄၃ တွဲ) ကို တင်ဒါစနစ် တစ်မျိုးတည်းဖြင့် ရောင်းချရရှိခြင်းဖြစ်သည်။

ယင်းပြပွဲကို ဩဂုတ် ၂ ရက် မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ် ပြီး ကျောက်မျက်အတွဲ ၃၂၆ တွဲ ကို ဩဂုတ် ၂ ရက်မှ ၅ ရက်အထိ လည်းကောင်း၊ ကျောက်စိမ်းတွဲ ၆,၅၆၁ တွဲကို ဩဂုတ် ၆ ရက်မှ ၁၁ ရက်အထိလည်းကောင်း ပြသရောင်းချမည်ဖြစ်သည်။

ဩဂုတ် ၂ ရက်မှ ၅ ရက်အ ထိ ပြသထားသော ကျောက်မျက် ၃၂၆ တွဲမှ ၁၀၅ တွဲရောင်းချခဲ့ရ ပြီး ယူရို ၃ ဒသမ ၀၆ သန်းရရှိခဲ့သည်။ ကျောက်စိမ်းတွဲများကို ဩဂုတ် ၆ ရက်ကစတင်ကာ တစ် ရက်လျှင် ၁,၁၀၀ တွဲဖြင့် ဩဂုတ် ၁၀ ရက်အထိ ဆက်လက်ရောင်း ချမည်ဖြစ်သည်။

ပြပွဲကျင်းပရေးကော်မတီ၏ သတ်မှတ်ချက်များအရ ကျောက် စိမ်းတွဲများ စတင်ရောင်းချသည့် ဩဂုတ် ၆ ရက်တွင် ၉၉၈ တွဲ ရောင်းချရပြီး ယူရို ၅၀ ဒသမ ၄၈ သန်းရရှိခဲ့သည်။ ဒုတိယရက်(ဩဂုတ် ၇ ရက်)တွင် ကျောက်စိမ်းတွဲ ၇၅၃ တွဲ ရောင်းချရပြီး ယူရို ၇၁ သမ ၈၂ သန်းရရှိသည်။ ထို့အပြင် ဩဂုတ် ၈ ရက်တွင် ကျောက်စိမ်းတွဲ ၈၅၇ တွဲ ရောင်းချရပြီး ယူရို ၇၈ ဒသမ ၄၂ သန်းရရှိခဲ့သည်။

ဩဂုတ် ၉ ရက်စာရင်းများ အရ ကျောက်စိမ်း ၈၃၅ တွဲကျော် မှ ယူရို သန်း ၅၀ ခန့်ရရှိခဲ့ကြောင်း ကျောက်စိမ်းလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမင်းသူက ပြော ကြားသည်။

ဩဂုတ် ၂ ရက်မှ ၅ ရက်အ ထိ ပြသရောင်းချခဲ့သော ကျောက်မျက်ရောင်းရငွေသည် ၃ ဒသမ ၀၆သန်းရရှိသဖြင့် စုစုပေါင်း ကျောက်မျက်၊ ကျောက်စိမ်း ရောင်းရငွေ သည် ယူရို သန်း ၃၀၀ ကျော်ရရှိ ထားပြီဖြစ်သည်။

‘‘အရင်ပွဲထက် နည်းနည်း လေးတက်လာတယ်။ ဈေးလည်း မဆိုးဘူးလို့ ပြောလို့ရတယ်’’ ဟု ဦးမင်းသူက ပြောသည်။

ယခုပြပွဲတွင် ယခင်ပြပွဲများ နည်းတူ ရသင့်ရထိုက်သော ဈေး နှုန်း ရရှိကြောင်း ကျောက်စိမ်းလုပ် ငန်းရှင် ကိုတူးတူးက သုံးသပ် သည်။

‘‘အရမ်းကြီးလည်း မနည်း ဘူး။ အရမ်းကြီးလည်း မများဘူး။ မျှတတယ်လို့ထင်တယ်’’ ဟု ကိုတူးတူးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ က ကျင်းပခဲ့သည့် (၅၃)ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ  ပြပွဲတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ခဲ့သော ကျောက်စိမ်းတွဲ ၃,၀၉၁ တွဲမှ ရောင်းရငွေ ယူရို ၄၈၀ ဒသမ၂၀ သန်းရရှိခဲ့သည်။