ရှုံးနိမ့်ခဲ့သော်လည်း အင်တာယူ-၁၈ ကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့သည့် မြန်မာယူ-၁၈ အသင်း

မြန်မာယူ-၁၈ နှင့် အင်တာမီလန်ယူ-၁၈ အသင်း ပထမခြေစမ်းပွဲ ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

 မြန်မာယူ-၁၈ နှင့် အင် တာမီလန်ယူ-၁၈ အသင်းတို့ယှဉ် ပြိုင်သည့် ပထမခြေစမ်းပွဲတွင် မြန်မာအသင်းက အကောင်းဆုံး ယှဉ်ပြိုင် ကစားနိုင်ခဲ့သော်လည်း ၄-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ဩဂုတ် ၁၁ ရက်က ရန်ကုန် မြို့သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲပထမပိုင်းတွင် အင်တာ မီလန်ယူ-၁၈ အသင်းက မြန်မာ ယူ-၁၈ အသင်းကို ဖိအားပေး ခဲ့ပြီး ပထမပိုင်း၌ သုံးဂိုးပြတ် သွင်းယူခဲ့သည်။ မြန်မာအသင်း နောက်တန်းကစားသမားများ လူ ကပ်ပုံအားနည်းမှုမှတစ်ဆင့် ပွဲ ချိန် ၁၇ မိနစ်တွင် ကွင်းလယ် တိုက်စစ်မှူးသောမက်စ်က အင်တာယူ-၁၈ အသင်းအတွက် အ ဖွင့်ဂိုးသွင်းယူခဲ့သည်။


ဦးဆောင်ဂိုး ခွင့်ပြုရပြီး နောက်ပိုင်းတွင် မြန်မာအသင်း နောက်တန်းကစားပုံ အနည်းငယ် ဆိုးရွားခဲ့ပြီး ပွဲချိန် ၁၉ မိနစ်နှင့် ၄၂ မိနစ်၌ အင်တာယူ-၁၈ တိုက်စစ်မှူးအန်ဒရေက ဒုတိယ ဂိုးနှင့် တတိယဂိုး သွင်းယူခဲ့သည်။ ပထမပိုင်းတွင် မြန်မာအသင်းက တန်ပြန်တိုက်စစ်ဖြင့်သာ ယှဉ်ပြိုင်နိုင်ခဲ့သော်လည်း ဂိုးသွင်းခွင့်သုံးကြိမ်ခန့်ရရှိခဲ့ပြီး ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပေ။

ဒုတိယပိုင်းတွင် မြန်မာယူ- ၁၈ အသင်းက ကစားသမားအချို့ကို ပြောင်းလဲအသုံးပြုခဲ့ပြီး အင်တာမီလန်အသင်းကို ကစားကွက်အသာဖြင့် ပြန်လည်ဖိအား ပေးနိုင်ခဲ့သည်။ မြန်မာအသင်းက ချေပဂိုးရရှိရန် တရစပ်တိုက်စစ်ဆင်မှုကြောင့် နောက်တန်းတွင် အားနည်းချက်ဖြစ်ပေါ်ခဲ့ပြီး ပွဲချိန် ၅၃ မိနစ်၌ တန်ပြန်တိုက်စစ်မှတစ် ဆင့် အီလီယာက စတုတ္ထဂိုးသွင်း ယူခဲ့သည်။

နောက်ပိုင်းတွင် အင်တာမီ လန်ယူ-၁၈ အသင်းက အဓိက ကစားသမားများကို အနားပေး ကာ အရန်ကစားသမားများဖြင့် ပြောင်းလဲယှဉ်ပြိုင်ခဲ့သည်။ ပွဲချိန် ၆၂ မိနစ်တွင် မြန်မာအသင်းတိုက် စစ်မှူးဝင်းနိုင်ထွန်းကို အင်တာမီ လန်နောက်တန်း ဖျက်ထုတ်ပုံ ကြမ်းခဲ့ခြင်းကြောင့် မြန်မာအ သင်း ပင်နယ်တီရရှိခဲ့သည်။ ပင် နယ်တီကို ပြည့်စုံနိုင်က ကန်သွင်း ကာ မြန်မာအသင်း ပထမချေပဂိုး ရရှိခဲ့သည်။

ပထမချေပဂိုးရရှိပြီးနောက် ပိုင်း မြန်မာအသင်း တိုက်စစ်က စားပုံ ပိုမိုကောင်းမွန်ကာ အင်တာ မီလန်အသင်းကို တရစပ်ဖိအား ပေးနိုင်ခဲ့ပြီး  ပွဲချိန် ၈၆ မိနစ်တွင် မြတ်ကောင်းခန့်က ဂိုးဧရိယာအ စပ်မှ အပြင်းကန်သွင်းကာ ဒုတိ ယချေပဂိုး သွင်းယူခဲ့သည်။ ဒုတိ ယပိုင်း၌ မြန်မာယူ-၁၈ အသင်းက  ပိုမိုဖိအားပေးကာ အခွင့်အရေးများ ရရှိခဲ့သော်လည်း တိုက် စစ်မှူးများ အဆုံးသတ်အားနည်း မှုနှင့် အင်တာယူ-၁၈ အသင်း ဂိုး သမား ကာကွယ်နိုင်မှုကြောင့် ချေ ပဂိုးထပ်မံမရရှိခြင်းဖြစ်သည်။

ယင်းပွဲစဉ်၌ အင်တာယူ-၁၈ အသင်းက ရရှိသည့် ဂိုးသွင်းခွင့် ၁၂ ကြိမ်ခန့်တွင် သွင်းဂိုးလေးဂိုးရရှိခဲ့ပြီး မြန်မာယူ-၁၈အသင်းက ဂိုးသွင်းခွင့် ၁၀ ကြိမ်ခန့် ရရှိခဲ့သော်လည်း သွင်းဂိုးနှစ် ဂိုးသာ ရရှိခဲ့သည်။

အဆိုပါပွဲစဉ်တွင် မြန်မာယူ -၁၈ အသင်း၏ တစ်ဦးချင်းနှင့် အသင်းလိုက်ကစားပုံကို အင်တာ ယူ-၁၈ အသင်း နည်းပြကော်တီ က ချီးကျူးခဲ့ပြီး ဒုတိယပိုင်း၌ ၎င်းတို့အသင်း အမှားများခဲ့၍ ချေ ပဂိုးများ ခွင့်ပြုခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

မြန်မာယူ-၁၈နှင့် အင်တာ ယူ-၁၈ အသင်းတို့၏ ဒုတိယခြေ စမ်းပွဲကို ဩဂုတ် ၁၃ ရက်တွင် သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပ မည်ဖြစ်သည်။

Top News