ပန်းတောပြင်ရွာတွင် လက်လုပ်ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် လူနှစ်ဦးကို ထပ်မံဖမ်းဆီး

 မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာတွင် လက် လုပ်ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး အပါ အဝင် နှစ်ဦးကို ထပ်မံဖမ်းဆီးရမိ ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ရုံး သတင်းထုတ်ပြန်ရေးကော် မတီက သတင်းထုတ်ပြန်သည်။

မောင်တောမြို့နယ် ပန်း တောပြင်ကျေးရွာရှိ ဘင်္ဂါလီနေ အိမ်တစ်လုံးတွင် သြဂုတ် ၁ ရက် က လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ် ပွားပြီး ယင်းနေအိမ်မှ ဘင်္ဂါလီအမျိုးသမီးနှစ်ဦးနှင့် လက်လုပ်မိုင်းပြုလုပ်ရာ၌ အသုံးပြုသည့် ပစ္စည်းများကို ဖမ်းဆီး ရမိခဲ့သည်။

ယင်းသို့ လက်လုပ်ဗုံးပေါက် ကွဲမှုကြောင့် ဖမ်းဆီးရမိခဲ့သူ ဘင်္ဂါလီအမျိုးသမီးနှစ်ဦးကို စစ် ဆေးချက်အရ သြဂုတ် ၈ ရက် တွင် ပန်းတောပြင်ကျေးရွာ အုပ် ချုပ်ရေးမှူးအပါအဝင် နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လက်ရှိ ပန်းတောပြင် ကျေး ရွာမှ ဖမ်းဆီးရမိခဲ့သူများကို တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် စီစဉ်နေပြီး ကွင်းဆက်များကို ဆက်လက်စုံ စမ်းနေကြောင်း နယ်ခြားစောင့် ရဲစခန်းမှ သိရသည်။

 

Top News