မောင်တောဒေသလုံခြုံရေး တိုးမြှင့်ထားဟု ရဲမှူးချုပ်သူရစန်းလွင်ပြော

တိုင်းရင်းသားကျေးရွာ  အားလုံးအပါအ၀င် မောင်တော ဒေသ လုံခြုံရေးအတွက် အင်အားထပ်မံတိုးမြှင့်ထားပြီး တပ်မတော်နှင့် ပူးပေါင်း ဆောင်ရွက်နေ ကြောင်း အမှတ် (၁) နယ်ခြား စောင့်ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က သြဂုတ် ၁၀ ရက် တွင် ပြောသည်။


‘‘ငါ့ညီတို့လည်း ဖေ့စ်ဘွတ်ခ် မှာလည်းတွေ့မှာပါ။ အခုထပ်ပြီး တော့ စစ်တွေလေဆိပ်မှာ တပ် ပိုင်းဆိုင်ရာက ဆောင်ရွက်နေတာ တွေ။ အစ်ကိုတို့ နယ်ခြားစောင့်တပ်ဖွဲ့ဆိုရင် ရွာတွေမှာပိုပြီး တော့မှ တိုင်းရင်းသားတွေ စိုးရိမ်ပူပန်မှု မဖြစ်အောင်လို့၊ စေတီပြင်ဖြစ်စဉ် ဆိုရင်လည်း စေတီပြင်မှာ တပ်ကို အင်အားတွေ ထပ်ဆောင်းပြီး၊ ရွာတိုင်းရွာတိုင်းကို နယ်ခြားစောင့်တပ်တွေ ချထားပြီး အင်အားထပ်ဆောင်းပြီး ဆောင်ရွက်ပေးနေ တယ်’’ဟု ရဲမှူးချုပ် သူရစန်းလွင်က 7Day Daily အား ပြောသည်။

စစ်တွေမြို့သို့ သြဂုတ် ၁၀ ရက်တွင် လက်နက်၊ ခဲယမ်း အ ပြည့်အစုံတပ်ဆင်ထားသည့် တပ် မတော်သား အများအပြား လေ ကြောင်းခရီးဖြင့် လာရောက်သည် ကို တွေ့ရသည်ဟု မြို့ခံ ဦးထွန်း လှိုင်က ပြောသည်။

‘‘ကျွန်တော်လေဆိပ်တော့ ရောက်တယ်။ တပ်မတော်လေ ယာဉ်အများကြီးဆင်းပါတယ်။ တပ်မတော်လေယာဉ်က မနက် ပိုင်းမှာ ကာဂိုလေယာဉ်ကြီးနဲ့ စစ် သားတွေအပြည့်၊ နောက်ပြီး လူ လေးဆယ်ကျော်လောက်ဆံ့တဲ့ လေယာဉ်အသေးတွေ အစီးတစ် ဆယ်လောက်ရောက်တယ်’’ဟု ဦးထွန်းလှိုင်က ဆိုသည်။

သြဂုတ် ၉ ရက်တွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးများအပါအ၀င် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူများ တွေ့ဆုံခြင်းတို့ ပြုလုပ်ခဲ့ပြီးနောက် သြဂုတ် ၁၀ ရက်၌ တပ်မတော်သားအများအပြား ရခိုင်ပြည်နယ်သို့ ရောက်ရှိလာ ခြင်းဖြစ်သည်။

‘‘လူကြီးတွေကလည်း ကိုယ့် တိုင်းရင်းသားတွေအပေါ် ဒီလိုအ ကြမ်းဖက်လာတယ်။ ဘာမှ အပြစ်မရှိတဲ့ တိုင်းရင်းသားတွေကို၊ တောင်ယာစိုက်ပျိုးတဲ့ တိုင်းရင်း သားတွေကို ဒီလိုလုပ်တာဖြစ်တဲ့ အတွက် မဖြစ်ဖြစ်အောင် ထိထိ ရောက်ရောက် ဖော်ထုတ်အရေး ယူရမယ်ဆိုပြီး အခုမြင်တဲ့အတိုင်း ပဲ ဒီနေ့ပဲ တပ်ပိုင်းဆိုင်ရာ ဆောင် ရွက်တာတွေ ရှိလာမှာပါ’’ဟု ရဲမှူးချုပ် သူရစန်းလွင်က ပြောသည်။

သြဂုတ် ၃ ရက်တွင် မောင် တောဒေသ ကိုင်းကြီးရွာအနီး မေ ယုတောင်ကြော၌ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ဒေသခံ မြိုတိုင်းရင်းသား ခုနစ်ဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးခဲ့သည်။ ထို့အပြင် သြဂုတ် ၄ ရက်တွင်လည်း ရသေ့တောင်မြို့နယ် အောက်နန်းရာ ကျေးရွာအတွင်း အကြမ်းဖက်အဖွဲ့အား ထောက်ပံ့သည့် တရားခံများ ဖမ်းဆီးလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူဦးရေ ခြောက်ရာခန့်က တိုက်ခိုက်၍ ဖမ်းဆီးလာသည့် တရားခံခြောက်ဦးအနက် နှစ်ဦး လွတ်မြောက်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်များဖြစ်ပေါ် ပြီးနောက် တပ်မတော်နှင့် နယ် ခြားစောင့်တပ်တို့ ပူးပေါင်း၍ အ ကြမ်းဖက်သမားများ ဖမ်းဆီးရမိ ရေး မေယုတောင်ပေါ်၊ တောင် အောက် ပိတ်ဆို့ရှင်းလင်းလျက်ရှိ ရာ ယခု ထပ်မံ၍ မောင်တောဒေ သလုံခြုံရေးအတွက် အင်အားတိုး မြှင့်ခြင်းဖြစ်သည်။

၂၀၁၆ အောက်တိုဘာတွင် ရဲစခန်းများ အကြမ်းဖက်တိုက် ခိုက်ခံရပြီးနောက် မောင်တော ဒေသတွင် တပ်မတော်က နယ် မြေရှင်းလင်းစစ်ဆင်ရေးများကို ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းလုပ် ဆောင်ခဲ့သည်။

ယင်းဒေသရှိ ကျေးရွာများ တွင် တပ်မတော်က နယ်မြေရှင်း လင်းရေး ဆောင်ရွက်နေမှု အစီအစဉ်များကို ၂၀၁၇ ဖေဖော်ဝါရီက စတင်ရပ်ဆိုင်းခဲ့ပြီး နယ်ခြားစောင့်တပ်နှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ ညှိနှိုင်း၍ နယ်မြေတည်ငြိမ်ရေးထိန်းသိမ်းဆောင်ရွက်နေချိန်၌ မြို တိုင်းရင်းသားများ အသတ်ခံရ သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

More in News Section

Top News