တရုတ်-အာဆီယံ ယူ-၁၂ ဘောလုံးပွဲတော် အကြိုဗိုလ်လုပွဲတွင် မြန်မာအသင်း ရှုံးနိမ့်

တရုတ်-အာဆီယံ (၁၂) နှစ်အောက် လူငယ်ဖိတ် ခေါ်ဘောလုံးပွဲတော် အကြိုဗိုလ် လုပွဲတွင် မြန်မာအသင်းက တရုတ်(က)အသင်းကို သုံးဂိုး ပြတ်ရှုံးနိမ့်ပြီး ဗိုလ်လုပွဲတက် ရောက်ခွင့် လွဲချော်ခဲ့သည်။

သြဂုတ် ၁၀ ရက်က ယှဉ်ပြိုင်သည့် ယင်းပြိုင်ပွဲအကြိုဗိုလ်လုပွဲများတွင် အိမ်ရှင်တရုတ်(က) အ သင်းက မြန်မာအသင်းကို ၃-၀ ဂိုး၊ ထိုင်းအသင်းက လာအိုအ သင်းကို ၁-၀ ဂိုးဖြင့် အသီးသီးအ နိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက် ရောက်ခဲ့သည်။

မူလပြိုင်ပွဲစည်းမျဉ်းအရ အ ကြိုဗိုလ်လုပွဲတွင် မြန်မာနှင့်လာ အိုအသင်း ယှဉ်ပြိုင်ရမည်ဖြစ် သော်လည်း ပြိုင်ပွဲစည်းမျဉ်း ရုတ် တရက် ပြောင်းလဲခြင်းကြောင့် မြန်မာအသင်းက တရုတ် (က)အ သင်းနှင့် ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ် သည်ဟု မြန်မာယူ-၁၂ အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ အုပ်စုတွင်းထိပ်ဆုံးရပ်တည်မှုကို ယခင်စည်းမျဉ်းအရ ဂိုးကွာခြား ချက်ဖြင့် ဆုံးဖြတ်ပါက မြန်မာအ သင်းက အုပ်စုပထမနေရာဖြစ် သော်လည်း ထိပ်တိုက်တွေ့ဆုံမှု ဖြင့် ပြောင်းလဲဆုံးဖြတ်ခဲ့ခြင်း ကြောင့် မြန်မာအသင်းက အုပ်စု ဒုတိယနေရာဖြစ်သွားကာ အကြို ဗိုလ်လုပွဲတွင် တရုတ် (က)အ သင်းနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

‘‘လူငယ်ပွဲတွေပဲဖြစ်ဖြစ်၊ လူ ကြီးတွေပဲဖြစ်ဖြစ် စည်းမျဉ်းက စည်းမျဉ်းအတိုင်းသွားရမှာပဲ။ ရုတ်တရက်ပြောင်းခွင့်မရှိဘူး။ ဒါပေမဲ့ ဒီပြိုင်ပွဲကို ၀င်ပြိုင်တာက ကလေးတွေအတွက် အတွေ့အ ကြုံရစေချင်လို့ ၀င်ပြိုင်တာပါ။ ဒါ့ ကြောင့် ပြိုင်ပွဲမှာ ဘယ်လိုအဆင့် မျိုးရောက်ရောက် ကျွန်တော်တို့ အတွက် အကျိုးရလဒ်ရှိစေမှာပါ။ ပွဲကလည်း ရှုံးသွားပြီဆိုတော့ ဒီပွဲ နဲ့ပတ်သက်ပြီး ဘာမှ မပြောချင် တော့ဘူး’’ဟု မြန်မာယူ-၁၂ အ သင်း တာဝန်ရှိသူတစ်ဦးက ပြော သည်။

ဗိုလ်လုပွဲနှင့် တတိယနေရာ လုပွဲကို သြဂုတ် ၁၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး တတိယလုပွဲ အဖြစ် မြန်မာနှင့် လာအို၊ ဗိုလ်လု ပွဲအဖြစ် တရုတ်(က)အသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ် သည်။

မြန်မာယူ-၁၂ အသင်းကို မြန်မာ ဘောလုံးအကယ်ဒမီ (မန္တလေး)မှ ကစားသမားများဖြင့် အခြေခံဖွဲ့စည်းထားပြီး နည်းပြအ ဖြစ် လက်ရွေးစင်ကစားသမား ဟောင်း ဦးဘိုဘိုအောင်နှင့် ဦးအောင်ကျော်ဇံတို့က တာဝန်ယူ ကိုင်တွယ်နေသည်။ တရုတ်- အာဆီယံ ယူ-၁၂ လူငယ်ဖိတ် ခေါ်ဘောလုံးပွဲတော်သည် လူ ငယ်ပြိုင်ပွဲဖြစ်ခြင်းကြောင့် ပွဲစဉ် တစ်ပွဲလျှင် ၂၅ မိနစ် နှစ်ပိုင်းခွဲကာ ကျင်းပနေသည်။

Top News