ချင်းတွင်းမြစ်ရေ တစ်ကျော့ပြန် မြင့်တက်လာ၍ မိုးဇလက ရေဘေးသတိပေး

ချင်းတွင်းမြစ်ရေ တစ်ကျော့ပြန် မြင့်တက်လာ၍ စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်အချို့တွင် စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာနိုင်သဖြင့် ရေဘေးသတိပြုရန် မိုးဇလက သတိပေးထားသည်။


ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် သြဂုတ်လဆန်းကစတင်ကာ နေရာကွက်၍ မိုးကြီးခဲ့ပြီးနောက် ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေသည် တစ်ကျော့ပြန် ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။

ချင်းတွင်းမြစ်ရေသည် သြဂုတ် ၁၀ ရက် တိုင်းတာချက်အရ ခန္တီး၊ ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့တို့တွင် စိုးရိမ်ရေမှတ်အနီးရောက်နေပြီး တစ်ရက်မှနှစ်ရက်အတွင်း စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

‘‘ခန္တီးမှာဆို မြေနိမ့်ပိုင်းတွေ ရေဝင်နေပြီ။ မိုးကလည်း အထက် ပိုင်းဒေသတွေ ဆက်ကောင်းနေ နိုင်တယ်။ မြစ်ကမ်းဘေးမှာရှိနေ တဲ့ ရပ်ကွက်တွေ၊ ကျေးရွာတွေ ဒီ ရပ်ကွက်တွေ၊ ကျေးရွာတွေ ဒီရက်တွေမှာ ရေဘေးကို သတိထားဖို့ လိုပါတယ်’’ဟု အဆိုပါဌာန ဒုတိ ယညွှန်ကြားရေးမှူးချုပ် ဦးကျော် မိုးဦးက ပြောသည်။

ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်တို့ တွင် သြဂုတ် ၈ ရက်ကစတင်ကာ မြေနိမ့်ပိုင်းဒေသများ၌ ရေလွှမ်းမိုး မှု ရင်ဆိုင်နေရကြောင်း ဒေသခံ များက ပြောသည်။ ဇူလိုင်နှောင်း ပိုင်းက ချင်းတွင်းမြစ်ရေ ပြန်ကျ နေချိန်တွင် ကမ်းပါးပြိုမှု ဆိုးဆိုး ရွားရွား ရင်ဆိုင်ခဲ့ရပြီး မြစ်ရေပြန် တက်လာချိန်၌ ကမ်းပါးပြိုကျမှု ဖြစ်ပေါ်နေသဖြင့် ဒေသခံများက စိုးရိမ်နေသည်။

ချင်းတွင်းမြစ်ရေ ပြန်လည် မြင့်တက်လာသော်လည်း လတ် တလောအခြေအနေအရ ရေဘေး ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထား ခြင်း မရှိသေးကြောင်း စစ်ကိုင်း တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးစဝီလီ ယမ်ဖရန့်က ပြောသည်။ ချင်းတွင်း မြစ်ရေသည် ဇူလိုင်အတွင်းက စိုးရိမ်ရေမှတ် အထက်သို့ ရက် ၂၀ ခန့် ကျော်လွန်ခဲ့ပြီး ရေကြီးနစ် မြုပ်ခဲ့၍ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း လူဦးရေနှစ်သောင်းသုံး ထောင်ကျော် ရေဘေးရင်ဆိုင်ခဲ့ ရသည်။

ထို့အပြင် ခန္တီးမြို့တွင် ရေဘေးရှောင်စဉ် ရေနစ်၍ အမျိုး သားတစ်ဦး သေဆုံးခဲ့သည်။

More in News Section