မြန်မာလိဂ် ယူ-၂၀ လူငယ်ပြိုင်ပွဲတွင် ဖီးနစ် (ခ) အသင်းဗိုလ်စွဲ

၂၀၁၇ မြန်မာလိဂ် ယူ-၂၀ လူငယ်ပြိုင်ပွဲတွင် ဗိုလ်စွဲသည့် ဖီးနစ်(ခ)အသင်း ဆုဖလားနှင့်အတူ အောင်ပွဲခံနေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

၂၀၁၇ မြန်မာလိဂ်အ သက် (၂၀) နှစ်အောက် လူငယ် ဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲတွင် ဖီးနစ် (ခ) အသင်းက မြဝတီအ သင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရကာ ရှုံးပွဲမရှိစံချိန်ဖြင့် ဗိုလ်စွဲခဲ့သည်။

သြဂုတ် ၁၀ ရက်က အောင် ဆန်းကွင်း၌ ကျင်းပခဲ့သည့် အဆို ပါပွဲသည် အကြိတ်အနယ်ဖြစ်ခဲ့ ပြီး ဖီးနစ် (ခ) အသင်းအတွက် တစ်လုံတည်းသော အနိုင်ဂိုးကို ပွဲချိန် ၈၂ မိနစ်တွင် အောင်အောင် ဇင်က သွင်းယူခဲ့သည်။

ဖီးနစ် (ခ) အသင်းသည် ၂၀၁၇ လူငယ်လိဂ်ပြိုင်ပွဲတွင် ၂၁ ပွဲကစား၊ ပွဲ ၂၀ နိုင်၊ တစ်ပွဲသရေ ရှုံးပွဲမရှိစံစချိန်ဖြင့် ၆၁ မှတ်ရရှိကာ ချန်ပီယံဆုရရှိခဲ့သည်။ ဖီးနစ် (ခ) အသင်းသည် မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းကို အခြေခံ ဖွဲ့စည်းထားခြင်းဖြစ်သည်။

‘‘ဒီနေ့ပွဲက အကြိတ်အနယ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဂိုးရတဲ့အ သင်းက အနိုင်ရတာပါပဲ။ ပြိုင်ပွဲ အနိုင် ရတဲ့အတွက်တော့ အသင်း သားတွေနဲ့ တာဝန်ရှိသူတွေ အား လုံးအတွက် ဂုဏ်ယူမိပါတယ်။ ဒီကလေးတွေက နောင်တစ်ချိန် လက်ရွေးစင်အတွက် မျိုးဆက် သစ် ကစားသမားကောင်းတွေဖြစ်လာမှာပါ’’ ဟုဖီးနစ် (ခ) အသင်းနည်းပြ ဦးမင်းသူက ပြောသည်။

၂၀၁၇ မြန်မာလိဂ်ယူ-၂၀ လူငယ်ပြိုင်ပွဲအပြီးတွင် မြဝတီအ သင်းက ၁၉ ပွဲနိုင်၊ နှစ်ပွဲရှုံး ရလဒ်ဖြင့် ရမှတ် ၅၇ မှတ်ရရှိကာ ဒုတိယနေရာရရှိခဲ့သည်။ တက္က သိုလ် လက်ရွေးစင်အသင်းက ၁၄ ပွဲနိုင်၊တစ်ပွဲသရေ၊  ခြောက်ပွဲရှုံး ရလဒ်ဖြင့် ရမှတ် ၄၃ မှတ်ရရှိကာ တတိယနေရာတွင် ရပ်တည်နိုင် ခဲ့သည်။ယင်းပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းအား ဆုကြေးငွေပထမဆု ကျပ်သိန်း ၁၃၀၊ ဒုတိယဆု ကျပ်သိန်း ၇၀ နှင့် တတိယဆု ကျပ် ၃၅ သိန်း အသီးသီးချီးမြှင့်ခဲ့သည်။

Top News