လက်ရွေးစင် ဖူဆယ်အသင်းနှင့် လိဂ်ညွန့်ပေါင်းအသင်း ခြေစမ်းပွဲနှစ်ပွဲယှဉ်ပြိုင်မည်

မလေးရှား ဆီးဂိမ်းပြိုင် ပွဲဝင် မြန်မာအမျိုးသား ဖူဆယ် အသင်းသည် မြန်မာဖူဆယ်လိဂ် ညွန့်ပေါင်းအသင်းနှင့် ခြေစမ်းပွဲ နှစ်ပွဲ ယှဉ်ပြိုင်ပြီး အပြီးသတ်လူ စာရင်း ထုတ်ပြန်မည်ဖြစ်သည်။

ယင်း ခြေစမ်းပွဲများကို ဩဂုတ် ၁၁ ရက်နှင့် ၁၄ ရက်တို့ တွင် ညနေ ၄ နာရီ၌ ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ကျင်းပမည်ဖြစ်ပြီး ပရိ သတ်များ ဝင်ကြေးအခမဲ့ဖြင့် ကြည့်ရှုခွင့်ရရှိမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်က သတင်း ထုတ်ပြန်သည်။

လက်ရှိတွင် မြန်မာအမျိုး သားဖူဆယ်အသင်းကို နည်းပြ ချုပ်အဖြစ် အီရန်နိုင်ငံသား ရီဇာ က တာဝန်ယူကိုင်တွယ်နေပြီး ပဏာမကစားသမား ၁၈ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ မြန်မာဖူဆယ်လိဂ် ညွန့်ပေါင်းအ သင်းကို နည်းပြချုပ်အဖြစ် ဦးသန်းဝဏ္ဏအောင်က တာဝန်ယူကိုင် တွယ်မည်ဖြစ်ပြီး လိဂ်ပြိုင်ပွဲနှင့် ယူ-၂၀ ဖူဆယ်လက်ရွေးအသင်း မှ အကောင်းဆုံးကစားသမား ၁၂ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။

‘‘ဆီးဂိမ်းမတိုင်မီ ခြေစမ်းပွဲ ကစားချင်တဲ့အတွက် ဒီပွဲကို စီစဉ် ဖြစ်တာပါ။ လိဂ်ညွန့်ပေါင်းအ သင်းဆိုပေမယ့် လက်ရွေးစင်မပါ ခဲ့တဲ့လိဂ်က အကောင်းဆုံးကစား သမားတွေနဲ့ ပြန်စုစည်းမှာဆို တော့ ပွဲကောင်းဖြစ်လာမှာပါ။ ဆီးဂိမ်းအတွက် နောက်ဆုံးကစား သမားစာရင်းကိုတော့ ဒီနှစ်ပွဲအ ပြီးမှာ ထုတ်ပြန်သွားမှာပါ။ အပြီး သတ်ကစားသမား ၁၄ ယောက် ရွေးချယ်သွားမှာပါ’’ဟု မြန်မာ့ လက်ရွေးစင်  ဖူဆယ်အသင်း လက်ထောက်နည်းပြ ဦးကျော်ဇင် ညွန့်က ပြောသည်။

မြန်မာအမျိုးသားဖူဆယ်အ သင်းသည် ပြီးခဲ့သည့် ဇူလိုင်အ တွင်းက ထိုင်းနိုင်ငံ ဘန်ကောက် မြို့သို့ ၁၀ ရက်ကြာ ခြေစမ်းခရီး စဉ် သွားရောက်ခဲ့ပြီး ခြေစမ်းပွဲ ငါးပွဲယှဉ်ပြိုင်ကစားရာ တစ်ပွဲနိုင်၊ လေးပွဲရှုံးရလဒ်ရရှိခဲ့သည်။

မလေးရှားနိုင်ငံ၌ ကျင်းပ မည့် ၂၀၁၇ ဆီးဂိမ်းအမျိုးသား ဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း သည် အိမ်ရှင် မလေးရှား၊ ထိုင်း၊ ဗီယက်နမ်အသင်းတို့နှင့် အုပ်စု ပတ်လည်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အမှတ်အများဆုံး နှစ်သင်းက ဗိုလ်လုပွဲယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး တတိယနှင့် စတုတ္ထရရှိသည့် အသင်းတို့က တတိယလုပွဲ ယှဉ်ပြိုင်မည်ဖြစ် သည်။

Top News