အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရ၍ အဆုံးစီရင်သွားသည်ဆိုသော မိန်းကလေးအမှုနှင့်ပတ်သက်ပြီး ပြည်ထဲရေး၏ပြန်ကြားချက်ကို လူ့အခွင့်အရေးကော်မရှင်စောင့်ဆိုင်း

အုပ်စုဖွဲ့အဓမ္မကျင့်ခံရ ၍ အဆုံးစီရင်ခဲ့သည် ဆိုသော မိန်းကလေးအမှုနှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူးနှင့် ရဲဝန်ထမ်းကို အရေးယူပေးရန် တိုင်တန်းချက် အပေါ် ပြည်ထဲရေးဝန်ကြီးဌာနက အကြောင်းပြန်ခြင်း မပြုပါက လွှတ်တော်သို့ တင်ပြမည်ဟု လူ့ အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။ 

ယင်းအမှုသည် ၂၀၁၆ ဒီဇင်ဘာလဆန်းက ကွမ်းခြံကုန်းမြို့ နယ် တော်ခရမ်းကြီး အနောက်ကျေးရွာအုပ်စု ကျွန်းချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

သေဆုံးသူ အသက်(၁၈)နှစ်အရွယ် မိန်းကလေး၏မိခင် ဒေါ်ခင်ညွန့်ရီက လူ့အခွင့်အရေးကော်မ ရှင်သို့ ၂၀၁၇ မတ်လဆန်းက တိုင်တန်းသည့်စာတွင် ၎င်း၏သမီးအဓမ္မပြုကျင့်ခံရပြီးနောက် ကျူး လွန်သူများကို ရပ်ရွာက ဝိုင်းဝန်း ဖမ်းဆီးခဲ့သော်လည်း တာဝန်ခံသူ ရှိသဖြင့် လွှတ်ပေးခဲ့ရသည်ဟု ပါ ဝင်သည်။ 

ထို့နောက်ပိုင်း အုပ်ချုပ်ရေး မှူးများ၊ နယ်မြေခံရဲတပ်ဖွဲ့များ က တစ်စုံတစ်ရာ ဆက်လက်မေး မြန်းခြင်းမရှိတော့ဘဲ တစ်ပတ် ခန့်အကြာတွင် သမီးဖြစ်သူ အ ဆုံးစီရင်သွားကြောင်း၊ သေမှုသေ ခင်းဖြင့်သာ အမှုဖွင့်ခဲ့ပြီး အ လောင်းကို မြေမြှုပ်ရန် တစ်ရက် အလိုမှသာ ပတ်ဝန်းကျင်မှ ရပ် တည်ပေးသူများကြောင့် အဓမ္မ ကျင့်ခံရမှုအတွက် အမှုဖွင့်ခွင့်ရခဲ့ ကြောင်း၊ အဓိကတိုင်ကြားခံရသူ များကို ရဲက လွှတ်ပေးခြင်း ဖြစ် ကြောင်းလည်း ပါဝင်သည်။ 

ဒေါ်ခင်ညွန့်ရီ၏ တိုင်တန်း ချက်နှင့်ပတ်သက်၍ လူ့အခွင့်အ ရေးကော်မရှင်က ပြည်ထဲရေးဝန် ကြီးဌာနသို့ လိပ်မူ၍ ယင်းတိုင် တန်းချက်ကို အရေးယူဆောင် ရွက်ထားမှုအခြေအနေကို ရက် ၃၀ အတွင်း ပြန်ကြားပေးပါရန်နှင့် ပြန်ကြားရာတွင် တိုင်တန်းသူများ အပေါ် လက်တုံ့ပြန်မှုမခံရစေရေး သတိပြု ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံကြောင်း စာပေးပို့ခဲ့သည်ဟု လူ့အခွင့်အရေးကော်မ ရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။ 

သို့သော် ဇွန်လ ၉ ရက်က လိပ်မူပေးပို့ပြီး သြဂုတ် ၂ ရက်အထိ ရက်ပေါင်း ၅၀ ကျော်ကြာသည် အထိ ပြည်ထဲရေးဝန်ကြီးဌာနက အကြောင်းပြန်ကြားမှု တစ်စုံတစ်ရာမရှိသေးသဖြင့် နှိုးဆော်စာ ထပ်မံပေးပို့ထားကြောင်း ဦးယု လွင်အောင်က ပြောသည်။ 

အကြောင်းပြန်ကြားမှုမရှိပါ က နောက်ဆုံးအခြေအနေတွင် လွှတ်တော်သို့ ဆက်လက်တင်ပြ မည်ဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ 7Day Daily သတင်းစာက ပြည်ထဲရေးဝန်ကြီး ဌာနသို့ ဖုန်းဆက်သွယ်မေးမြန်းရာ ဖြေကြားခြင်းမရှိပေ။ 

ရဲနှင့်အုပ်ချုပ်ရေးမှူး၏တာ ဝန်မဲ့အပြုအမူများကို အရေးယူ ပေးပါရန် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံသို့ တိုင်ကြားထားခြင်းသည် ငါးလခန့် ကြာသော်လည်း အမှုနှင့်ပတ် သက်၍ အကြောင်းတစ်စုံတစ်ရာ မထူးခြားသေးကြောင်း ဒေါ်ခင် ညွန့်ရီက ပြောသည်။ 

‘‘ကျွန်မဆန္ဒကတော့ အမြန်ဆုံးပေါ်စေချင်တာပဲ။ အခုဟာက သူများတွေက လာမေးရင် မသိဘူးလို့ပဲ ပြောရတယ်။ ဘာသံမှလည်း မကြားနဲ့။ အားငယ်တာပဲ’’ဟု  ၎င်းက ဆိုသည်။

တိုင်ကြားခံရသူ ရဲအရာရှိထံ ဖုန်းဆက်မေးမြန်းရာ ၎င်းထံတွင် ကာယကံရှင်မိဘများ ထွက်ဆိုထားသော ထွက်ချက်များ၊ ကျူးလွန်သည်ဟုယူဆသူတို့၏ ထွက် ချက်များစသဖြင့် သက်ဆိုင်ရာ ထွက်ချက်အစုံအလင်အပါအဝင် သက်သေအထောက်အထားများ စွာရှိသဖြင့် တာဝန်ရှိသူများက လာရောက် စုံစမ်းနိုင်ကြောင်း ပြောသည်။ 

‘‘ကျွန်တော်အစွမ်းကုန်တာ ဝန်ကျေအောင် လုပ်ပေးထားပါ တယ်။ ဒါကို ဒီလိုကြီးတွေ ပြော တာက ကျွန်တော့်ကို နှိပ်ကွပ်သ လို ခံစားရတယ်။ အကောင်းဆုံး လုပ်ပေးနေတဲ့ နိုင်ငံ့ဝန်ထမ်းတစ် ယောက်ကို’’ဟု ၎င်းက ဆက်လက်ပြောသည်။ 

လက်ရှိတွင် ယင်းအမှု၌ ရဲ က တရားခံဟု ယူဆကာ တရားရုံးသို့ စွဲချက်တင်ထားသည့် လူငယ် သုံးဦးကို မျက်မြင်သက်သေမရှိ ခြင်း၊ ကာယကံမိန်းကလေးမရှိ ခြင်းနှင့်တရားလိုမိခင် ဒေါ်ခင်ညွန့်ရီကိုယ်တိုင်က ၎င်း၏သမီးမသေ ဆုံးမီ ပြောကြားချက်အရ ယင်း လူငယ်သုံးဦးသည် ကျူးလွန်သူမ ဟုတ်ဟုဆိုသဖြင့် တရားရုံးက အမှုကို တရားရှင်လွှတ်ခဲ့ကြောင်း လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားခံရသည့် ရဲအရာရှိက ပြောသည်။