သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်းရှိ ကျူးကျော်အိမ်များကို တရားစွဲဆို

သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်းရှိ ကျူးကျော်နေအိမ်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)

 ပြည်မြို့ရှိ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်းမှ ဖယ်ရှားပေးခြင်းမရှိသော ကျူးကျော်အိမ်များအား တရားစွဲဆိုနေကြောင်း သရေခေတ္တရာပျူမြို့ဟောင်းဌာနစု ဒုတိယညွှန်ကြားရေးမှူး ဦးကျော် မျိုးဝင်းက ပြောသည်။

အဆိုပါ ကျူးကျော်အိမ်များ အား ဖယ်ရှားရန် နည်းဥပဒေများရှင်းပြခြင်း၊ အသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့သော် လည်း ဖယ်ရှားပေးခြင်းမရှိသော အိမ်များ ဆက်လက်ရှိနေ၍ တရားစွဲဆိုခြင်းဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောသည်။

‘‘မတတ်နိုင်တဲ့အခြေအနေ ကျမှသာ တရားစွဲဆိုတာဖြစ် တယ်။ လက်ရှိမှာ တရားရင်ဆိုင် နေရတဲ့အိမ်ခြေ ၁၀ ခုရှိပါတယ်’’ ဟု ၎င်းက ပြောသည်။

 သရေခေတ္တရာ ပျူမြို့ ဟောင်း ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်သည့် ၂၀၁၄ နောက်ပိုင်းမှ စတင်ကာ ဇုန်ဧရိယာအတွင်း နေ အိမ်အဆောက်အအုံ ဆောက် လုပ်ခြင်းကို ကန့်သတ်ခဲ့သည်။

သို့သော် ရှေးဟောင်းဇုန်အ တွင်းပါဝင်သော်လည်း ကျေးရွာ ၏ နယ်နိမိတ်ဧရိယာအတွင်း ရှိ နေသည့် ခြံမြေများတွင် နေအိမ် ဆောက်လုပ်ခွင့်ကို ရှေးဟောင်း ဌာန စည်းကမ်းချက်များနှင့် အညီ ခွင့်ပြုပေးထားကြောင်း၊ ကျေးရွာနယ်နိမိတ်ဧရိယာပြင်ပနှင့် လယ်မြေ၊ ယာမြေများပေါ်တွင် နေအိမ်များ ကျူးကျော်ဆောက် လုပ်နေခြင်းကိုသာ ခွင့်မပြုကြောင်း၊ ရှေးဟောင်းဇုန်အတွင်း ကျူးကျော်နေအိမ် ၁၅၀ ကျော်ရှိကြောင်း ဌာနစာရင်းများက ဖော်ပြသည်။

‘‘ကမ္ဘာ့အမွေအနှစ်စာရင်းမ ၀င်ခင်ကတည်းက ဆောက်လုပ် ထားတဲ့ အိမ်တွေဆိုရင် ရွာအပြင် မှာပဲဖြစ်ဖြစ်၊ လယ်ယာမြေပ်ါမှာပဲ ဖြစ်ဖြစ် မဖယ်ခိုင်းဘူး။ အဲဒီ နောက်ပိုင်း ဆောက်လုပ်တဲ့ အိမ် တွေသာ ဖယ်ခိုင်းတာတွေ့ရ တယ်’’ဟု ရှေးဟောင်းဇုန်အတွင်း ရှိ မှော်ဇာကျေးရွာအုပ်စုမှဒေသခံတစ်ဦးက ပြောသည်။

ကျူးကျော်နေအိမ်များကို ရှေးဟောင်းသုတေသန အက် ဥပဒေ ၂၄ အရ တရားစွဲဆိုခဲ့ရာ သြဂုတ် ၁၁ ရက်အထိ တရားစွဲ ဆိုပြီးသည့်အမှု ၂၂ ခုနှင့် ဆက် လက်တရားစွဲဆိုရန် ကျန်ရှိနေ သည့် အမှုသုံးခုရှိကြောင်း၊ တရား စွဲဆိုခံရသည့် အိမ်ခြံမြေများသည် ရှေးဟောင်းဇုန်အတွင်းရှိ မှော်ဇာ ကျေးရွာအုပ်စုဝန်းကျင်၊ ဘော ဘောကြီးစေတီ ၀န်းကျင်၊ ရွှေ တံခါးရပ်ကွက်ဝန်းကျင် နေရာ များမှ အိမ်များဖြစ်ကြောင်း ပြည် မြို့ အမှတ်(၃) ရဲစခန်းမှ သိရသည်။ ‘‘ကမ္ဘာ့အမွေအနှစ်စာရင်းမ ၀င်ခင်ကတည်းက ကျွန်တော့်အိမ် က တဲအိမ်အဖြစ်ဆောက်ထား တယ်။ နောက်ပိုင်းနေထိုင်လို့မရ တော့လို့ ပြင်ဆင်ခဲ့တယ်။ ဘေး ကပ်ရပ်မှာ ကျွန်တော့်မိဘတွေ နေအိမ်ရှိပေမယ့် မဖယ်ခိုင်းပါ ဘူး။ အခုတရားစွဲခံရတဲ့အိမ်တွေ လည်း ဒီမြေမှာ နေလာတာ ဆယ် စုနှစ်ကျော်ပြီ။ ဒီအိမ်တွေက ခရီး သွားလုပ်ငန်းကို မထိခိုက်သလို ယဉ်ကျေးမှုအမွေအနှစ်တွေကို လည်း မြတ်နိုးတန်ဖိုးထားကြသူ  တွေပါ။ ဇုန်ထဲမှာနေရာအစားပြန်ပေးမယ် ဆိုတာကလည်း ၂၀၁၈ လောက်မှလို့ လွှတ်တော် ကိုယ်စားလှယ်တွေလာတုန်းက ပြောသွားတယ်။ အခုချက်ချင်း တရားစွဲဖယ်ခိုင်းတော့ ဘယ်သွားနေရမလဲ’’ဟု မှော်ဇာကျေးရွာအုပ်စုတွင် နေထိုင်သည့် တရားစွဲဆိုခံရသူ ကိုအောင်မျိုးဝင်းကပြောသည်။

Top News