ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေ မြင့်တက်လာ၍ လူဦးရေတစ်ထောင်ကျော် ရွှေ့ပြောင်းရ

 ချင်းတွင်းမြစ်ရေ စိုးရိမ် ရေမှတ်အထက်သို့ ပြန်တက်လာ ကာ ဧရာဝတီမြစ်ရေလည်း သုံးရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်လာနိုင်ကြောင်း မိုးဇလက သတိပေးထားပြီးနောက် စစ်ကိုင်း တိုင်းဒေသကြီးမှ လူဦးရေတစ် ထောင်ကျော်ကို ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းထားရသည်။

 ချင်းတွင်းမြစ်ရေသည် သြဂုတ် ၁၁ ရက်ကစတင်ကာ စစ် ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ တွင် စိုးရိမ်ရေမှတ်အထက်သို့ သုံးလက်မခန့်ကျော်လွန်ခဲ့ပြီး ဟုမ္မ လင်းနှင့် ဖောင်းပြင်မြို့တို့၌ စိုးရိမ်ရေမှတ်အနီး ရောက်နေ၍ မိုးဇလဌာနက ရေဘေးသတိပေးချက်ထုတ်ပြန်ထားသည်။


ခန္တီး၊ ဟုမ္မလင်းနှင့် ဖောင်း ပြင်မြို့နယ် မြေနိမ့်ပိုင်းဒေသများ တွင် သြဂုတ် ၉ ရက်ကစတင်ကာ ရေကြီးနစ်မြုပ်မှုဆိုင်နေရပြီး ခန္တီး မြို့၌ ရပ်ကွက်နှစ်ခု၊ ကျေးရွာလေး ခုမှ လူဦးရေတစ်ထောင်ကျော် အတွက် ကယ်ဆယ်ရေးစခန်းဖွင့် လှစ်ထားရကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစ၀ီလီယမ် ဖရန့်က ပြောသည်။

ချင်းတွင်းမြစ်ရေမြင့်တက် လာချိန်တွင် ဧရာဝတီမြစ်ရေ လည်း မြင့်တက်နေကာ ကချင် ပြည်နယ် ရွှေကူမြို့၌ နောက် သုံးရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးဇလ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ စစ်တောင်းမြစ်ရေသည်လည်း ပြန်လည်ကျဆင်းခြင်း မရှိသေးဘဲ ပဲခူးတိုင်းဒေသကြီး၊ မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် တစ်ပေခန့်မြင့်တက်နေဆဲဖြစ်သည်။ လတ်တလော မိုးကောင်းနေသော စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်အပြင် ချင်းနှင့်ရခိုင်ပြည်နယ်တို့ နေရာကွက်၍မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

သြဂုတ်သည် ဒုတိယရေ ကြီးကာလဖြစ်ပြီး ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း များ ဆောင်ရွက်ထားသင့်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးထား သည်။ ဇူလိုင်အတွင်း နေရာ ကွက်၍မိုးကြီးခဲ့ပြီး မြစ်ရေများ မြင့်တက်ခဲ့၍ တိုင်းနှင့်ပြည်နယ် ဆယ်ခုတွင် လူဦးရေ နှစ်သိန်းကျော် ရေဘေးရင်ဆိုင်ခဲ့ရသည်။

More in News Section

Top News