■ အားကစားသတင်းတိုများ

ဝက်ဖို့ဒ်အသင်းက ဘန်လေ တိုက်စစ်မှူး အန်ဒရေဂရေးကို ကလပ်စံချိန်တင် ပြောင်းရွှေ့ ကြေးပေါင် ၁၈ သန်းခွဲဖြင့် ခေါ်ယူ ပြီး ငါးနှစ်စာချုပ် ချုပ်ဆိုသည်။


မန်ယူအသင်း၏ အမေရိကန် လူမျိုး ပိုင်ရှင်များဖြစ်သော ဂလေဇာမိသားစုသည် မန်ယူ၏ ရှယ်ယာ ၂ ရာခိုင်နှုန်းကို နယူး ယောက် စတော့ရှယ်ယာဈေး ကွက်တွင် ရောင်းချမည်ဖြစ်ကာ ၀င်ငွေ ကန်ဒေါ်လာ ၂ ဒသမ ၈၉ သန်းရရန်ရှိနေသည်။

အီတလီဘောလုံးအဖွဲ့ချုပ်က လက်ရွေးစင်နည်းပြ ဂျီယန်ဗင် ဆူရာကို ၂ နှစ် သက်တမ်းတိုး လိုက်ကြောင်း ကြေညာပြီး ၎င်း သည် ၂၀၂၀ ပြည့်နှစ်အထိ အ သင်းကို ဆက်လက်ကိုင်တွယ်မည်ဖြစ်သည်။

ပေါ်တူဂီလိဂ်ပြိုင်ပွဲတွင် ချန် ပီယံ ဘင်ဖီကာအသင်းက ပထမ ဆုံး အိမ်ကွင်းပွဲ၌ ဘရာဂါကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိပြီး မဟာ ပြိုင်ဘက် ပေါ်တိုကလည်း အက်စတိုရီကို ၄-၀ ဂိုးဖြင့် ချေမှုန်းခဲ့သည်။

ပရီးမီးယားလိဂ်သို့ တန်းတက်လာသော ဘရိုက်တန်အသင်းက ဇွန်လနောက်ပိုင်း ကလပ်စံချိန်ကို တတိယအကြိမ် ချိုးဖျက်ကာ ဘယ်လ်ဂျီယံကလပ် ဘရူဂေးမှ တောင်ပံကစားသမား ဟိုဆေး အစ်တီယာဒိုကို ပေါင် ၁၃ ဒသမ ၅ သန်းဖြင့် ခေါ်ယူရန်သဘောတူ သည်။

Top News