ဆားတောင်တွင် တမလန်းသစ်တရားမ၀င် သယ်ဆောင်လာသည့် ကုန်တင်ယာဉ် တစ်စီး ဖမ်းမိ

ဆားတောင်မြို့ ရွှေဘို- မန္တလေးကားလမ်းပေါ်တွင် ကန် တာကုန်တင်ယာဉ်တစ်စီးအား ရဲ တပ်ဖွဲ့က စစ်ဆေးခဲ့ရာ တရား မ၀င်တမလန်းသစ်များ ဖမ်းဆီး ရမိခဲ့ကြောင်း စစ်ကိုင်းခရိုင်မှုခင်း နှိမ်နင်းရေးအဖွဲ့မှ ရဲအုပ်အောင် စိုးမင်းက ပြောသည်။

ဩဂုတ် ၁၀ ရက် နံနက် ၂ နာရီခွဲခန့်တွင် ရွှေဘိုမြို့မှမန္တလေး မြို့သို့မောင်းနှင်လာသော ကန် တာအဖြူရောင်ယာဉ် တစ်စီးကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာမှတရား မ၀င်တမလန်းသစ် ၈၀ တုံးခန့် အလေးချိန် ၃ ဒသမ ၀,၂၅၂ တန် သိမ်းဆည်းရမိခဲ့ကြောင်း ရဲအုပ် အောင်စိုးမင်းက ဆိုသည်။

‘‘တန့်ဆည်၊ ရေဦး၊ ရွှေဘို လမ်းကနေ မန္တလေးဘက်ကို ကန် တာယာဉ်နဲ့ အသွားဆားတောင် မှာ ဖမ်းမိခဲ့တာပါ။ တရားခံနှစ်ဦး ဖြစ်တဲ့ ယာဉ်မောင်းနဲ့ ယာဉ် နောက်လိုက်က တန့်ဆည်မှာနေ တဲ့သူတွေပါ။ ရဲစခန်းမှာ အမှုဖွင့် စစ်ဆေးနေပါတယ်’’ ဟု ရဲအုပ် အောင်စိုးမင်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်​ ၍ တရားမ၀င်သစ်သယ်ဆောင် သူအမျိုးသားနှစ်ဦးကို ဆား တောင်မြို့နယ်မြေ ရဲစခန်းက ၁၉၄၇ ပြည်သူပိုင်ပစ္စည်းကာ ကွယ်စောင့်ရှောက်ရေးအက်ဥပ ဒေပုဒ်မ ၆(၁)အရ အမှုဖွင့်စစ် ဆေးနေသည်။

 စစ်ကိုင်းတိုင်းဒေသကြီး တွင် ဇူလိုင်အတွင်း တရားမ၀င် သစ်မျိုးစုံ ၅၅၅ ဒသမ ၀,၂၃၃ တန်နှင့်အတူ သက်သေခံ မော်တော်ယာဉ် ၅၉ စီး၊ ရေယာဉ် နှစ်စီး၊ သုံးဘီးယာဉ်သုံးစီး၊ ဆိုင် ကယ် ၁၅ စီးတို့ကို ဖမ်းဆီးရမိခဲ့ပြီး တရားမ၀င်သစ် သယ်ဆောင် သော တရားခံ ၅၉ ဦးကို ဥပဒေ နှင့်အညီအရေးယူဆောင်ရွက်နိုင် ခဲ့ကြောင်း တိုင်းဒေသကြီးသစ် တောဦးစီးဌာနမှတ်တမ်းများအရ သိရသည်။