ပီအက်စ်ဂျီနောက်တန်းလူ အော်ရီယာ မန်ယူရောက်ရန် နီးစပ်လာ

ပီအက်စ်ဂျီညာနောက်ခံ လူ ဆာဂျီအော်ရီယာသည် မန်ယူအသင်းနှင့် ငါးနှစ်စာချုပ်ချုပ်ဆို ရန် နီးစပ်နေသည်။

အိုင်ဗရီကို့စ်လက်ရွေးစင် သာ ရောက်လာပါက လောလောဆယ် ညာနောက်ခံလူနေရာအ တွက် ဗလင်စီယာနှင့် မက်တီယိုဒါမီယန်ကိုသာ အားကိုးနေရ သော မော်ရင်ဟိုအတွက် ရွေးချယ်စရာ ပိုများလာမည်ဖြစ်သည်။

အော်ရီယာ (၂၄)နှစ်သည် ၂၀၁၄ က ပီအက်စ်ဂျီသို့ ရောက် လာပြီးနောက် လီဂူးဝမ်းပွဲပေါင်း ၅၇ ပွဲပါဝင်ကစားခဲ့ကာ လီဂူးဝမ်းဖလားနှစ်ကြိမ်၊ လိဂ်ဖလားသုံး ကြိမ်နှင့် ပြင်သစ်ဖလား သုံးကြိမ် ရရှိခဲ့သည်။

အော်ရီယာ မန်ယူရောက်ရှိ လာရေး တစ်ခုတည်းသော အခက်အခဲမှာ ပြီးခဲ့သည့်နှစ်အတွင်း ရဲအရာရှိတစ်ဦးနှင့် ပြဿနာတက်ခဲ့၍ ဥပဒေကြောင်းအရ ဖြေရှင်းနေရ သည့် ကိစ္စဖြစ်သည်။ သို့သော်ယင်းကိစ္စတွင် အော်ရီယာက အယူခံဝင်ထားပြီး ပရီးမီးယားလိဂ်သို့ အကောင်းဆုံးပုံစံဖြင့် ရောက် လာရန် ယင်းအမှုကိစ္စ၌ အလှည့် အပြောင်းဖြစ်မည်ဟု မော်ရင်ဟို က မျှော်လင့်နေသည်။

၂၀၁၅ က အိုင်ဗရီကို့စ်နှင့် အတူ အာဖရိကနိုင်ငံများဖလား ရရှိခဲ့သော အော်ရီယာသည် နိုင်ငံ့အသင်းအတွက် ၃၉ ပွဲ ကစားခဲ့ပြီး မကြာသေးမီသီတင်းပတ် များ အတွင်း ချယ်လ်ဆီးသို့ ပြောင်းရွှေ့တော့မည့်သတင်းထွက်ပေါ်ခဲ့ သူလည်းဖြစ်သည်။

—Ref:Goal

Top News