အခမဲ့ဖျော်ဖြေပွဲတွေရှိတဲ့နေရာ

- ဒီတစ်ပတ်အားလပ်ရက်မှာတော့ လူငယ်တွေအတွက် ၂၀၁၇ ရဲ့ နိုင်ငံတကာလူငယ်များနေ့ အထိမ်းအမှတ်ပွဲကို စတုတ္ထအကြိမ် ကျင်းပမှာဖြစ်ပါတယ်။ သြဂုတ် ၁၂ ရက်မှာ လူငယ်ငြိမ်းချမ်းရေးပွဲတော်နဲ့ လူငယ်အဖွဲ့အစည်းပြပွဲကို ရန်ကုန်ပညာရေးတက္ကသိုလ်ဝင်းအတွင်းက Learning Hub  ခန်းမမှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီပွဲတော်မှာ ‘Youth Building Peace: (ငြိမ်းချမ်းရေး တည်ဆောက်နေသည့် ယနေ့လူငယ်များ) ခေါင်းစဉ်ဖြင့် လူငယ်စာတမ်းဖတ်ပွဲ၊ စကားဝိုင်းဆွေးနွေးပွဲနဲ့ လူငယ်စွမ်းရည်ပြပွဲ (Edutainment) အစီအစဉ်များပြုလုပ်မှာဖြစ်ပါတယ်။

ဒါ့အပြင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် တက္ကသိုလ်တွေကတစ်ဆင့် ပညာရေးအခွင့်အလမ်း၊ အလုပ်အကိုင်တွေကို မျှဝေပေးမယ့် Life in Uni-versity ပွဲကို UMFCCI (မင်းရဲကျော်စွာလမ်း)မှာ သြဂုတ် ၁၃ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်မှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ပရိဘောဂ၊ ကားပစ္စည်းများနဲ့ အိမ်သုံးပစ္စည်းများကို အထူးဈေးနှုန်းတွေနဲ့ ၀ယ်ယူနိုင်မယ့် BaganMart.com နဲ့ စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပတဲ့ Smart Living Expo and ASEAN 50th Anniversary ပွဲကို ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမမှာ သြဂုတ် ၁၁ ရက်ကနေ ၁၃ ရက်အထိ ပြုလုပ်မှာဖြစ်ပါတယ်။

ပန်းချီပြပွဲတွေကို လေ့လာကြည့်ရှုလိုသူများအတွက်တော့ ပန်းချီဆရာမြင့်စံမြင့်ရဲ့ ‘To The Sea’ ပန်းချီပြပွဲကို ယုဇနဥယျာဉ် မြို့တော်မှာရှိတဲ့ Eternal Art Gallery မှာ သြဂုတ် ၂၈ ရက်အထိ ပြသမှာဖြစ်ပါတယ်။            ။

Top News