ချောက်နှုတ်ခမ်းပါးအထိ နောက်ဆုတ်ခဲ့ရသည့် ခြေလှမ်းများ

(တစ်)

တက္ကသိုလ်မှာ စာသင်တော့ အတန်း တော်တော်များများကို ကိုယ်တိုင်ဝင်ပြီး သင်ပေးဖြစ်ပါ တယ်။ ပါမောက္ခတော်တော်များ များဟာ မရေမတွက်နိုင်တဲ့ ထွေ လီကာလီကိစ္စတွေကြောင့် စာ သင်ချိန်ကို နည်းနည်းပါးပါးက လေးသာယူလေ့ရှိပေမယ့် ကျွန် တော်ကတော့ ပထမနှစ်ကနေ ပါရဂူအကြိုတွေအထိ သင်ပေး လေ့ရှိပါတယ်။

အတန်းတော်တော်များများ ဟာ စိတ်မောစရာတွေအတိနဲ့ ပေါ့။ သင်ရင်းသင်ရင်းနဲ့ ကျောင်း သားကျောင်းသူတွေ နားလည်ဖို့ ရာ နောက်ကိုဆုတ်ဆုတ်ပြီး ဆွေး နွေးပို့ချတဲ့အခါ ဘယ်လောက်အ ထိ နောက်ကိုပြန်ဆုတ်ပေးရမှာ ပါလိမ့်ဆိုတဲ့ အတွေးတွေက မကြာခဏပါ။

(နှစ်)

အတန်းတစ်တန်းမှာက ဘာ သာပြန်သင်ရိုးပါပါတယ်။ တစ် ပုဒ်က ဆရာဇ၀နရဲ့ ဘာသာပြန် သင်ခန်းစာပေါ့။

အဲသည့်မှာ Magazine ဆို တဲ့စကားလုံးပါလာပါတယ်။ အဲ ဒါကို ရှေးက မဂ္ဂဇညလို့အသံဖ လှယ်ပြီး သုံးရာကနောက်တော့ မဂ္ဂဇင်းဖြစ်သွားပါတယ်။ ဒါကို ရှင်းပြပြီး မြန်မာပြည်မှာထွက်နေ တဲ့ မဂ္ဂဇင်းသုံးစောင်လောက်ပြော ပြပါလို့ အတန်းသားတွေကို ခိုင်း တော့ ထူးဆန်းခက်ခဲလှတဲ့ ဧရာမ မေးခွန်းကြီးတစ်ခုအမေးခံရသလို သူ့ကိုယ်ကြည့်၊ ကိုယ့်သူကြည့် လုပ်နေကြပါတယ်။ တစ်ယောက် ကတော့ ထ, ဖြေလေရဲ့။ မြန်မာ့ အလင်းတဲ့။ တစ်တန်းလုံးက လည်း အမှားအမှန်မသိ။

နောက်တော့ သင်ခန်းစာထဲ မှာက သတင်းစာဆိုတာလည်း ပါလာပြန်ပါတယ်။ ကျွန်တော်က အတန်းကိုမေးပါတယ်။ မြန်မာ နိုင်ငံမှာ ထုတ်နေတဲ့အစိုးရသ တင်းစာတွေရဲ့ နာမည်ကို ပြောပါ လို့။ မဖြေနိုင်ပါဘူး။ ကျွန်တော့် ကိုကြည့်နေတဲ့ မျက်လုံးတွေက ဘာဖြစ်လို့ အခက်ကြီးတွေမေးနေ ရတာလဲဆိုတဲ့ မျက်လုံးတွေ။

ပြောပါရစေဦး။ နောက်ထပ် ပါလာပြန်တဲ့စကားလုံးက Capi-talism တဲ့။ ဒါကိုအရင်က ဓနရှင် ၀ါဒလို့ ဘာသာပြန်ခဲ့ကြောင်းနဲ့ အခုနေအခါမှာ အရင်းရှင်စနစ်လို့ ပြန်ဆိုကြောင်း ရှင်းပြပါတယ်။ ပြီးတော့ ထုံးစံအတိုင်းဆွေးနွေး ခန်းဆက်ပါတယ်။ ကမ္ဘာပေါ်မှာ အရင်းရှင်စနစ်ကျင့်သုံးတဲ့နိုင်ငံ သုံးနိုင်ငံလောက် ပြောပြပါလို့ တောင်းဆိုလိုက်တာပါ။ တစ် တန်းလုံးတစ်နိုင်ငံမှ မပြောနိုင်ဘဲ ကြောင်ကြည့်နေကြပါတယ်။

ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ‘ခပ်သိမ်းကလျာရှုဖွယ်သာတည်း’ ကို သင်တော့ အနုပညာအ ကြောင်းဆွေးနွေးတဲ့အခါ Cult-ural Relativity ဆိုတာပါလာပါ တယ်။ ယဉ်ကျေးမှုဆိုင်ရာနှိုင်းရ ဓမ္မတရားလို့ပဲဆိုပါတော့။ ရီလေ တီဗတီ(Relativity)ဆိုတာမှ ပါ လာပြီဆိုမှတော့ အိုင်းစတိုင်း (Einstein) ဆိုတာကလည်း ပါ လာရပြီပေါ့။

ခက်တာက ကျောင်းသား တွေက အိုင်းစတိုင်းကို မကြားဖူး ကြပါဘူး။ ကျွန်တော်က လွန်ခဲ့ တ ၂၀ ရာစုတုန်းက Man of the Century ဆိုတဲ့ သတ်မှတ်မှု ကိုခံခဲ့ရဖူးကြောင်း ပြောပေမယ့် သူတို့က Man of the Century ကို ဘာမှန်းမသိပါဘူး။

တချို့အတန်းတွေမှာ ကမ္ဘာ့ စာပေပါပါတယ်။ ဂရိစာပေအ ကြောင်းရှင်းတော့ သူတို့ကို ဂရိ စာဆိုဟိုးမား(Homer)ရဲ့အ ကြောင်းကို ပြောရပါတယ်။

Homer က ကျောင်းသားနဲ့ စိမ်းနိုင်တာပေါ့။ ဂရိကလည်း စိမ်းနိုင်တာပေါ့။ ဒါပေမဲ့ ဟယ် လင်(Helen)ဆိုတဲ့ မင်းသမီးကို ရောမကလူတွေ ခိုးယူသွားတာ ကြောင့် ထရိုင်(Troy)မြို့ကြီးကို ဂရိတွေက စစ်သွားတိုက်တဲ့အ ကြောင်း ရုပ်ရှင်က ဟိုတုန်းကဆို ရင် ‘Helen of Troy’ ဆိုတဲ့နာ မည်နဲ့ရှိခဲ့ပြီး အခုခေတ်မှာလည်း Troy လို့ဆိုကာ ပြန်ရိုက်ထားတာ ကြောင့် ကျွန်တော်က ရုပ်ရှင်နဲ့ ပြန်ပြီး ကျောင်းသားနဲ့ဘာသာရပ် နီးစပ်အောင်ကြိုးစားရပါတယ်။

Troy ဆိုတဲ့ကားမှာ ဘရက် ပစ်(Brad Pitt)ပါတယ်ဗျလို့။ ဘ ရက်ပစ်ကို မသိဘူးဖြစ်နေပါရော လား။ ဒါနဲ့ဆက်ကြိုးစားရတာ ပေါ့။ ဂျိုလီရဲ့ ယောက်ျားလေဗျာ လို့။ Angelina Jolie ကိုပါ မသိ ပြန်ပါဘူး။

ကျွန်တော် ဟိုးမားဆီပြန် ရောက်အောင် ဘယ်လိုသွားရမှာ ပါလိမ့်။

(သုံး)

အဝေးသင်တက္ကသိုလ်စာ မေးပွဲတစ်ခုမှာ ဆရာက ထိုင်းနိုင် ငံစီးပွားရေးကို သင်ပေးထားခဲ့ဖူး ပါတယ်။ မေးခွန်းထုတ်တော့ ထိုင်း-မြန်မာဆက်ဆံရေးအဆင် မပြေတဲ့ကာလမို့ထင်ပါရဲ့။ ယိုး ဒယားနိုင်ငံရေး၊ စီးပွားရေးဆိုပြီး မေးထည့်လိုက်ပါလေရော။ ကျောင်းသားက ငါကျက်ထားတာ နဲ့ လွဲပြီကွာဆိုပြီး မဖြေခဲ့ပါဘူး။ ဟုတ်တာပေါ့။ ထိုင်းဆိုပြီး ယိုးဒ ယားလို့မေးတော့ စိတ်တိုတာ ပေါ့။

ခင်မင်ရတဲ့ အဝေးသင်တက် နေတဲ့သမိုင်းကျောင်းသားဦးပဉ္စင်း တစ်ပါးကများဆိုရင် သူကျက် ထားတဲ့သမိုင်းမှတ်စုကို ရွတ်ပြ သွားလိုက်တာများ ဆိုတာ တောက်လျှောက်။ မထစ်။ မငေါ့။ အင်္ဂလိပ်လို။

ကျွန်တော်က မေးရပါ တယ်။ ဦးပဉ္စင်းအဲသည့်ဟာ ဘာ အကြောင်းလဲဘုရားလို့။

‘‘ဟာ ... ဒကာကြီးက

ပြဿနာပဲ

အဓိပ္ပာယ်လာမမေးနဲ့လေ

ဘယ်သိမှာလဲ’’ တဲ့။

ကဲ ... ဘယ်လိုလုပ်ကြရပါ့။

ကျွန်တော်တို့ဟာ စာသင် ခန်းအပြင်နဲ့ စာသင်ခန်းအတွင်း ကို လုံးဝချိတ်ဆက်မထားတဲ့ပုံစံ နဲ့ ခရီးနှင်နေခဲ့ကြတာ ကြာပဲ ကြာ ခဲ့လှကြပါပေါ့။ နိုင်ငံအတွက် လည်း အကျိုးမရှိ။ လူတစ် ယောက်ချင်းအတွက်လည်း အ ကျိုးမရှိ။

ကြိုးစားပြီး နောက်ကိုဆုတ် ကာ ဆုတ်ကာနဲ့ ရအောင်ခေါ်ဖို့ ကြိုးစားရင်းက ချောက်နှုတ်ခမ်း ပါးအစပ်ကိုတောင် ရောက်လို့ နေခဲ့ရပါပေါ့။

မြတ်စွာဘုရား။ ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်)