မော်လမြိုင်မြို့ရှိ ယာဉ်လိုင်းအချို့ ရပ်နားရမည့် အခြေအနေကြုံတွေ့

 မော်လမြိုင်မြို့တွင် အခြားမြို့များမှ ယာဉ်များလာ ရောက်ပြေးဆွဲနေသဖြင့် မြို့တွင်းပြေးဆွဲခွင့်ရထားသည့် ယာဉ်လိုင်းများလူစီးနည်းလာပြီး ယာဉ်လိုင်းရပ်နားရန် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း ယာဉ်လိုင်းပြေးဆွဲသူများက ဆိုသည်။

မော်လမြိုင်မြို့တွင်းပြေးဆွဲ နေသည့် အမှတ်(၁)မှ (၈)အထိ ယာဉ်လိုင်းနှင့် သီးသန့်ယာဉ်လိုင်း စုစုပေါင်းယာဉ်လိုင်းကိုးခုမှ လက်ရှိအချိန်တွင် ဝင်ငွေလျော့နည်းကာ မိသားစုစားဝတ်နေရေးခက်ခဲမှုကြုံတွေ့နေသဖြင့် အခြားမြို့နယ်များမှ ယာဉ်များလာရောက်ပြေးဆွဲနေသည်ကို သက်ဆိုင်ရာ ယ.ထ.က မှ အရေးယူပေးရန် သြဂုတ် ၉ ရက်က မော်လမြိုင်မြို့ မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်ရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

‘‘ကျွန်တော်တို့က အချိန်နဲ့ ထွက်ရတော့ လူတွေက မစောင့် နိုင်ဘူး။ တွေ့ရာကားကို စီးကြ တယ်။ ဒါကြောင့် ဒီကားတွေကို သက်ဆိုင်ရာဌာနတွေက ဖမ်းဆီး ပေးပါ။ အရေးယူပေးပါ။ တစ်နေ့ တစ်နေ့ ဝင်ငွေက ကားဆီဖိုး လောက်ပဲ ကျန်တော့တယ်။ မိ သားစုစားဝတ်နေရေး အဆင်မ ပြေတော့ဘူး။ ကြာလာရင် ယာဉ် လိုင်းတွေ ဖျက်သိမ်းရမယ့်အခြေ အနေဖြစ်လာတော့မယ်’’ဟု အ မှတ်(၇)ယာဉ်လိုင်းမှ ယာဉ်မောင်း ဦးအောင်ထွေးက  ပြောကြားသည်။

မော်လမြိုင်မြို့အတွင်း ပြေး ဆွဲနေသော ယာဉ်လိုင်းကိုးခုတွင် ကားအစီး ၂၁၀ ကျော်ရှိပြီး လူစီးနည်းလာခြင်းဖြစ်ကြောင်း၊ ယခုအချိန်၌ တစ်နေ့လျှင် ကားအစီး ၁၀၀ ကျော်ပိတ်ထားရကြောင်း ဦးစိုးဝင်းက ဆိုသည်။

အခြားမြို့နယ်များမှ ယာဉ် များ မော်လမြိုင်မြို့တွင်း ခွင့်ပြု ချက်မရှိဘဲ လာရောက်ပြေးဆွဲနေ သဖြင့် ပြည်နယ်ယာဉ်လုပ်ငန်း များ ထိန်းသိမ်းကြီးကြပ်ရေးကော် မတီနှင့် မြို့နယ်ယာဉ်လုပ်ငန်း များထိန်းသိမ်းကြီးကြပ်ရေးကော် မတီသို့ တိုင်ကြားထားသော်လည်း ယခုအချိန်ထိ အရေးယူပေးမှုမရှိသေးကြောင်း ဦးအောင်ထွေးက ပြောသည်။ သို့ဖြစ်၍ အရေးယူပေးရန် မွန်ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်အစိုးရရုံးသို့ တင်ပြမည်ဖြစ်ကြောင်း ဦးအောင်ထွေးက ဆိုသည်။

‘‘ပြေးဆွဲခွင့် မရှိတဲ့ ယာဉ် လိုင်းတွေကို အရေးယူပေးဖို့ သက် ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး တွေနဲ့ လုပ်ငန်းသဘောအရ စကားပြောထားပြီးပြီ။ မော်လမြိုင် မြို့နယ် ယ.ထ.က ကော်မတီအဖွဲ့ ဟောင်းတွေက ကျွန်တော်တို့ကို လုပ်ငန်းမလွှဲပြောင်းရသေးတော့ လုပ်ပိုင်ခွင့်ရရင်တော့ ယာဉ်ထိန်း ရဲတပ်ဖွဲ့တွေပါ တင်ပြသွားမယ်’’ ဟု မော်လမြိုင်မြို့နယ် ယ.ထ.က ကော်မတီအဖွဲ့သစ် ဥက္ကဋ္ဌ ဦးစိုး ဝင်းက ပြောသည်။

မော်လမြိုင်မြို့နယ် ယ.ထ. ကကော်မတီအဖွဲ့သစ်ကို ဇူလိုင် ၂၈ ရက်တွင် ပြန်လည်ဖွဲ့စည်း ခဲ့ပြီး နှစ်ပတ်အတွင်း လုပ်ငန်းများ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ် ကြောင်း ဦးစိုးဝင်းက ဆိုသည်။

‘‘ကျွန်တော်က မော်လမြိုင် လိုင်းကားစောင့်စီးတယ်။ လိုင်း ကားတစ်စီးလာဖို့က အကြာကြီး စောင့်ရတယ်။ တချို့ကားတွေဆို လူနည်းလို့ စပယ်ယာတောင်မရှိ ဘူး။ မော်လမြိုင်လိုင်းကားခရီး ဆုံးရင် ပိုက်ဆံ ၃၀၀ ပဲကုန်တယ်’’ ဟု မော်လမြိုင် လိုင်းကားစီးသူ တစ်ဦးက ပြောသည်။

Top News