တစ်နှစ်တာအကောင်းဆုံး ကားဆုပေးပွဲ ပထမဆုံးအကြိမ် ကျင်းပမည်

နိုဗိုတယ်ဟိုတယ်တွင် သြဂုတ် ၁၀ ရက်က တစ်နှစ်တာအကောင်းဆုံးကားဆုပေးပွဲ သတင်းစာရှင်းလင်းနေစဉ် (ဓာတ်ပုံ − နစ်ကီ)

 မြန်မာနိုင်ငံ၏ တစ်နှစ် တာ အကောင်းဆုံး ကားဆုပေးပွဲ ကို ရန်ကုန်တွင် ပထမဆုံးအကြိမ် စက်တင်ဘာအတွင်း ကျင်းပမည် ဖြစ်သည်။

တရားဝင် မော်တော်ယာဉ် တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်း (AADA) နှင့် Drive မဂ္ဂ ဇင်းတို့က ကြီးမှူးပြီး အဆိုပါဆု ပေးပွဲကို နိုင်ငံတကာတွင် ကျင်းပ ပြုလုပ်သည့် ပုံစံအတိုင်း ကျင်းပ မည်ဖြစ်သည်။

 ဆုရွေးချယ်ခြင်းကို ကားသတင်းများကို အထူးပြုရေးသားနေသူ ဂျာနယ်လစ်နှင့် အယ်ဒီတာများက ရွေးချယ်မည့်အပြင် သက်ဆိုင်ရာ  ကဏ္ဍအလိုက်  ဂျာနယ်လစ်နှင့် အယ်ဒီတာများက ရွေးချယ်ခြင်းများ ပြုလုပ်မည့်အပြင် သက်ဆိုင်ရာ  ကဏ္ဍအလိုက်ဆု ၁၀  ဆုကို ချီးမြှင့်မည်ဖြစ်သည်။

ဆုပေးပွဲကို ရန်ကုန်မြို့နိုဗို တယ်ဟိုတယ်၌ စက်တင်ဘာ ၉ ရက်တွင် ကျင်းပမည်ဖြစ်ကာ ပြည် တွင်း ဒိုင်လူကြီးသုံးဦးနှင့် ပြည်ပ ဒိုင်လူကြီးသုံးဦးတို့က ရွေးချယ် မည်ဖြစ်သည်။

‘‘မြန်မာပြည်အနေနဲ့ ပထမ ဆုံးပွဲလည်းဖြစ်တာကြောင့် သေ ချာ စနစ်တကျနဲ့ မျှမျှတတရွေး ချယ်မှုတွေ လုပ်ပြီး တစ်နှစ်တာ အကောင်းဆုံးကားတွေကို ရွေး ချယ်သွားမှာပါ။ ကားတစ်စီးချင်းစီကိုသေချာစစ်ဆေးပြီး အားသာ ချက်၊အားနည်းချက်တွေကို ကြည့် ပြီးဆုတွေကို ရွေးချယ်သွားဖို့ရှိပါ တယ်’’ ဟု Drive Magazine မှ အယ်ဒီတာချုပ် ကိုတေဇကပြော ကြားသည်။

ပေးအပ်မည့်  ၁၀ ဆုထဲမှ ဆုတစ်ဆုကို လူထု၏မဲဆန္ဒစနစ် ဖြင့် ရွေးချယ်ပေးအပ်မည်ဖြစ် ကာ အွန်လိုင်းက မဲကိုရယူမည် ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ တစ်နှစ်တာ အကောင်းဆုံးမော် တော်ကားဆုပေးပွဲသို့ဝင်ရောက် မည့် ပြည်တွင်း Brand New ကား အရောင်းပြခန်း ၁၇ ခုက စာရင်းပေးထားသည်။ ကားအစီး အရေကိုမူ စာရင်းပြုစုနေဆဲ ဖြစ်၍ ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

လက်ရှိရန်ကုန်တွင် Brand Newကား အရောင်းပြခန်း ၂၁ ခုရှိသဖြင့် ပြိုင်ပွဲမစတင်မီအ တွင်း ကုမ္ပဏီများ ထပ်မံဝင်ရောက်ယှဉ်ပြိုင်မှုများ ရှိနေကြောင်း ပြိုင်ပွဲစီစဉ်နေသူများက ဆိုသည်။

ပြိုင်ပွဲဝင်ကားများ အနေဖြင့် Brand New ဘယ်မောင်းနှင့် လုံး ဝမောင်းနှင်ရခြင်း မရှိသေးသည့် သုည ကီလိုဖြစ်ရန် လိုအပ်ပြီး Model Year ကိုကန့်သတ်ထား ခြင်းမရှိပေ။

Top News