လည်ပင်းအရွယ်အစားကပြောတဲ့ ကျန်းမာရေး

လည်ပင်းအရွယ်အစားဟာ ဒီအတိုင်းကြည့်လိုက်ရင် မသိသာ လှပေမယ့် လည်ပင်းကြီးရောဂါ ဖြစ်နေတဲ့အခါမျိုး (ဒါမှမဟုတ်) ဟော်မုန်းပြဿနာတစ်ခုခုရှိတဲ့ အခါမျိုးမှာတော့ ပုံမှန်ထက် ကြီး နေတယ်ဆိုတာ သိသာပါတယ်။

အမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းဟာ ၃၄ စင်တီမီတာ ထက် ကြီးနေတယ်ဆိုရင် သွေး တိုးရောဂါ၊ ဆီးချိုရောဂါ တစ်ခုခု ခံစားနေရသလို ကိုလက်စထရော များနေတာမျိုး ဖြစ်နိုင်တယ် လို့ဆိုပါတယ်။ နောက်ပြီး ၃၂ စင်တီမီတာထက်ကြီးနေရင် အဝ လွန်ပြီဆိုတာ သိနိုင်ပါတယ်။

လည်ပင်းအရွယ်အစားက နှလုံးသွေးကြောဆိုင်ရာရောဂါ တွေနဲ့ပတ်သက်ပြီး သတိပေး ချက်တစ်ခု ဖြစ်နိုင်တယ်လို့ ဆိုပါ တယ်။ လည်ပင်းအရွယ်အစား ကြည့်ပြီး ရောဂါခန့်မှန်းချက်ဟာ လေ့ကျင့်ခန်းယူထားတဲ့ အားက စားသမားတွေနဲ့ သက်ကြီးရွယ်အို တွေကိုတော့ လုပ်ဆောင်လို့မရ ပါဘူး။

အသက် (၆)နှစ်အရွယ် ကလေးတစ်ယောက်ဟာ လည် ပင်းအရွယ်အစား ၂၈ ဒသမ ၄ စင်တီမီတာရှိတယ်ဆိုရင် အဲဒီ အရွယ်အစားထက်သေးငယ်တဲ့ သက်တူရွယ်တူတွေထက် အဝ လွန်ရောဂါဖြစ်နိုင်ခြေ များတယ် လို့ သိရပါတယ်။

ဒါကြောင့်မို့ လည်ပင်း အရွယ်အစားနဲ့ ပုံမှန်ရှိ၊ မရှိကို သတိပြုစစ်ဆေးနေဖို့လိုပြီး ရေ များများသောက်ပေးခြင်းအားဖြင့် လည်ပင်းမှာ အဆီတွေ မတက် အောင် ကာကွယ်နိုင်ပါတယ်။

ရေက ကိုယ်တွင်းအဆိပ် အတောက်တွေကို ဖယ်ရှားပေး သလို အသားအရေကို စိုပြည် တင်းရင်းစေတဲ့အတွက်အရေပြား တွဲကျတာတို့၊ မေးစေ့နှစ်ထပ်ဖြစ် တာတို့ကို ကာကွယ်ပြီးသားဖြစ် စေပါတယ်။

လူတစ်ယောက်ရဲ့ ပုံမှန် လည်ပင်းအရွယ်အစားဟာ အမျိုးသားဆိုရင် ၃၅ ဒသမ ၅ စင်တီမီတာ၊ အမျိုးသမီးဆိုရင် ၃၂ စင်တီမီတာရှိပါတယ်။

—Ref: wellnessbin

Top News