(၂၉) နှစ်ပြည့် ဝတ်မှုံရွှေရည်ရဲ့ မွေးနေ့ ဖြတ်သန်းမှု

 သြဂုတ် ၁၀ ရက်တွင် ပြည့်မြောက်ခဲ့သည့် (၂၉) နှစ်ပြည့်မွေး နေ့ဖြတ်သန်းမှုကို အကယ်ဒမီ သရုပ်ဆောင် ဝတ်မှုံရွှေရည်က ယခုကဲ့သို့ ပြောသည်။

‘‘ဒီနေ့ကစ် အောင်ဇမ္ဗူတော ရ-မှော်ဘီက ဆရာတော်ဆီသွား ပြီး တော့ နေ့ဆွမ်းကပ်တယ်။ ဘု ရားတည်ဖို့ အလှူငွေ ၂၄ သိန်းကို ရေစက်ချလှူဒါန်းခဲ့တယ်။ ဒီနေ့ အလှူသွားလုပ်တဲ့အတွက် ကား ရိုက်နားထားတယ်။ မိသားစုနဲ့ပဲ နေဖြစ်တယ်’’ ဟု ၎င်းကပြော သည်။

‘Birthday Wish လုပ်ပေး ကြသူများနှင့်  အလှူလုပ်ပေး ကြသည့် We Love အဖွဲ့ဝင်ပရိ သတ်များ အားလုံးကို ကျေးဇူး တင်ကြောင်းနှင့် ဆုတောင်းပေး ကြသည့် ပရိသတ်များ စိတ်ချမ်း သာပြီး လိုအင်ဆန္ဒအားလုံးပြည့် ပါစေ’ဟု မှော်ဘီမှအပြန်တွင် ကားပေါ်၌ ဝတ်မှုံရွှေရည်က Live လွှင့်၍ ဆုတောင်းပေးခဲ့သည်။

‘‘ဒီနေ့ ရန်ကုန်နဲ့မန္တလေးက We Love တွေပေါင်းပြီး တွံတေးမှာ အလှူပေါင်းလုပ်ပေးကြတယ်။ အဲဒီအတွက် ကျေးဇူးတင်ပါ တယ်။ ဒီနေ့မိသားစုနဲ့ ဆွမ်းကပ် တာဖြစ်လို့ We Love တွေဆီမ သွားဖြစ်တာပါ။ အလှူငွေထည့် ပြီး ကစ်အတွက်အလှူလုပ်ပေး ကြတဲ့ ကစ်ရဲ့ ချစ်ရတဲ့ ပရိသတ် တွေကို ကျေးဇူးအများကြီးတင်ပါ တယ်’’ ဟု ဝတ်မှုံရွှေရည်က ပြောသည်။မွေးနေ့၌ ၎င်းကိုတွေ့မြင်လိုသူများအတွက် ဖေ့စ်ဘွတ်ခ်တွင်Live လွှင့်ခြင်းဖြစ်ကြောင်း ဝတ်မှုံ ရွှေရည်က ပြောသည်။

‘‘ဒီနေ့လည်း မနက်အစော ကြီး အမှတ်တရအနေနဲ့ ကစ်ကို မင်းသမီးမဖြစ်သေးခင်ကတည်း က ဓာတ်ပုံရိုက်နေတဲ့ အချိန်က တည်းကနေ အားပေးလာခဲ့တဲ့ ညီမလေး မိန်မိန်းက Birthday Present လာပေးတယ်။ ကစ်ကို ဘယ်သူမှတောင် မသိသေးတဲ့အ ချိန်ကနေ အခုချိန်ထိအားပေးခဲ့တဲ့ ညီမလေးက နှစ်တိုင်းမွေးနေ့လက် ဆောင်ကို မနက်အစောကြီးလည်း  လာပေးတယ်။ ညလည်းလာပေး တယ်။ မနက်ဝေလီဝေလင်း ၁ နာရီ၊ ၂ နာရီလည်းလာပေးတယ်။ အဲဒါကတော့ အမှတ်တရပါပဲ’’ ဟု (၂၉) နှစ်ပြည့် မွေးနေ့ နံနက်ခင်း အမှတ်တရကို ပြောသည်။

နှစ်စဉ် ပရိသတ်များနှင့် မွေး နေ့ဖြတ်သန်းမှု အမှတ်တရများ ရှိခဲ့သော်လည်း ယခုနှစ်၌ အတူ မရှိရသဖြင့် စိတ်မကောင်းဟု ဆိုသည်။

လက်ရှိတွင် ကြော်ငြာများ ရိုက်ကူးရန် လက်ခံထားပြီး သြ ဂုတ်နောက်ပိုင်း၌ ဒါရိုက်တာ ကြည်ဖြူသျှင်ရိုက်ကူးမည့် ဇာတိ မြေဇာတ်ကားအတွက် ဂျပန်သို့ သွားရောက်မည်ဖြစ်သည်။

Top News