နှစ်လကျော်ကြာသည့်တိုင် တနိုင်းစစ်ရှောင်များ နေရပ်မပြန်နိုင်သေး

တနိုင်းဒေသ စစ်ဘေးဒုက္ခသည်များကို ဇွန်လပထမပတ်က တွေ့ရစဉ် (ဓာတ်ပုံ − KBC)

တနိုင်းဒေသတွင် တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်မည်ကို စိုးရိမ်၍ တိမ်း ရှောင်လာသော စစ်ဘေးရှောင် ဒေသခံများ နှစ်လကျော်ကြာမြင့် သော်လည်း နေရပ်ပြန်နိုင်ခြင်း မရှိသေးကြောင်း တနိုင်းမြို့ရှိ အရေးပေါ် ခရစ်ယာန်ဂိုဏ်းပေါင်း စုံ ကယ်ဆယ်ရေးကော်မတီဝင် တာ ဝန်ရှိသူများက ပြောသည်။

ဇွန်လက တနိုင်းဒေသတွင် တပ်မတော်နှင့် KIA တို့အကြား စစ်ရေးတင်းမာမှုရှိခဲ့ပြီး ယင်း ဒေသရှိ ရွှေနှင့်ပယင်းမှော်များ၌ နေထိုင်လုပ်ကိုင်နေသူများ အနေဖြင့် ဇွန်လ ၁၅ ရက်နောက် ဆုံးထား၍ မှော်များမှထွက်ခွာရန် တပ်မတော်က အကြောင်းကြား စာ ပေးပို့ခဲ့မှုကြောင့် ဒေသခံအချို့ နှင့် မှော်လုပ်သား တစ်ထောင်ခန့် ဇွန်လ ၆ ရက်ကစ၍ တနိုင်းမြို့ ပေါ်သို့ တိမ်းရှောင်လာသည်။

‘‘တိုက်ပွဲသံကတော့ အခု သိပ်မကြားဘူး။ ဒါပေမဲ့ အိမ်ပြန် နိုင်ဖို့တော့ အလှမ်းဝေးတဲ့ အလားအလာရှိနေတယ်။ အဓိ ကက ဟိုမှာ အဆင်မပြေနိုင်တော့ မှာရယ်၊ တိုက်ပွဲပြန်ဖြစ်မှာ ကြောက်တာရယ်ပေါ့။ ကျွန်တော် တို့ကတော့ ဖြစ်နိုင်ရင် အဆင်ပြေ ပြေနဲ့ အမြန်ဆုံး သူတို့နေရပ်ကို ပြန်နိုင်ဖို့ တောင်းဆိုချင်တာပေါ့’’ ဟု ကော်မတီပြောရေးဆိုခွင့်ရှိသူ ဦးနော်တောင်က သြဂုတ် ၉ ရက် တွင် ပြောသည်။

လက်ရှိတွင် တနိုင်းဒေသ၌ တပ်မတော်နှင့် KIA အကြား ဇွန်လကလောက် စစ်ရေးတင်းမာ မှု မရှိတော့ကြောင်း ဒေသတွင်း လူမှုအဖွဲ့အစည်းများက ခန့်မှန်း ပြောကြားသည်။

တနိုင်းစစ်ရှောင်အရေးနှင့် ပတ်သက်၍ လွှတ်တော်တွင်း ဆွေးနွေးမှုများ ရှိခဲ့သော်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ထူးခြားမှု မရှိသေးပေ။

 စစ်ရှောင် ဒုက္ခသည်များ နေရပ်ပြန်နိုင်မည့် အနေအထား မရှိပါက အစိုးရအနေဖြင့် ဒုက္ခ သည်စခန်းတစ်ခု ဖွင့်လှစ်ဆောင် ရွက်ပေးသင့်ကြောင်း ဦးနော် တောင်က ပြောသည်။ လတ်တ လောတွင် တနိုင်းဒေသအုပ်ချုပ် ရေးပိုင်းမှ စစ်ရှောင်များ၏ အရေ အတွက်နှင့် အမည်စာရင်း လာ ရောက် ကောက်ယူမှုရှိသော် လည်း လုပ်ဆောင်ချက်တစ်စုံ တစ်ရာမရှိကြောင်း ၎င်းကဆို သည်။ အဆိုပါကိစ္စနှင့်ပတ်သက် ၍ တနိုင်းမြို့နယ် အုပ်ချုပ်ရေး မှူးရုံးသို့ ဆက်သွယ်ရာ မရရှိပေ။

‘‘ဖြစ်ပြီးနောက်ရက်နှစ်ရက် လောက်မှာ ကိုယ်စားလှယ်တွေ အနေနဲ့ သွားကြည့်ဖြစ်တယ်။ အဲဒီ အတောအတွင်းမှာတော့ အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ ရော၊ ပါတီအနေနဲ့ရော သွား ရောက် ထောက်ပံ့လှူဒါန်းတာ တွေ ရှိတယ်။ အဲဒီနောက်ပိုင်း တော့ မသွားဖြစ်ကြတော့ဘူး။ အစိုးရအဖွဲ့ကိုတော့ ဆက်ပြီး ကူ ညီပေးဖို့တော့ ပြောထားတယ်’’ဟု တနိုင်းမြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးဇော်ဝင်း က ပြောသည်။

စစ်ရှောင်များအတွက် နိုင်ငံ ရေးပါတီများနှင့် NGOs အဖွဲ့ အစည်းအချို့၏ ဆန်၊ ဆီကူညီ လှူဒါန်းမှုများမှတစ်ဆင့် သက် ဆိုင်ရာဘုရားကျောင်းများ၏ အစီအစဉ်ဖြင့်သာ ကျွေးမွေးနေရ ခြင်းကြောင့် စစ်ဘေးဒုက္ခသည် များ ရေရှည်စားဝတ်နေရေး အခက်အခဲရှိနိုင်ကြောင်း ဦးနော် တောင်က ပြောသည်။ စစ်ရှောင် များအတွက် တစ်ရက်လျှင် ကျပ် တစ်သိန်းကျော်နှင့် ဆန်ရှစ်အိတ် ခန့် သုံးစွဲနေရကြောင်း ခရစ်ယာန် ဂိုဏ်းပေါင်းစုံ ကယ်ဆယ်ရေး ကော်မတီက ထုတ်ပြန်ထားသည်။

ယခင်က တနိုင်းဒေသတွင် ရွှေနှင့်ပယင်းမှော်များ၌ နေထိုင် လုပ်ကိုင်စားသောက်သူများ အပါ အဝင် ဒေသခံတစ်သိန်းထက် မနည်းရှိကြောင်း ဒေသတွင်း လူမှု အဖွဲ့အစည်းများက ဆိုသည်။

Top News