ပြည်မြို့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ သမိုင်းကြောင်း စာအုပ်ထုတ်ဝေမည်

 ပြည်မြို့၏ ရှစ်လေးလုံး ဒီမို ကရေစီ အရေးတော်ပုံကာလ သ မိုင်းကြောင်းစာအုပ်ကို လာမည့် စက်တင်ဘာအတွင်း ထုတ်ဝေ မည်ဖြစ်သည်။

အဆိုပါစာအုပ်တွင် ၁၉၈၈ အတွင်းက စစ်အာဏာရှင်စနစ်ဆိုးကို တော်လှန်ခဲ့ကြသည့် ပြည် ဒေသခံ နိုင်ငံရေးလှုပ်ရှားသူများ ၏ လုပ်ဆောင်မှုမှတ်တမ်းများ၊ အဆိုအမိန့်များ၊ ဓာတ်ပုံများ၊ သု တရသဝတ္ထု၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်းများ ထည့်သွင်းဖော်ပြ မည်ဖြစ်ကြောင်း အဆိုပါ စာအုပ်ထုတ်ဝေရေး ကော်မတီကပြော သည်။

‘‘ရှစ်လေးလုံးအရေးတော်ပုံ ကာလက ပြည်ဒေသခံတွေရဲ့ နိုင်ငံ့အရေး လုပ်ဆောင်ချက်တွေ ကို မှတ်တမ်းထားရှိဖို့၊ နောင်မျိုး ဆက်သစ်တွေလည်း သိရှိလေ့လာနိုင်ဖို့၊ အရင်က အခြေအနေနဲ့ အခုအခြေအနေတွေကို ပြန်လည် သုံးသပ်နိုင်ဖို့ ရည်ရွယ်ထုတ်ဝေ တာဖြစ်တယ်’’ဟု စာအုပ်ဖြစ်မြောက်ရေး ကော်မတီဝင်ဦးကြည်အေးက ပြောသည်။

ပြည်မြို့နယ် ရှစ်လေးလုံးဒီမို ကရေစီအရေးတော်ပုံ ကာလတွင် ပါဝင်ခဲ့သူများ၊ ရင်ဆိုင်ကြုံတွေ့ခဲ့ ရသူများအနေဖြင့် မိမိတို့သိရှိ သည့် သမိုင်းကြောင်း ဖြစ်စဉ်များ၊ ဓာတ်ပုံများ ရှိပါက စာအုပ်ထုတ် ဝေမည့် ကော်မတီသို့ ဆက်သွယ် ပေးပို့ရန် ကော်မတီက ကမ်းလှမ်း ထားသည်။

More in Regional Section