H1N1 ရောဂါ စိုးရိမ်ရန်မလိုသော်လည်း ရောဂါကာကွယ်ရေး အားထည့်လုပ်ဆောင်နေဟု ကျန်းမာရေးဝန်ကြီးပြော

ရာသီတုပ်ကွေး ရောဂါ H1N1 သည် ဖြစ်ရိုးဖြစ်စဉ် ရောဂါပိုးသာဖြစ်ပြီး စိုးရိမ်ရန်မလို ကြောင်း ဂျပန်နိုင်ငံက အကြောင်း ပြန်ထားသော်လည်း ကာကွယ် ရေးလုပ်ငန်းများကို အားထည့် လုပ်ဆောင်နေကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

 သြဂုတ် ၁၀ ရက်က ကျင်းပ သည့် အမျိုးသားလွှတ်တော်အ စည်းအဝေးတွင် မေးခွန်းများဖြေ ကြားပြီး ပြန်လည်ထွက်ခွာလာစဉ် ၎င်းက သတင်းထောက်များအားပြောကြားသည်။

အဆိုပါ H1N1 ရောဂါပိုးကို ဂျပန်နိုင်ငံသို့ ပေးပို့စစ်ဆေးရာ အဆိုပါ ရောဂါပိုးသည် ဖြစ်ရိုးဖြစ်စဉ်ရောဂါပိုးသာဖြစ်ပြီး စိုးရိမ်စရာမရှိကြောင်း အကြောင်းပြန်ခဲ့သည်ဟု ၀န်ကြီးက ဆက်လက်ရှင်းပြသည်။


‘‘ဂျပန်က ပြောတာက ဒီ လောက်အထိ စိုးရိမ်စရာမလိုပါ ဘူးတဲ့။ ဒီရောဂါပိုးမွှားက နောက် ရောဂါပိုးမွှားနဲ့လည်း မပေါင်း ဘူး။ ဖြစ်ရိုးဖြစ်စဉ် ရောဂါပိုးဖြစ် တာကြောင့် ဘာမှစိုးရိမ်စရာမလို ဘူး။ သို့သော်လည်း ကိုယ်က ကိုယ့်လူမျိုးတော့ ကိုယ်က စိုးရိမ် တာပေါ့။ မတော်လို့များဖြစ်ခဲ့ သည်ဆိုတာနဲ့ ကျွန်တော်တို့က လုပ်နေရတာ။ ကျွန်တော့်အနေနဲ့ က လျှော့လို့မရဘူး။ လျှော့ရင် ပို ဖြစ်မှာဆိုပြီး ပိုကိုင်ရခက်တယ် လေ။ စပြီးတော့ အဖူးလေးမှာ တွယ်တယ်ဆိုရင် အဖူးကိုညှပ်ပ လိုက်ရမယ်။ အဲဒီလိုမျိုးပုံစံနဲ့ ကျွန်တော်အားခဲပြီးလုပ်နေတာ’’ ဟု ၀န်ကြီးက ပြောသည်။

 ဖြစ်ရိုးဖြစ်စဉ်ရောဂါပိုးဆို သော်လည်း ကာကွယ်မှုကို မ လျှော့ချဘဲ အားထည့်ဆောင်ရွက် နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

‘‘ဒီရောဂါပိုးကို အန္တရာယ်မ ရှိဘူးလို့ ကျွန်တော်မပြောဘူး။ သိပ်ပြီးထူးဆန်းတဲ့ ရောဂါပိုးမ ဟုတ်ပါဘူးလို့ ဂျပန်က ပြော တယ်။ သူတို့ပြောတာက ပြော တာပဲ။ ကိုယ့်နိုင်ငံမှာဖြစ်နေတာ။ အဲဒါကြောင့် ကျွန်တော်အားထည့် ပြီးလုပ်နေတာ’’ဟု ၀န်ကြီးဒေါက် တာမြင့်ထွေးက ပြောသည်။

ထို့အပြင် ပြည်သူများအနေ  ဖြင့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ရန်၊ ပူးပေါင်းပါဝင် ရန်လည်း ၎င်းကတိုက်တွန်းသည်။

‘‘ဒီပိုးက နှစ်မီတာလောက် သွားတယ်။ နှစ်မီတာကျော်ရင် ဒီကောင်က မသွားဘူး။ ခဏနေ သေသွားတာပဲ။ ဒီကောင်က ငါး မိနစ်၊ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် လောက်ခံတာ’’ဟု ၀န်ကြီးက ဘတ်စ်ကားများပေါ်တွင် ခရီး သည်အချင်းချင်း ရာသီတုပ်ကွေး ကူးစက်မည်ကို ပူပန်ကြောင်း ပြောသည်။

 ပြည်သူများအနေဖြင့် ချောင်းဆိုးခြင်း၊ အသက်ရှုကျပ် ခြင်းများဖြစ်ပေါ်လာပါက နှာခါင်းစည်းများအုပ်ပြီး နီးစပ်ရာ ဆေးရုံ၊ဆေးခန်းများသို့ အမြန်ဆုံးပြသကြရန် ၎င်းက အကြံပြုသည်။

ကျန်းမာရေးဝန်ကြီးဌာနအ နေဖြင့် အဆိုပါ ရောဂါပိုးမွှားပျံ့နှံ့ ရေးမရှိစေရန် တိုင်းနှင့်ပြည်နယ် ၀န်ကြီးချုပ်များနှင့် အစည်းအဝေးများ ပြုလုပ်၍ အားသွန်ခွန်စိုက် ဆောင်ရွက်နေကြောင်း ၀န်ကြီးကပြောသည်။

‘‘ကျွန်တော်တို့ ဒီဖြစ်စဉ်မှာ ဘာအကျိုးအမြတ်ထွက်သွား လည်းဆိုတော့ ပြည်သူများ ကျန်း မာရေးအသိစိတ်ဓာတ်တွေ အ များကြီးဖြစ်လာတယ်။ ပြည်သူ တွေ ကျန်းမာရေးအသိပညာ အ ကောင်းဆုံးဖြစ်အောင်လုပ်မယ်။ ဒါကျွန်တော်တို့ တာဝန်ပဲ။ ရှေ့ ဆက်ပြီးတော့၊ အားဖြည့်ပြီးတော့ လုပ်မယ်။ မပူနဲ့’’ဟု ၀န်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

 အဆိုပါ ရာသီတုပ်ကွေး ရောဂါစတင်ဖြစ်ပွားချိန်မှ သြဂုတ် ၉ ရက်အထိ သံသယလူနာ ၄၇၄ ဦး၊ ပိုးတွေ့လူနာ ၁၈၃ ဦးနှင့် သေ ဆုံးသူ ၁၉ ဦးရှိကြောင်း ကျန်းမာ ရေးနှင့်  အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Top News