အီတလီတွင် ဘောင်းဘီတိုဝတ်ဆင်လာသော မြို့တော်ဝန်တစ်ဦးကို စားသောက်ဆိုင်က နှင်ထုတ်

အီတလီ မြောက်ပိုင်းရှိ ပင်လယ်ကမ်းနံဘေး စားသောက် ဆိုင်တစ်ခုတွင် စားပွဲထိုးတစ်ဦးက ဘောင်းဘီတိုဝတ်လာသော ဒေသခံမြို့တော်ဝန်ကို ဆိုင်ထဲမှ မောင်းထုတ်ခဲ့သည်။

ဗီရီဂိုမြို့တော်ဝန် ဂျော်ဂျီ ဒယ်လ်ဂျီဂါရိုက ဘောင်းဘီတို ၀တ်ဆင်လာခြင်းကြောင့် မောင်း ထုတ်ခံရခြင်းနှင့် ပတ်သက်၍ စိတ်ကသိကအောက် ဖြစ်ရ ကြောင်း ၎င်း၏လူမှုမီဒီယာ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသား ဖော်ပြခဲ့သည်။


‘‘ဒါက အလုပ်နဲ့သက်ဆိုင်တဲ့ ညစာစားပွဲလည်း မဟုတ်ပါဘူး။ ကျွန်တော့် မိတ်ဆွေရင်းတွေနဲ့ လာစားတာပါ။ အဲဒီတော့ ပုံမှန်ပဲ ကျွန်တော် လွတ်လွတ်လပ်လပ် ၀တ်ဆင်လာတာပါ’’ဟု ၎င်းက ရေးသားသည်။

Club Nautico စားသောက် ဆိုင်ကလည်း အဆိုပါဖြစ်ရပ်နှင့်  ပတ်သက်၍ ၀မ်းနည်းကြောင်းနှင့် မြို့တော်ဝန်အား ၎င်းတို့ စား သောက်ဆိုင်၏ ဖောက်သည်အ သင်းဝင်အဖြစ် ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ပြောသည်။

မြို့တော်ဝန် ဂျော်ဂျီဒယ်လ် ဂျီဂါရိုသည် မိတ်ဆွေများနှင့်အတူ ထိုစားသောက်ဆိုင်၏ စားပွဲတစ် လုံးတွင် ထိုင်နေစဉ် စားပွဲထိုး တစ်ဦးက အနားရောက်လာပြီး မြို့တော်ဝန်အနေဖြင့် ဘောင်းဘီ ရှည် ၀တ်ဆင်မလာသောကြောင့် ဆိုင်ထဲမှထွက်သွားရန် ပြောခဲ့ သည်။

Club Nautico စားသောက် ဆိုင်၏ ကိုယ်စားလှယ်တစ်ဦးက ၎င်းတို့ စားသောက်ဆိုင်တွင် ည ၇ နာရီနောက်ပိုင်း ဘောင်းဘီရှည် ၀တ်ဆင်၍ လာရောက်သုံးဆောင် ရန် သတ်မှတ်ထားကြောင်း ပြော ကြားသည်။

—Ref: BBC

Top News