အင်တာမီလန်ယူ-၁၈ နှင့်ခြေစမ်းပွဲများတွင် မြန်မာယူ-၁၈ သင်ယူခွင့်ရမည်ဟု နည်းပြဆို

အင်တာမီလန်ယူ-၁၈ အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲတွင် မြန်မာယူ-၁၈ အသင်း ကစား သမားများ သင်ယူခွင့်ရရှိမည်ဖြစ် ကြောင်း နည်းပြချုပ် ဘန်လာဘီ က ပြောသည်။

အဆိုပါ ခြေစမ်းပွဲများကို သြဂုတ် ၁၁ နှင့် ၁၃ ရက်တို့တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပ မည်ဖြစ်သည်။ အင်တာမီလန် ယူ-၁၈ အသင်းသည်ယခုနှစ် အီတလီယူ-၁၇ ပြည်တွင်းလိဂ် ပြိုင်ပွဲတွင် ဗိုလ်စွဲထားသည့် အဖြစ်သည်။

‘‘အီတလီရဲ့ ထိပ်တန်းလိဂ် အသင်းဖြစ်တဲ့ အင်တာမီလန်လို အသင်းမျိုးနဲ့ ခြေစမ်းခွင့်ရရှိခြင်း က ကျွန်တော့်ကစားသမားတွေ အတွက် သင်ယူစရာတွေအများ ကြီး ရရှိမှာပါ။ ဒီခြေစမ်းပွဲတွေမှာ ကျွန်တော့်အသင်းရဲ့ မထင်မှတ် တဲ့ နည်းစနစ်တွေကို မြင်တွေ့ခွင့် ရမှာပါ’’ဟု သြဂုတ် ၁၀ ရက်က နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဘန်လာဘီက ပြောသည်။

လူငယ် လက်ရွေးစင်များ ပါဝင်သည့် အင်တာမီလန် ယူ-၁၈ အသင်းအနေဖြင့် မြန်မာနှင့် ခြေစမ်းပွဲတွင် အတောင့်တင်းဆုံး လူစာရင်းနှင့် ပွဲထွက်မည်ဖြစ် ကြောင်း အင်တာမီလန်ယူ-၁၈ နည်းစနစ်ဒါရိုက်တာ ဒန်နီလီက ပြောသည်။

‘‘ကျွန်တော်တို့အသင်းရဲ့ နောက်ဘောလုံးရာသီအတွက် ပြင်ဆင်မှုအဖြစ် မြန်မာယူ-၁၈ အသင်းနဲ့ ခြေစမ်းပွဲက အကျိုးရှိ မယ့် ခြေစမ်းပွဲဖြစ်လာမှာပါ။ ကျွန် တော်တို့အသင်းမှာ အီတလီ လူငယ် လက်ရွေးစင်ကစားသမား တွေအပြင် တခြား နိုင်ငံအသင်း တွေရဲ့ လူငယ်လက်ရွေးစင်ကစား သမားတွေလည်း ပါပါတယ်။ မြန်မာ အသင်းရဲ့ ခြေစွမ်းကိုတော့ ပြိုင်ပွဲရောက်မှ သိရမှာပါ။ ဒီခရီး စဉ်ကနေ အတွေ့အကြုံကောင်း တွေရရှိမယ်လို့ မျှော်လင့်ပါ တယ်’’ဟု ဒန်နီလီက ပြောသည်။

ညနေ ၆ နာရီတွင် ယှဉ်ပြိုင် မည့် အင်တာမီလန်ယူ-၁၈ အသင်းနှင့် မြန်မာယူ-၁၈တို့၏ ခြေစမ်းပွဲနှစ်ပွဲကို မြန်မာ့ရုပ်မြင်သံကြားက တိုက်ရိုက်ပြသမည်ဖြစ်သည်။ ယင်းပွဲစဉ် လက်မှတ်နှုန်းထားများအဖြစ် ရိုးရိုးတန်းကျပ်နှစ်ထောင်၊ ကျပ်သုံးထောင်နှင့်အထူးတန်းကျပ်ငါးထောင် သတ်မှတ် ထားသည်။

Top News