အိမ်ဝန်းကျင်က ဆေးဖက်ဝင်အပင်တွေကို သိထားဖို့

ကျန်းမာရေးပြဿနာဆို တာ လူတိုင်းအဖို့ တစ်နေ့မဟုတ် တစ်နေ့ ကြုံရတတ်တာမို့ မတော် တဆ တစ်ခုခုဖြစ်တဲ့အခါ ကိုယ့် အိမ်ပတ်ဝန်းကျင်မှာရှိတတ်တဲ့ ဆေးဖက်ဝင်အပင်တွေကို အကျိုး ရှိရှိ အသုံးချနိုင်ဖို့ဖော်ပြလိုက်ပါ တယ်။

သာမန်အပူလောင်နာတွေ အတွက် ရှားစောင်းလက်ပပ်- မီးဖိုထဲ ချက်ရင်းပြုတ်ရင်း လက် အပူလောင်မိတယ်ဆိုရင် ရှား စောင်းလက်ပပ် ဂျယ်လေးနဲ့ သုတ်လိမ်းပေးရင် အပူလောင်နာ သက်သာစေပါတယ်။

ချောင်းဆိုးတာအတွက် ကလျာ ဏီရွက် - ရောင်ရမ်းနာတွေ သက်သာစေသလို မှိုရောဂါနဲ့ ဗက်တီးရီးယားပိုးတွေ သေစေ နိုင်စွမ်းရှိတဲ့ ကလျာဏီရွက် ခြောက် (ဒါမှမဟုတ်) အရွက်စိုကို ရေနွေးပူပူထဲမှာ စိမ်ပြီးသောက် တာမျိုး၊ အရွက်စိုကို ရေစင်စင် ဆေးပြီး ပျားရည်နဲ့ ရောစပ်၊တစ် ပတ်လောက်စိမ်ထားပြီး ရေခပ် နွေးနွေးနဲ့ ရောစပ်သောက်သုံးရင် ချောင်းဆိုးသက်သာစေပါတယ်။

လည်ချောင်းနာအတွက် စမုန်ဖြူ - စမုန်ဖြူရွက်ခြောက် (ဒါမှ မဟုတ်) အရွက်စိုကို ရေနွေးပူပူနဲ့ ၁၀ မိနစ်လောက် စိမ်ထားပြီး သောက်ပေးရင် လည်ချောင်းနာ တာ သက်သာစေပါတယ်။

ခေါင်းကိုက်တာအတွက် ပူဒီနာ ရွက် - ပူဒီနာရွက်ခြောက် လက် ဖက်ရည်ဇွန်းတစ်ဇွန်းကို ပျားရည် အနည်းငယ်နဲ့ရောပြီး သောက်ရင် (ဒါမှမဟုတ်) ပူဒီနာရွက် လတ် လတ်ဆတ်ဆတ်ကိုပြုတ်ပြီး အနံ့ ရှူတာမျိုးလည်း လုပ်နိုင်ပါတယ်။

စိတ်ဖိစီးမှုအတွက် ပင်စိမ်းရွက် - ပင်စိမ်းရွက် ၁၀ ရွက်လောက်ကို အစိမ်းအတိုင်း ဝါးစားရင်ပဲဖြစ် ဖြစ်၊ ပင်စိမ်းရွက်ကို ရေနွေးစိမ်ပြီး ဖြစ်ဖြစ် သောက်ပေးရင် စိတ်ဖိစီး မှုတွေ သက်သာစေတယ်လို့ဆိုပါ တယ်။

ပွန်းပဲ့၊ ထိခိုက်နာအတွက် အကြောပေါင်းတစ်ထောင်ပင် - မြေမှာကပ်ပြီးပေါက်တဲ့ အရွက် ဖားများ ဖြာထွက်ပြီး အပွင့်စိမ်း ပွင့်တဲ့   ပင်ပျော့တစ်မျိုးဖြစ်တဲ့ အကြောပေါင်းတစ်ထောင်ပင်က တော့ ထိခိုက်ပွန်းပဲ့နာတွေဆိုရင် အရွက်ကို အနှစ်လုပ်ပြီး ပြတ်ရှ ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာမှာ သုတ် လိမ်းပြီး ခြောက်တဲ့အထိထားကာ ရေနွေးနွေးလေးနဲ့ ဆေးကြောပေး ရင် သက်သာစေပါတယ်။

အင်းဆက်ကိုက်မှုတွေအတွက် အထပ်တစ်ရာပန်း - အဝါရောင်၊ လိမ္မော်ရောင်အပွင့်လေးတွေပွင့် တဲ့ အထပ်တစ်ရာပန်းကို ကြိတ် ချေအနှစ်လုပ်ပြီး အင်းဆက်ကိုက် ခံရတဲ့ဒဏ်ရာကို သုတ်လိမ်းပေး ရင် အနာသက်သာစေပါတယ်။

မေ့လျော့မှုအတွက် ရို့စ်မေရီပင် - ရို့စ်မေရီရွက်က မှတ်ဉာဏ် ကောင်းစေသလို ဦးနှောက်စွမ်း အားကိုလည်း မြှင့်တင်ပေးတဲ့ အတွက် အယ်လ်ဇိုင်းမားရောဂါနဲ့ ဦးနှောက်ထိခိုက်ဒဏ်ရာကြောင့် ဖြစ်တဲ့ စိတ်ဖောက်ပြန်မှုတွေဆို ရင် ရို့စ်မေရီရွက်ကို ရှူရှိုက်ပေးဖို့ လိုအပ်ပါတယ်။

—Ref: hophomeremedies

Top News