ရာသီတုပ်ကွေးဖြင့် ကလေးတစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၂၀ ဦး ရှိလာ

ရာသီတုပ်ကွေး(H1N1) ရောဂါကြောင့် ကလေးငယ်တစ် ဦး ဩဂုတ် ၁၀ ရက်ကထပ်မံသေ ဆုံးခဲ့ရာ စုစုပေါင်းသေဆုံးသူ ၂၀ ဦးရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စာရင်း များတွင် ဖော်ပြသည်။

ယခုသေဆုံးသည့် ကလေး ငယ်သည် အသက်ငါးနှစ်အောက် အရွယ်ဖြစ်ပြီး ဧရာဝတီတိုင်းမှဖြစ် သည်။ ထို့အပြင် အဆိုပါရောဂါ ကြောင့် သေဆုံးခဲ့သည့် ခြောက် ဦးမြောက်ကလေးငယ်ဖြစ်သည်။


‘‘ဟင်္သာတဆေးရုံမှာ ဆေး ကုသမှုခံယူရင်းနဲ့ ဆုံးသွားတာ’’ ဟု ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန သဘာဝဘေးအန္တ ရာယ်နှင့်ကူးစက်ရောဂါကာကွယ် တိုက်ဖျက်ရေးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ်ဒေါက်တာသန်း ထွန်းအောင်က ဩဂုတ် ၁၀ ရက် တွင် ပြောသည်။

ဆေးရုံများ၌ ရာသီတုပ်ကွေး သံသယလူနာအဖြစ် ဆေးကုသ မှုခံယူသူ အသက်ငါးနှစ်အောက် ကလေးငယ် ၁၀၀ ခန့်ရှိပြီး ဩဂုတ် ၉ ရက်အထိ သေဆုံးသူ ငါးဦးရှိခဲ့ကြောင်း ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဝန်ကြီးဌာန စာရင်းများအရ ဇူလိုင် ၂၁ ရက်မှ ဩဂုတ် ၁၀ ရက်အထိ ရာသီတုပ်ကွေးဖြစ်ပွား သူ ၁၉၄ ဦးရှိပြီး သေဆုံးသူ ၂၀ ဦးထိရှိလာသည်။

ရန်ကုန်တိုင်းတွင် ပိုးတွေ့ လူနာ ၇၃ ဦးနှင့် သေဆုံးသူခုနစ် ဦး၊ ဧရာဝတီတိုင်းတွင် ပိုးတွေ့လူ နာ ၃၁ ဦးနှင့် သေဆုံးသူကိုးဦး၊ မွန်ပြည်နယ်တွင် ပိုးတွေ့လူနာ ငါးဦးနှင့်သေဆုံးသူတစ်ဦး၊ ပဲခူး တွင် ပိုးတွေ့လူနာ ၂၅ ဦးနှင့်သေ ဆုံးသူနှစ်ဦး၊ နေပြည်တော်တွင် ပိုးတွေ့လူနာ ၁၂ ဦး၊ မန္တလေး တွင် ပိုးတွေ့လူနာ ကိုးဦး၊ စစ် ကိုင်းတွင် ပိုးတွေ့လူနာနှစ်ဦး၊ မကွေးတွင် ပိုးတွေ့လူနာခုနစ်ဦး နှင့် သေဆုံးသူတစ်ဦး၊ တနင်္သာရီ၊ ရှမ်းနှင့် ချင်းပြည်နယ်တို့တွင် ပိုး တွေ့လူနာ ၁၀ ဦးစီရှိခဲ့သည်။