ဒီတစ်ပတ်ကြည့်ရမယ့် ဟောလိဝုဒ်ရုပ်ရှင်

VALERIAN AND THE CITY OF A THOUSAND PLANETS

-  ဒီတစ်ပတ် ပရိသတ်တွေကြည့်ဖို့ ညွှန်းပေးမှာကတော့ ပြင်သစ်စိတ်ကူးယဉ်သိပ္ပံ အက်ရှင်ဇာတ်ကား Valerian and the City of a Thousand Planets ပါ။ ပြင်သစ်သိပ္ပံကာတွန်းစီးရီး Valerian and Laureline ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒါရိုက်တာ လက်ခ်ဘက်ဆန်ရဲ့ လက်ရာဖြစ်ပါတယ်။

၂၈ ရာစုကာလ မြင်ကွင်းနဲ့အတူ အယ်လ်ဖာဆိုတဲ့ အာကာသစခန်းမှာ ဂြိုဟ်အသီးသီးက သန်းပေါင်းများစွာသော သတ္တဝါတွေ လာရောက်ပြီး အတွေ့အကြုံတွေ၊ယဉ်ကျေးမှုတွေကို ဖလှယ်ကြတဲ့နေရာဖြစ်ပါတယ်။ ဗလီရီရန်နဲ့ လော်ရီလင်းတို့ဟာ ကမ္ဘာဂြိုဟ်ရဲ့တပ်ဖွဲ့က အထူးအေးဂျင့်တွေပါ။ ဗလီရီရန်က သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်လော် ရီလင်းကို လက်ထပ်ခွင့်တောင်းထားပေမယ့် မိန်းကလေးတွေနဲ့ အမြဲရှုပ်နေတာကြောင့် လက်မခံခဲ့ပါဘူး။ တစ်ရက်မှာတော့ သတ္တဝါတွေ အေးအေးချမ်းချမ်းရှိနေတဲ့ အယ်လ်ဖာစခန်းမှာ အမျိုးအမည် မသိတဲ့ စွမ်းအားတစ်ခုရဲ့ ကျူးကျော်ဖျက်ဆီးခြင်းခံရပြီး စေလွှတ်လိုက်တဲ့ စစ်တပ်လည်း ပြန်ရောက်မလာတာကြောင့် အထူး အေးဂျင့်တွေဖြစ်တဲ့ ဗလီရီရန်နဲ့ လော်ရီလင်းကို စေလွှတ်ခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ လူနဲ့ တူတဲ့အရာရဲ့ အလစ်အငိုက် တိုက်ခိုက်ခြင်းခံခဲ့ရပြီး အဲဒီအရာ ဟာ အယ်လ်ဖာစခန်းက လူတွေ ကို မသန်စွမ်းဖြစ်အောင် လုပ်ခဲ့ သလို ဗလီရီရန်ကိုလည်း ဖမ်းဆီး ခဲ့ပါတယ်။ ဗလီရီရန် ထွက်ပြေး လွတ်မြောက်ခဲ့ပေမယ့် သူ့ရဲ့ ယာဉ် ပျက်စီးသွားတဲ့အတွက် လော်ရီလင်းနဲ့လည်း အဆက် အသွယ်ပြတ်တောက်ခဲ့ပါတော့ တယ်။

သတိလစ် မေ့မြောနေတဲ့ ဗလီရီရန်ကို လော်ရီလင်းရှာတွေ့ ခဲ့ပြီးနောက် အယ်လ်ဖာကို ဒုက္ခ ပေးတဲ့အဖွဲ့နောက်  နှစ်ယောက် သား ခြေရာခံခဲ့ကြပါတယ်။

အယ်လ်ဖာကို ကျူးကျော် ဖျက်ဆီးသူတွေကို ဗလီရီရန်နဲ့ လော်ရီလင်းက ဘယ်လိုချေမှုန်း မှာလဲ၊ အယ်လ်ဖာရဲ့ အနာဂတ် က ဘယ်လိုပုံစံနဲ့ အဆုံးသတ်ရမှာ လဲဆိုတာ အမိုက်စား အထူးပြု လုပ်ချက်တွေ၊ အက်ရှင်ဇာတ် ကွက်တွေနဲ့အတူ ဆက်ကြည့်ဖို့ ညွှန်းလိုက်ပါတယ်။

ဒီဇာတ်ကားမှာ ဒိန်းဒီဟန်၊ ကာရာဒယ်လီဗင်းန်၊ ကလစ်ဖ်အို ဝင်၊ ရီဟန်းနား၊ အီသန်ဟော့ခ်၊ ဟာဘီဟန်ကွတ်၊ ခရစ္စဝူ စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။             ။

Top News