ဆင်သတ်မုဆိုးများဟု သံသယရှိသူ ၁၅ ဦးကို ဖမ်းဆီးစစ်ဆေးနေ

ဆင်သတ်သမားများအသုံးပြုသည့် အဆိပ်လူးထားသော မြားကို ပြသနေစဉ်(ဓာတ်ပုံ−သက်ဆွေ)

 ပုသိမ်ခရိုင်ရှိ သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်တောများတွင် ဆင်များမကြာခဏသတ်ဖြတ်ခံနေရသဖြင့် ဆင်သတ်မုဆိုးဟု သံသယရှိသူ ၁၅ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းမြင့်ထူးက ပြောကြားသည်။

အနောက်ရိုးမတောအတွင်း ပူးပေါင်းစစ်ကြောင်းဖွဲ့၍ ဆင် သတ်မုဆိုးများကို ရှာဖွေဖော် ထုတ်ခဲ့ရာ ဩဂုတ် ၄ ရက်မှ ၁၁ ရက်အတွင်း အဆိုပါသံသယရှိသူ များကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ၎င်း ကပြောသည်။

 ‘‘ဆင်တွေအသတ်ခံရတဲ့ နေရာဒေသ၊ ပတ်ဝန်းကျင်က မသင်္ကာတဲ့တရားခံတွေကို ဖမ်း ဆီးထားပါတယ်။ သူတို့ဆီက ဆင်ပစ်တဲ့နေရာမှာ အသုံးပြုတဲ့ဒူး လေး ၁၈ လက်၊ ဆင်သားရေ၊ အဆိပ်ဘူး၊ မြား၊ တူမီးသေနတ် ပြောင်းနှစ်ခုနှင့် ယမ်းစိမ်းတွေကို သိမ်းဆည်းရမိထားပါတယ်’’ ဟု ဒုတိယရဲမှူးကြီး ၀င်းမြင့်ထူးက ဆက်လက်ပြောကြားသည်။


ဩဂုတ် ၃ ရက်က ငပုတော မြို့နယ် တင်းချောင်းအုပ်စု ရောင်းယင်းကျေးရွာ မြစ်တစ်ရာ သစ်တောကြိုးဝိုင်းအနီး တော ဆင်ရိုင်းနှစ်ကောင်  အဆိပ်လူးမြားဖြင့် အပစ်ခံခဲ့ရသည်။ ပစ်ခတ်မှုကြောင့် ဆင်တစ်ကောင်နေရာတွင်ပင် သေဆုံးခဲ့ပြီး အခြားဆင်တစ်ကောင်လည်း မြားတန်းလန်းဖြင့် သွားလာနေကြောင်း သတင်းရသဖြင့် သစ်တောဌာနနှင့် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေခဲ့သည်။

 ထိုသို့လိုက်လံရှာဖွေရာ ဒဏ်ရာရရှိထားသော ဆင်သေ ဆုံးနေသည်ကိုတွေ့ရှိသည်။ ထို့ နောက်ဆင်မုဆိုးများကို ပူးပေါင်း အဖွဲ့က လိုက်လံရှာဖွေရာ အဆို ပါသံသယရှိသူများကို ဖမ်းဆီးခဲ့ ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများတွင် ဖော်ပြထားသည်။

ထို့အပြင် ငပုတောမြို့နယ် မြစ်တစ်ရာကြိုးဝိုင်းနှင့် ပုသိမ်မြို့ နယ်တို့မှ ဆင်အရိုးအစွယ်စုံခုနစ် ခု၊ ဆင်မြီး ၁၀၀ ချောင်းနှင့် ဆင် အရေခွံအစိုနှစ်ပိဿာခန့် ဖမ်းဆီး ရမိထားသည်ဟု ဩဂုတ် ၁၁ ရက်စွဲဖြင့် သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

 ဆင်ခန္ဓာကိုယ်အစိတ်အ ပိုင်းများအပြင် ဆင်ပစ်ရာတွင် အ သုံးပြုသည့်ဆက်စပ်ပစ္စည်းမျိုးစုံ ၃၁ မျိုးသိမ်းဆည်းရရှိထားပြီး တရားခံဟုယူဆရသူသုံးဦးသည် မြစ်တစ်ရာကြိုးဝိုင်းအတွင်း ထွက် ပြေးတိမ်းရှောင်နေသောကြောင့် ဖမ်းဆီးနိုင်ရန် ပိတ်ဆို့ရှာဖွေဖမ်း ဆီးနေကြောင်း သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

‘‘နဂိုတုန်းက ဆင်သတ်တဲ့ သူတွေက တခြားနေရာဒေသတွေ က လာကြတယ်။ ဒေသခံတွေကို လမ်းပြ၊ ရိက္ခာသယ်စသဖြင့် ခိုင်း တယ်။ နောက်ပိုင်းဒေသခံတွေက ဆင်သတ်တဲ့နည်းတွေနဲ့ ဈေး ကွက်ကိုပါ သိလာကြတယ်။ အဲဒီ တော့ ကိုယ်တိုင်ဆင်သတ်ကြတဲ့ အထိ ဖြစ်လာတယ်။ အဝေးက လာတဲ့သူဆိုဖော်ထုတ်ဖို့လွယ်ပေ မယ့် ဒေသခံအချင်းချင်းကျတော့ ဖုံးဖိထားတော့ ကျူးလွန်သူသ တင်းရဖို့ ခက်ခဲတယ်’’ ဟု ငပု တောမြို့နယ်သစ်တောဦးစီးမှူး ဦးတင်စိုးက ရှင်းပြသည်။

 ပုသိမ်ခရိုင်ရဲတပ်ဖွဲ့ မှတ် တမ်းများအရ ၂၀၁၇ အတွင်း တောရိုင်းတိရစ္ဆာန်နှင့်သဘာဝ အပင်များကာကွယ်ရေးနှင့် သ ဘာဝနယ်မြေများ ထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၃၇ (က)ဖြင့် စွဲဆိုထားသောအမှု ပေါင်း ၁၂ မှုရှိသည်။ အဆိုပါအမှု များကို ပုသိမ်၊ သာပေါင်း၊ ငပုတောမြို့နယ်များတွင် ဖွင့်လှစ် ထားသည်။ ယင်းပုဒ်မသည် ပြစ်မှုထင်ရှားပါက အများဆုံးထောင်ဒဏ်ခုနစ်နှစ်ချမှတ်နိုင်သည်။

Top News