အားလပ်ရက်မှာ ဖတ်စရာ

လူငယ်တစ်ယောက်ရဲ့ ရုပ်ပုံလွှာ (သို့မဟုတ်) ခေတ်ပေါ်အရေး အသားတချို့
ဓာတ်ပုံ− နစ်ကီ

ဒီတစ်ပတ်အားလပ်ရက်မှာ ဖတ်စရာအဖြစ် ခေတ်ပေါ်ကဗျာ ဆရာမောင်ယုပိုင် ရေးသားတဲ့ စကားပြေစာအုပ်ကို ရည်ညွှန်း လိုက်ပါတယ်။

မဂ္ဂဇင်းစာမျက်နှာတွေအ ပေါ် ဖြတ်သန်းနေသူ၊ မြိတ်မြို့ သားမောင်ယုပိုင်က စကားပြေ တချို့ ရေးသားထုတ်ဝေလာပါ တယ်။ ဒိုင်ယာရီ အက်ဆေး စကားပြေ အတိုဆုံးဝတ္ထုရယ်လို့ စိတ်ကူးရေးသားထားတဲ့ ယခုစာ အုပ်ဟာ လူငယ်တစ်ယောက်ရဲ့ ရုပ်ပုံလွှာ ဒါမှမဟုတ် ခေတ်ပေါ် စကားပြေရေးသားချက်တချို့လို့ ဆိုနိုင်ပါတယ်။ သမားရိုးကျ အရေးအဖွဲ့တွေကနေ ဖယ်ခွာပြီး လူငယ်လေးတစ်ယောက်နေ့စဉ် ဒိုင်ယာရီမှတ်တမ်းတစ်ခုရေးသ လို လွတ်လွတ်လပ်လပ်ကြီးရေး ထားတာကြောင့် ဖတ်ရတာတစ် မျိုးတစ်ဖုံဆန်းသစ်နေမှာ မလွဲပါ ဘူး။

ဒါကြောင့် ဒီတစ်ပတ်အား လပ်ရက်မှာ ဒီစာအုပ်လေးကိုတ ခုတ်တရညွှန်းဖြစ်တာပါ။

တနင်္သာရီတိုင်း ကျွန်းမြို့ လေးတစ်မြို့မှာ နေထိုင်ကြီးပြင်း ခဲ့တဲ့ လူငယ်တစ်ယောက်ရဲ့ ဖြတ် သန်းမှုအတ္ထုပ္ပတ္တိကို ယခုစာအုပ် မှာ အသေးစိတ်ရေးထားရာမှာ ယခုလို ဖော်ပြထားပါတယ်။

‘‘လီးဖြစ်လား ...ဟေ့ကောင်၊ မင်း ဘာဖြစ်ချင်တာလဲ။ ၀က်ခြံ တွေပေါက်၊ နှုတ်ခမ်းမွေးတွေ ထွက်၊ ပုဆိုးချက်ပြုတ်ဝတ်ကြတဲ့ အရွယ်ရောက်လာကြတော့ ငါ့ သူငယ်ချင်းတွေထဲက တချို့ လူ မိုက်တွေဖြစ်ကုန်တယ်။ တစ်ည သား ကမ်းနားလမ်းမှာ ငါစက်ဘီး စီးလာတုန်း သစ်ပင်အောက်က အမှောင်ရိပ်ထဲ လူတစ်စုထွက် လာ၊ ရှေ့ကကာဆီးပြီး တစ် ယောက်က ငါ့မျက်နှာကိုလက်သီး နဲ့ဖြတ်ထိုးသွားတယ်။ ကျောင်း မှာ ကျောင်းသားတစ်ရာမှာ ကိုး ဆယ်လောက်က ကြွေနေတဲ့စော် တစ်ပွေရှိတယ်။ ငါနဲ့အဲဒီကျောင်း သူနဲ့က အလွန်ခင်မင်ကြတယ်။ အခုငါ့ကိုဗျင်းတာ အဲဒီကောင် တွေထဲက တစ်ယောက်ဖြစ်လိမ့် မယ်’’ လို့ဖတ်ရပါမယ်။ ဒီလိုပဲ ခေတ်လူငယ်တွေရဲ့ နေထိုင်မှုပုံစံ တချို့ကို ‘‘ဘာပဲဖြစ်ဖြစ် လူငယ် ဆိုတာ အိပ်မက်တွေအများကြီးရှိ တယ်။ ငါတို့ကောင်တွေ စပီကင် တွေ တက်တယ်။ ကွန်ပျူတာသင် တန်းတွေ တက်တယ်။ ဂစ်တာ တီးသင်တန်းတွေတက်တယ်။ အ ၀တ်အစားတွေ အပြိုင်အဆိုင်နဲ့ ပေါ့။ ဆိုင်ကယ်တွေ တ၀ီဝီနဲ့ပေါ့။ ကဗျာစာအုပ်ထုတ်တဲ့ကောင်က ထုတ်ကြတယ်။ ချစ်သူများနေ့မှာ ဝေလို့ရအောင်ပေါ့။ တချို့ကောင် တွေ စစ်အစိုးရနဲ့အပေါင်းအပါ တွေ မကောင်းကြောင်းပြောပုံ ဟာ ဖောင်းထုနေတာလား၊ အား ကျနေတာလား မကွဲပြားဘူး။ စစ် ဗိုလ်နဲ့ဘောစိတွေနောက်ပါသွား တဲ့ စော်တွေကို ဆဲရင်းငါတို့ ကောင်တွေ သုံးရက်အတွင်းကြီး ပွားမယ့် နည်းလမ်းတွေရှာကြ တယ်။ ဖော်ရက်ဂန့် ရုပ်ရှင်အ ကြောင်းကို ငါနဲ့ငါ့သူငယ်ချင်း ဗြူတီစလွန်းအသစ်စက်စက်ကြီး မှာ မျက်နှာပေါင်းတင်ရင်း ပြော ကြတယ်’’ လို့ရေးထားပါတယ်။

စာရေးသူကိုယ်တိုင်ယခုစာ အုပ်နဲ့ပတ်သက်လို့ ‘‘စစ်အာဏာ ရှင်စနစ် ဘုန်းမီးနေလတောက်ပ ဆုံးအချိန်တွေမှာ ကျောင်းသား ဖြစ်ခဲ့ရတဲ့ဘ၀၊ မြန်မာပြည် တောင်ဘက်ကျွန်းတစ်ကျွန်းပေါ် က မြို့တစ်မြို့ရဲ့ သီးခြားဆန်တဲ့ ယဉ်ကျေးမှုနဲ့ဘ၀ပုံစံတွေ၊ ၈၀-၉၀ ခုနှစ်များက ပွဲလမ်းသဘင် တွေ၊ ကွန်ပျူတာတွေ၊ ဖုန်းတွေ၊ အင်တာနက်တွေ မရောက်လာ ခင်က လူတွေရဲ့နေပုံထိုင်ပုံအ ကြောင်း၊ လူလတ်တန်းစား မိသားစုထဲက ကလေးတစ် ယောက်ရဲ့ဖြတ်သန်းမှု၊ ငိုရတာ တွေ၊ ရယ်ရတာတွေ၊ ကြောက်ရ တာတွေ၊ ပျော်ရတာတွေနဲ့ ကြီး ပြင်းခြင်း ဘ၀ရဲ့ထုံးစံတွေ၊ ပြီး တော့ လူတွေပိုလို့ချစ်ကြ၊ ပိုလို့ အရိုင်းဆန်ယဉ်ကျေး၊ သဘာဝနဲ့ ပိုလို့နီးစပ်ခဲ့ကြတဲ့ ကာလဒေသ တစ်ခုအကြောင်းတွေ...’’ လို့ရေး ထားပါတယ်။ ယခုစာအုပ်ကို Black Swan Publishing House က တန်ဖိုး ၂,၈၀၀ ကျပ်နဲ့ထုတ် ဝေပြီး အိမ်တိုင်ရာရောက် ဖတ်လို သူတွေ ဖုန်း ၀၉-၂၅၀၀၉၁၉၁၃ နဲ့ facebook/Wedistribution ကို ဆက်သွယ်မှာယူနိုင်ပါတယ်။

Top News